Celebrity

သၾကၤန္တြင္းအဆင္ေျပေစရန္ ရည္ရြယ္ၿပီး လွိုင္သာယာကျပည္သူေတြအတြက္ စားနပ္ရိကၡာမ်ား ကိုယ္တိုင္သြားေရာက္လႉဒါန္းခဲ့တဲ့ ေဝဠဳေက်ာ္

Written by Ms Cele

သၾကၤန္တြင္းအဆင္ေျပေစရန္ ရည္ရြယ္ၿပီး လွိုင္သာယာကျပည္သူေတြအတြက္ စားနပ္ရိကၡာမ်ား ကိုယ္တိုင္သြားေရာက္လႉဒါန္းခဲ့တဲ့ ေဝဠဳေက်ာ္

ပရဟိတ အလုပ္ေတြကို အားႀကိဳးမာန္တတ္ လုပ္ေဆာင္ေနတဲ့ ေဝဠဳေက်ာ္ ကေတာ့ ပရိသတ္ေတြေလးစားခ်စ္ခင္ေနရသူ တစ္ေယာက္ပါ။ အခုလိုေတာ္လွန္ေရး ကာလမွာလည္း ျပည္သူနဲ႔အတူ ရပ္တည္ကာ လိုအပ္တဲ့ ေနရာေတြမွာ ကိုယ္တိုင္သြားေရာက္ၿပီး လႉဒါန္းမႈေတြ ကိုလည္း ျပဳလုပ္ေပးေနတာ ေတြ႕ရပါတယ္။

ေန႔စဥ္ ရက္ဆက္ မေမာနိုင္ မပန္းနိုင္ေအာင္ စားဝတ္ေနေရး အခက္အခဲ ျဖစ္ေနတဲ့ ေနရာေတြကို အခက္အခဲေတြ ၾကားကေန သြားေရာက္ကာ အစားအေသာက္မ်ားကို လႉဒါန္းေပးေနတာလည္း ျဖစ္ပါတယ္။ ကိုယ္က်ိဳးမၾကည့္ဘဲ လုပ္ေဆာင္ေနသူ တစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြ ကေတာ့ ေလးစားအားက်ေနၾကတာပါ။

အခုလည္း သၾကၤန္တြင္း အဆင္ေျပေစရန္ ရည္ရြယ္ၿပီး လွိုင္သာယာကျပည္သူေတြ အတြက္ စားနပ္ရိကၡာမ်ား ကိုယ္တိုင္သြား ေရာက္လႉဒါန္းခဲ့ျပန္ပါတယ္။ အလႉပုံေလးေတြနဲ႔ အတူ ” ဒီေန႔ လွိုင္သာယာ မနက္ျဖနိ ေမွာ္ဘီပါ။ သၾက္န္မွာ စားေသာက္ေရး ခက္ခဲမႈမရွိေစဖို႔ ဒီရက္ပိုင္း အလႉေန႔တိုင္း ထြက္လႉေပးပါတယ္။ တစ္အိမ္လုံး တစ္ဖြဲ႕လုံး လႉၿပီး ျပန္ေရာက္တာနဲ႔ ေနာက္ေန႔အတြက္ ဝိုင္းဝန္း ထုပ္ပိုးရပါတယ္။ ျမန္မာျပည္မွာ ဘယ္ေလာက္ပဲ အေျခအေနေတြ ခက္ခဲေနပါေစ။ႏြမ္းပါးျပည္သူေတြ ဘယ္ေတာ့မွ ထမင္းမငတ္ခဲ့ရပါဖူး။ ဒါက.လည္း ခ်စ္စရာ ေလးစားစရာ ေကာင္းတယ့္ အလႉရွင္ေတြရဲ့ သဒၶါတရားေၾကာင့္ပါပဲ။”ဆိုတဲ့စာေလးကို ေဖာ္ျပထားရာ ပရိသတ္ႀကီးလည္း သာဓုေခၚနိုင္ေစရန္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Wai Lu Kyaw

သင်္ကြန်တွင်းအဆင်ပြေစေရန် ရည်ရွယ်ပြီး လှိုင်သာယာကပြည်သူတွေအတွက် စားနပ်ရိက္ခာများ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ ဝေဠုကျော်

ပရဟိတ အလုပ်တွေကို အားကြိုးမာန်တတ် လုပ်ဆောင်နေတဲ့ ဝေဠုကျော် ကတော့ ပရိသတ်တွေလေးစားချစ်ခင်နေရသူ တစ်ယောက်ပါ။ အခုလိုတော်လှန်ရေး ကာလမှာလည်း ပြည်သူနဲ့အတူ ရပ်တည်ကာ လိုအပ်တဲ့ နေရာတွေမှာ ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းမှုတွေ ကိုလည်း ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။

နေ့စဉ် ရက်ဆက် မမောနိုင် မပန်းနိုင်အောင် စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ နေရာတွေကို အခက်အခဲတွေ ကြားကနေ သွားရောက်ကာ အစားအသောက်များကို လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။ ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေ ကတော့ လေးစားအားကျနေကြတာပါ။

အခုလည်း သင်္ကြန်တွင်း အဆင်ပြေစေရန် ရည်ရွယ်ပြီး လှိုင်သာယာကပြည်သူတွေ အတွက် စားနပ်ရိက္ခာများ ကိုယ်တိုင်သွား ရောက်လှူဒါန်းခဲ့ပြန်ပါတယ်။ အလှူပုံလေးတွေနဲ့ အတူ ” ဒီနေ့ လှိုင်သာယာ မနက်ဖြနိ မှော်ဘီပါ။ သကြ်န်မှာ စားသောက်ရေး ခက်ခဲမှုမရှိစေဖို့ ဒီရက်ပိုင်း အလှူနေ့တိုင်း ထွက်လှူပေးပါတယ်။ တစ်အိမ်လုံး တစ်ဖွဲ့လုံး လှူပြီး ပြန်ရောက်တာနဲ့ နောက်နေ့အတွက် ဝိုင်းဝန်း ထုပ်ပိုးရပါတယ်။ မြန်မာပြည်မှာ ဘယ်လောက်ပဲ အခြေအနေတွေ ခက်ခဲနေပါစေ။နွမ်းပါးပြည်သူတွေ ဘယ်တော့မှ ထမင်းမငတ်ခဲ့ရပါဖူး။ ဒါက.လည်း ချစ်စရာ လေးစားစရာ ကောင်းတယ့် အလှူရှင်တွေရဲ့ သဒ္ဓါတရားကြောင့်ပါပဲ။”ဆိုတဲ့စာလေးကို ဖော်ပြထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Wai Lu Kyaw

About the author

Ms Cele

Leave a Comment