Celebrity


Written by Ms Cele





Crd…

အကယ်ဒမီ မင်းသားကြီး ဦးဇော်ဦးတို့ဇနီးမောင်နှံ အတွက် ဆန်နှင့်အလှူငွေများကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တဲ့ နေဒွေး

ပရိတ်သတ်ကြီးရေ…..သရုပ်ဆောင်နေဒွေး ကတော့ အနုပညာ လှုပ်ရှားမှုတွေကို အချိန်အတော်ကြာအောင် လုပ်ကိုင်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။နေဒွေးဟာ ဆိုရင် ဇာတ်လမ်းတွဲတွေ ကိုပါ ရိုက်ကူးလာတာ ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာ ရရှိထားတဲ့ မင်းသား တစ်လက် ပဲဖြစ်ပါတယ်နော်….။မိဘကို လုပ်ကိုင် ကျွေးမွေးနေတဲ့ သားလိမ္မာလေး ဖြစ်တာကြောင့် ဘယ်အလုပ် အကိုင်မဆို အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။ယခုလို နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေ​မှာ ပြည်သူတွေနဲ့ တစ်သားတည်း ပူးပေါင်းပါဝင် လှုပ်ရှားသလို လိုအပ်နေတဲ့ နေရာတွေကို ကိုယ်တိုင်သွား ရောက်ကာ ကုသိုလ်ပြု လှူဒါန်းနေတာ ပဲဖြစ်ပါတယ်။

ဒီကနေ့ နေ့လည်အချိန်မှာ ဆိုရင်လည်း စားဝတ်နေရေး အဆင်မပြေတဲ့ သက်ကြီးရွယ်အို အဖိုးအဘွားများ အတွက်ဆန်၊ ဆီ၊အလှူငွေများကို လှူဒါန်းပေးနေတာကိုလည်း ကြည်နူးစရာ မြင်တွေ့ရပါတယ်။ဒါ့အပြင် မကြာသေးခင် နာရီပိုင်းလောက်က နေဒွေးရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် အနုပညာလောကမှ ဦးဇော်ဦးအတွက် အလှူငွေနဲ့ ဆန်ကို ထပ်မံလှူဒါန်းခဲ့ကြောင်းကို “ကိုယ့်အနုပညာလောကသားတွေအတွက်လဲပြန်ကြည့်ပေးရတယ်🥰အဖေကြီး ဦးဇော်ဦး အတွက်JITTOO အော်ဂန်းနစ် စူပါဆန် နှင့်ရွှေဆန် တအိတ်စီ နှင့် အလှုငွေ လှုဒါန်း🙏🏼🙏🏼🙏🏼”ဆိုပြီး ပုံရိပ်လေးတွေနဲ့အတူ ဖော်ပြပေးလာတာ ဖြစ်ပါတယ်..။

အနုပညာရှင် ‌မောင်နှမတွေနဲ့ ပရိသတ်တွေ ကလည်း သူရဲ့အလှူကို သာဓုခေါ်ထားကြတာ ကိုလည်း တွေ့မြင်ရပါတယ်။ ယခုလို ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံး ကိုအထူးပင်ကျေးဇူးတင် ရှိပါတယ်…။သာယာသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်….။

Crd…

About the author

Ms Cele

Leave a Comment