Celebrity

အကတိုက်နေတဲ့ ချစ်သူ ဇာတ်မင်းသမီး ချောလေးကို အမြတ်တနိုးနဲ့ထိုင်ကြည့်ရင်း အားပေးနေတဲ့ စွမ်းဇာနည် ရဲ့Live ဗီဒီယို

Written by Ms Cele

အကတိုက်နေတဲ့ ချစ်သူ ဇာတ်မင်းသမီး ချောလေးကို အမြတ်တနိုးနဲ့ထိုင်ကြည့်ရင်း အားပေးနေတဲ့ စွမ်းဇာနည် ရဲ့Live ဗီဒီယို




Credit:Swelsone News

မင်းသားချောလေး စွမ်းဇာနည် ကတော့ ပျိုမဒီလေးတွေရဲ့သည်းသည်းလှုပ် အားပေးဝန်းရံခြင်းကို ရရှိထားတဲ့ ကိုလူချောလေး တစ်ယောက်လို့တောင် ဆိုနိုင်ပါတယ်နော်။ ဇာတ်မင်းသား အဖြစ် ဇာတ်ပွဲပေါင်း များစွာမှာ ကပြဖျော်ဖြေခဲ့တဲ့ စွမ်းဇာနည် က အဆိုရော အကရောကောင်းသူဖြစ်လို့ သူ့ရဲ့ပွဲတွေတိုင်းမှာ ကြည့်ရှုအားပေးသူတွေက အမြဲတမ်းပြည့်လျှံနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် စွမ်းဇာနည်က သရုပ်ဆောင်ပိုင်းမှာလည်း ပါရမီပါတာကြောင့် ဇာတ်ကားတွေရိုက်ကူးခဲ့ရသေးတာ ဖြစ်ပါတယ် ။

စွမ်းဇာနည်က ချောမောခန့်ညားတဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားတဲ့အပြင် ဖက်ရှင်ကျကျ ဝတ်ဆင်တတ်ပြီး အမြဲတမ်း အထာကျနေတာလည်း ဖြစ်ပါတယ် ။ လတ်တလောမှာတော့ စွမ်းဇာနည်က အလုပ်တွေပြန်လည် လုပ်ကိုင်တော့မှာဖြစ်လို့ ကြိုပြီးလေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ် ။ မနေ့ကလည်း စွမ်းဇာနည်က သူ့ရဲ့ချစ်သူဇာတ် မင်းသမီးချောလေး နှင်းဝတ်ရည်အောင် အကတိုက်နေတာလေးကို Live လွှင့်ပေးခဲ့တာ ဖြစ်ပါတယ် ။

အဖွဲ့သားတွေနဲ့အတူ ညီညီညာညာလေး အကတိုက် နေတဲ့ ချစ်သူဇာတ်မင်းသမီးလေးကို စွမ်းဇာနည် ကတော့ တစိမ့်စိမ့်ထိုင်ကြည့်ရင်း အားပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် စွမ်းဇာနည်က မကြာခင်မှာပြုလုပ်တော့မယ့် သူ့ရဲ့ဖျော်ဖြေတင်ဆက်မှုတွေအကြောင်းကိုလည်း ပရိသတ်တွေသိအောင် ပြောပြခဲ့သေးတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေ အတွက် မင်းသားချောလေး စွမ်းဇာနည်နဲ့ ချစ်သူဇာတ် မင်းသမီးလေး တို့ရဲ့Live ဗီဒီယိုကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment