Celebrity


Written by Ms Cele


ပရိတ်သတ်ကြီးရေ… အနုပညာလောကမှာ တေးသီချင်းများစွာကို သီဆိုထားတဲ့ အဆိုတော်မိုးမိုး ဟာဆိုရင် အခုလက်ရှိမှာ မော်ဒယ်မြတ်ပီတိမိုးဆိုတဲ့ အမျိုးသမီးနဲ့ လက်ထပ်ထားပြီး ကလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်နော်..။



Credit:CELELUCKY

သင်္ကြန်တွင်း အိမ်ထဲမှာ လွတ်လပ်စွာ ရေကစားတာကို အပြစ်ပြောနေတဲ့ ပရိသတ်တစ်ဦးကို ရိုင်းစိုင်းစွာ ပြန်လည်ပြောဆိုနေတဲ့ မိုးမိုးတို့ လင်မယားရဲ့ဗီဒီယိုဖိုင်

ပရိတ်သတ်ကြီးရေ… အနုပညာလောကမှာ တေးသီချင်းများစွာကို သီဆိုထားတဲ့ အဆိုတော်မိုးမိုး ဟာဆိုရင် အခုလက်ရှိမှာ မော်ဒယ်မြတ်ပီတိမိုးဆိုတဲ့ အမျိုးသမီးနဲ့ လက်ထပ်ထားပြီး ကလေးနှစ်ယောက်ကို ပိုင်ဆိ်ုင်ထားတာပဲဖြစ်ပါတယ်နော်..။

မိုးမိုးဟာ စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ သင်္ကြန်ပွဲတော်မှာ ယုန်လေးတို့နဲ့အတူ တက်ရောက်ခဲ့တာပါနော်။ ဒါ့အပြင် လတ်တလော အွန်လိုင်းပေါ်မှာလည်း ကိုဗစ်ကာလသင်္ကြန်တွင်းမှာ Live လွှင့်နေရင်း ပရိသတ်တွေကို မချေမငံပြန်ပြောနေတဲ့ ဗီဒီယိုဖိုင်လည်း အတော်ကို ပြန့်နှံ့နေတာပါနော်။

ကိုရီးယားတွင် နေထိုင်တဲ့ ဆရာမ ချမ်းမြမြသော်ပလည်း ” အဆိုတော် မိုးမိုးဆိုတဲ့ ဝက်ကလည်း ကိုက်လိုက်တာ တငမ်းငမ်းနဲ့ မြင်လို့တောင် မကောင်းဘူး။ သူတို့ ပြောလို့သာ ပြောရတာ အဆိုတော်လို့။ အနူတောထဲ လူချော လုပ်တဲ့ အဆင့်လောက်နဲ့ သီချင်းလေး တစ်ပုဒ်နှစ်ပုဒ် ကောက်ဆိုပြီး ကိုယ့်ကိုကိုယ် အဆိုတော် အနုပညာသည် လုပ်နေတဲ့ ဟာတွေ။ အသံက လမ်းထဲက ပဲပြုတ်သည် မထားထက် ပြဲသေးတယ်။ အဆင့်မှီ အတန်းမှီနဲ့ ဆိုနိုင်တဲ့နိုင်ငံကျော်ဆိုရင် liveထဲကနေ ထွက်လာပြီး အုပ်စုလိုက် ကိုက်မလား မသိဘူး။ ဝေါ့ကဲ မပြောမိအောင် အခုတလော ကြိုးစား လစ်လျူရှုနေတာကို ပြောမိပြန်ပါပြီ…. ” ဆိုပြီး ပြည်သူ့ချဉ်ဖတ် မိုးမိုးရဲ့ပုံစံကို ထင်သာအောင် ပြောပြလိုက်ပြန်ပါပြီနော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment