Celebrity


Written by Ms Cele





Credit:Cele Gabar

ဟာသသရုပ်ဆောင် ဗေဒါရဲ့ မွေးနေ့ပွဲလေး ကို ပရဟိတ မောင်နှမတွေ နဲ့အတူ ပျော်ရွှင်စွာ ပါဝင်ခဲ့တဲ့ သက်ရတနာကျော်ဝင်း

The Voice Myanmar Season-3 သီချင်းဆို ပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သူ G ကတော့ ပြီးခဲ့တဲ့ အပတ်က Battle Round မှာ Rဇာနည် Steal လုပ်ခြင်းခံ ခဲ့ရပြီး နောက်တစ်ဆင့် တက်လှမ်းခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။ G ကတော့ ကိုဗစ်ကာကွယ် ကုသရေးလုပ်ငန်းတွေမှာ လုပ်အားပေးတာဝန် ထမ်းဆောင်နေတာ ခုနှစ်လခန့် ရှိနေပြီဖြစ်ပြီး ရိုးသားဖြူစင်ပြီး ပကာသန မရှိတဲ့ G ရဲ့ပုံစံလေးကြောင့် ချစ်သူခင် သူပရိသတ်တွေ များစွာရရှိနေပြီ ဆိုရင်လည်း မမှားပါဘူး။

ဒီနေ့မှာလည်း G ကတော့ ကိုဗစ်ကာလ ကို ပရဟိတလုပ်ရင်း ဖြတ်သန်းနေသူ ဟာသသရုပ်ဆောင် ဗေဒါရဲ့ မွေးနေ့ပွဲလေး ကို ပရဟိတမောင်နှမ တွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်း ခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာပြန်ပါတယ်။ G ကိုယ်တိုင် လည်း သူ့ရဲ့ဒီနှစ်မွေးနေ့ကို ပရဟိတ မောင်နှမ တွေနဲ့ပဲ ပျော်ရွှင်စရာဖြတ်သန်းခဲ့သလို ဦးဗေဒါရဲ့မွေးနေ့လေး မှာလည်း ပရဟိတမောင်နှမတွေနဲ့ ပျော်ရွှင်စွာ သွားရောက် အားဖြည့်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ကိုဗစ်ကာလကို ကိုယ်စွမ်း ရှိသမျှ လုပ်အားပေးရင်း ဖြတ်သန်းနေကြတဲ့ ပရဟိတမောင်နှမတွေရဲ့ ကြုံတောင့်ကြုံခဲ ပျော်ရွှင်စရာ အချိန်လေး ကတော့ မြင်ရသူတိုင်းကို ကြည်နူးစေမိမှာ အမှန်ပါ။ ဦးဗေဒါလည်း ဒီနှစ်မွေးနေ့လေး ကစပြီး နောက်နှစ်ပေါင်း များစွာတိုင် ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်စွာနေနိုင်ပြီး အများကောင်းကျိုးကို ဒီထက်မက ကူညီပေးနိုင်သူ တစ်ယောက်ဖြစ်ပါစေလို့ မွေးနေ့ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment