Celebrity


Written by Ms Cele





Cele Connections

သွန်းဆက်ရဲ့သိတတ် လိမ္မာမှုကြောင့် ပီတိဖြစ်ပြီး ရင်ထဲမှာတောင် ငိုချင်ခဲ့တယ် ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ်

နိုင်ငံကျော် ဇာတ်ပို့ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကို ပရိသတ်ကြီး အားလုံး ရုပ်ရှင် ဇာတ်ကားတွေနဲ့ ဗီဒီယို ဇာတ်ကား တွေမှာ ရင်းနှီးပြီးသားဖြစ်ကြမှာပါ။ နှိုင်းယှဉ်မြင့်မိုရ် ကတော့ စိတ်ရင်းကောင်းပြီး ရင်ထဲမှာ ဟန်ဆောင်မှု မရှိတတ်တဲ့ ပုံစံလေးကြောင့် ပရိသတ်တွေက ပိုလို့ချစ်နေရတယ် ဆိုလည်း မမှားပါဘူး။ ဒီကနေ့မှာတော့ နှိုင်းယှဉ်မြင့်မိုရ်က သူမနဲ့ ညီမလေးအရင်းချစ်ရတဲ့ သရုပ်ဆောင် သွန်းဆက်ရဲ့ သိတတ်ပုံ အကြောင်းကို ပြောပြလာပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်က “အဂွန်း က အိမ်လာကန်တော့မယ်ဆိုတာကို အားနာပီး ရှောင်ရှောင်နေခဲ့တာ😁😁ဒီနေ့သမီးလာပီဆိုတော့ မလာနဲ့ မကြီးပဲ လာခဲ့ပါ့မယ်ဆိုပြီး သွားတော့ မကြီးတို့လင်မယားကိုကန်တော့တော့ ရင်ထဲငိုချင်လာမိတယ်😭 အဂွန်းကန်တော့တဲ့ပိုက်ဆံကို အဂွနိးနံမည်နဲ့ပဲ ပြန်လှုပေးမယ်နော်…ငါ့ညီမလေးဘဝတသက်တာလုံး လိုတိုင်းတရပါစေ…မကြီး 6ထပ်တိုက်ကို အဂွန်းက ဟိုးကတည်းက အမြဲ တက်လာခဲ့တာ အားနာတယ်။ ခုလည်းတက် လာရမှာစိုးလို့ပါ အဂွန်းရယ်…” ဆိုပြီး သွန်းဆက် အကြောင်းကို ပြောပြလာခဲ့ပါတယ်။

သွန်းဆက် ကတော့ နှိုင်းယှဉ်မြင့်မိုရ်နဲ့အတူတူ အနုပညာ လှုပ်ရှားမှုတွေ အတူတူလုပ်ကိုင်ခဲ့သလို အပြင်မှာလည်း ညီအစ်မ လိုချစ်ကြတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ချစ်စရာကောင်း တဲ့ သွန်းဆက်တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Cele Connections

About the author

Ms Cele

Leave a Comment