Celebrity

အကယ္ဒမီမ်ားရွင္ ဦးသန္းၫြန္႕ (ပန္းသာ)အား ကူညီေစာင့္ေရွာက္လွဴဒါန္းမႈေတြ ျပဳလုပ္ေပးခဲ့တဲ့ ခန္႕စည္သူ

Written by Ms Cele

အကယ္ဒမီမ်ားရွင္ ဦးသန္းၫြန္႕ (ပန္းသာ)အား ကူညီေစာင့္ေရွာက္လွဴဒါန္းမႈေတြ ျပဳလုပ္ေပးခဲ့တဲ့ ခန္႕စည္သူ

အႏုပညာေလာကမွာ ဆယ္စုႏွစ္ေတြ ကတည္းက ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္မႈေတြ ရရွိထားတဲ့ ဝါရင့္အႏုပညာရွင္ ကေတာ့ အကယ္ဒမီခန႔္စည္သူပဲ ျဖစ္ပါတယ္ေနာ္။ ဒီလိုကာလ မွာလည္း ျပည္သူေတြနဲ႔အတူ ရပ္တည္ကာ တတ္နိုင္သေလာက္ အလႉေလးေတြနဲ႔ ပါဝင္ေနသူတစ္ေယာက္ပါ။

ကိုယ္က်ိဳးမၾကည့္ဘဲ လုပ္ေဆာင္ေနသူ တစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြ ကေတာ့ ခ်စ္ခင္အားက်ေနၾကတာပါ။ခုဆိုရင္လည္း ခန႔္စည္သူက ေန႔စဥ္တိုင္းလိုလို လိုအပ္တဲ့ ေနရာေတြကို အခက္အခဲေတြ ၾကားကေန ကိုယ္တိုင္သြားေရာက္ကာ လႉဒါန္းေပးေနတာကိုလည္း ေလးစားစြာေတြ႕ျမင္ရပါတယ္။

အခုလည္း အႏုပညာေလာကသား ထဲက အကယ္ဒမီမ်ားရွင္ ဦးသန္းညြန႔္(ပန္းသာ) အား ျပန္လည္ၾကည့္ရႈေစာင့္ေရွာက္ေပးမႈေတြ ျပဳလုပ္ခဲ့ျပန္ပါတယ္။ အေျခခံစားေသာက္ကုန္မ်ားနဲ႔ ေငြသားမ်ား သြားေရာက္လႉဒါန္းခဲ့တာျဖစ္ၿပီး အလႉေလးနဲ႔ပတ္သက္ၿပီးလည္း ” တန္ခူးလျပည့္ေန႔အလႉ(၂၆-၄-၂၀၂၁) ျမန္မာ့႐ုပ္ရွင္ဇာတ္ကားမ်ားႏွင့္သ႐ုပ္ေဆာင္ေပါင္းမ်ားစြာကို အကယ္ဒမီထူးခၽြန္ဆုမ်ား ဆြတ္ခူးရယူေပးနိုင္ခဲ့တဲ့ အကယ္ဒမီမ်ားရွင္ ဦးသန္းညြန႔္-ပန္းသာ(႐ုပ္ရွင္ေလာကသား မ်ားကေတာ့ ခ်စ္စနိုးနဲ႔ ေခၚၾကတာက ညြန႔္ညြန႔္) အတြက္ ဆန္၊ဆီ၊ဆား၊ပဲ၊အေျခခံစားကုန္မ်ား၊ အသီးအႏွံမ်ားႏွင့္ က်န္းမာေရးအတြက္ ေဆးကုသစားရိတ္ကို သြားေရာက္လႉဒါန္း ကန္ေတာ့ခဲ့ပါတယ္။ က်န္းမာေရးလည္း သိပ္မေကာင္းရွာေတာ့ပါ။” ေရးသားကာေဝမၽွ ထားပါေသးတယ္။

Credit – Cele Zone
Photo – Kyaw Soe Win

အကယ်ဒမီများရှင် ဦးသန်းညွန့် (ပန်းသာ)အား ကူညီစောင့်ရှောက်လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ခန့်စည်သူ

အနုပညာလောကမှာ ဆယ်စုနှစ်တွေ ကတည်းက ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ ဝါရင့်အနုပညာရှင် ကတော့ အကယ်ဒမီခန့်စည်သူပဲ ဖြစ်ပါတယ်နော်။ ဒီလိုကာလ မှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ တတ်နိုင်သလောက် အလှူလေးတွေနဲ့ ပါဝင်နေသူတစ်ယောက်ပါ။

ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေ ကတော့ ချစ်ခင်အားကျနေကြတာပါ။ခုဆိုရင်လည်း ခန့်စည်သူက နေ့စဉ်တိုင်းလိုလို လိုအပ်တဲ့ နေရာတွေကို အခက်အခဲတွေ ကြားကနေ ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းပေးနေတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း အနုပညာလောကသား ထဲက အကယ်ဒမီများရှင် ဦးသန်းညွန့်(ပန်းသာ) အား ပြန်လည်ကြည့်ရှုစောင့်ရှောက်ပေးမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်။ အခြေခံစားသောက်ကုန်များနဲ့ ငွေသားများ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး အလှူလေးနဲ့ပတ်သက်ပြီးလည်း ” တန်ခူးလပြည့်နေ့အလှူ(၂၆-၄-၂၀၂၁) မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့်သရုပ်ဆောင်ပေါင်းများစွာကို အကယ်ဒမီထူးချွန်ဆုများ ဆွတ်ခူးရယူပေးနိုင်ခဲ့တဲ့ အကယ်ဒမီများရှင် ဦးသန်းညွန့်-ပန်းသာ(ရုပ်ရှင်လောကသား များကတော့ ချစ်စနိုးနဲ့ ခေါ်ကြတာက ညွန့်ညွန့်) အတွက် ဆန်၊ဆီ၊ဆား၊ပဲ၊အခြေခံစားကုန်များ၊ အသီးအနှံများနှင့် ကျန်းမာရေးအတွက် ဆေးကုသစားရိတ်ကို သွားရောက်လှူဒါန်း ကန်တော့ခဲ့ပါတယ်။ ကျန်းမာရေးလည်း သိပ်မကောင်းရှာတော့ပါ။” ရေးသားကာဝေမျှ ထားပါသေးတယ်။

Credit – Cele Zone
Photo – Kyaw Soe Win

About the author

Ms Cele

Leave a Comment