Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Hein Wai Yan

သင်္ကြန်အကြတ်နေ့မှာ သံဃာတော်များအား နေ့ဆွမ်းကပ်လှူပြီး ကုသိုလ်ယူခဲ့တဲ့ ဟိန်းဝေယံ

ဟိန်းဝေယံ ကတော့ ဇာတ်ကားတွေတော်တော် များများရိုက်ကူး ထားပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေး ချစ်ခင်ခြင်းတွေကိုပါ အခိုင်အမာ ရရှိထားကာ အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင် တစ်ယောက်အဖြစ် ဒီနေ့ထိ ရပ်တည်နေသူပါ။

လက်ရှိ အခြေအနေတွေမှာလည်း ဟိန်းဝေယံက ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လူထု လှုပ်ရှားမှုတွေ ပြုလုပ်သလို လမ်းပေါ်ထွက်နေတဲ့ သူရဲကောင်းတွေနဲ့ ကျဆုံးသွားတဲ့ သူရဲကောင်းပြည်သူတွေ အတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။

ခုလိုသြင်္ကန်ရက် မှာလည်း အကြိုနေ့ထဲက မိသားစုနဲ့အတူ ကုသိုလ် ကောင်းမှုများစွာ ပြုလုပ်လျက် ရှိတာလည်း ဖြစ်ပါတယ်။ ဒီနေ့ သြင်္ကန် အကြတ်နေ့မှာလည်း သံဃာတော်များကို ဆွမ်းဆက်ကပ်ကာ ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ အလှူပုံလေးတွေနဲ့ အတူ” သြင်္ကန်အကြတ်နေ့ နေ့ဆွမ်းအလှူ (၇)ရက်သားသမီးများနှင့်အတူ ကျွန်တော်တို့ မိသားစုလည်း ကုသိုလ်ပါဝင်လှူဒါန်းဖြစ်ပါတယ်ခင်ဗျာ..ဘေးအန္တရာယ်ကင်းရှင်းသော ရက်မြတ်များဖြစ်ကြပါစေ..”ဆိုတဲ့ စာလေးရေးသား ဖော်ပြထားရာ ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Hein Wai Yan

About the author

Ms Cele

Leave a Comment