Celebrity

အက်ႌဆင္တူ ၀တ္ကာ Last Christmas သီခ်င္းေလး နဲ႔ ကေနၾကတဲ့ မခိုင္ေလးတို႔ သားအမိ ရဲ႕ ခ်စ္စရာ ဗီဒီယိုေလး

Written by Ms Cele

အက်ႌဆင္တူ ၀တ္ကာ Last Christmas သီခ်င္းေလး နဲ႔ ကေနၾကတဲ့ မခိုင္ေလးတို႔ သားအမိ ရဲ႕ ခ်စ္စရာ ဗီဒီယိုေလး

ပရိသတ္ႀကီးေရ အကယ္ဒမီဆု မ်ားစြာကို သိမ္းပိုက္ထားၿပီး ယေန႔ထိတိုင္ အ႐ြယ္တင္ႏုပ်ိဳေန‌ ဆဲျဖစ္တဲ့ မင္းသမီးခိုင္သင္းၾကည္ကို သိၾကမယ္ထင္ ပါတယ္ေနာ္။ သူမဟာ သာယာခ်မ္းေျမ့ဖြယ္ မိသားစုဘ၀ေလးကို တည္ေထာင္ ထားတာျဖစ္ၿပီး ခ်စ္စရာေကာင္းၿပီး လိမၼာေရးျခားရွိတဲ့ သမီးေလးစံထိပ္ထား ဦးကိုလည္း ပိုင္ဆိုင္ထားတာပါ။ ထိပ္ထိပ္ေလး ဟာလည္း ေမေမနဲ႔အတူတြဲဖက္ၿပီး အႏုပညာ အလုပ္ေတြစတင္ လုပ္ကိုင္ေနတာလည္းျဖစ္ၿပီးေတာ့ ပရိသတ္ေတြရဲ႕ခ်စ္ခင္မႈကို ရရွိေနတာပါေနာ္။

စံထိပ္ထားဦးဟာ အသက္(၁၈)ႏွစ္ျပည့္ၿပီးသြားၿပီ လည္းျဖစ္ၿပီး တစ္ေန႔တျခားပိုပိုလွလာကာ ေမေမ့ကို အမီလိုက္ေနတဲ့ သမီးေခ်ာေလးလည္းျဖစ္ပါတယ္။ မခိုင္ေလး ဟာလည္း သမီးေလးနဲ႔ညီအစ္မလို႔ထင္ရက္စရာ ေကာင္းေအာင္ကို ႏုပ်ိဳလွပေနတာျဖစ္ၿပီး လူငယ္ဆန္ဆန္နဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ေနတတ္တဲ့ သူတစ္ေယာက္ လည္း ျဖစ္ပါတယ္ေနာ္…..။

မခိုင္ေလးဟာ လူငယ္ဆန္ဆန္ေန တတ္တဲ့သူလည္းျဖစ္တာေၾကာင့္ အခုဆိုရင္လည္း သမီးေလးနဲ႔ အတူတြဲၿပီး ခရစ္စမတ္သီခ်င္းေလး နဲ႔ကေနတာျဖစ္ၿပီး သူမရဲ႕ Facebook စာမ်က္ႏွာမွာ “ဆရာမခိုင္းတဲ့အတိုင္းေနာက္ကလိုက္လုပ္ရတာ….” ဆိုတဲ့ captionေလးနဲ႔ အတူကထားတဲ့ Tik Tokဗီဒီယိုေလးကိုတင္ေပးလာပါတယ္။ ကဲ….ပရိသတ္ေတြ အတြက္ ျပန္လည္မွ်ေဝေပးလိုက္ ပါတယ္ေနာ္။

Credit:Swelsone News

အကျႌဆင်တူ ဝတ်ကာ Last Christmas သီချင်းလေး နဲ့ ကနေကြတဲ့ မခိုင်လေးတို့ သားအမိ ရဲ့ ချစ်စရာ ဗီဒီယိုလေး

ပရိသတ်ကြီးရေ အကယ်ဒမီဆု များစွာကို သိမ်းပိုက်ထားပြီး ယနေ့ထိတိုင် အရွယ်တင်နုပျိုနေ‌ ဆဲဖြစ်တဲ့ မင်းသမီးခိုင်သင်းကြည်ကို သိကြမယ်ထင် ပါတယ်နော်။ သူမဟာ သာယာချမ်းမြေ့ဖွယ် မိသားစုဘဝလေးကို တည်ထောင် ထားတာဖြစ်ပြီး ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးစံထိပ်ထား ဦးကိုလည်း ပိုင်ဆိုင်ထားတာပါ။ ထိပ်ထိပ်လေး ဟာလည်း မေမေနဲ့အတူတွဲဖက်ပြီး အနုပညာ အလုပ်တွေစတင် လုပ်ကိုင်နေတာလည်းဖြစ်ပြီးတော့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိနေတာပါနော်။

စံထိပ်ထားဦးဟာ အသက်(၁၈)နှစ်ပြည့်ပြီးသွားပြီ လည်းဖြစ်ပြီး တစ်နေ့တခြားပိုပိုလှလာကာ မေမေ့ကို အမီလိုက်နေတဲ့ သမီးချောလေးလည်းဖြစ်ပါတယ်။ မခိုင်လေး ဟာလည်း သမီးလေးနဲ့ညီအစ်မလို့ထင်ရက်စရာ ကောင်းအောင်ကို နုပျိုလှပနေတာဖြစ်ပြီး လူငယ်ဆန်ဆန်နဲ့ ပျော်ပျော်ပါးပါး နေတတ်တဲ့ သူတစ်ယောက် လည်း ဖြစ်ပါတယ်နော်…..။

မခိုင်လေးဟာ လူငယ်ဆန်ဆန်နေ တတ်တဲ့သူလည်းဖြစ်တာကြောင့် အခုဆိုရင်လည်း သမီးလေးနဲ့ အတူတွဲပြီး ခရစ်စမတ်သီချင်းလေး နဲ့ကနေတာဖြစ်ပြီး သူမရဲ့ Facebook စာမျက်နှာမှာ “ဆရာမခိုင်းတဲ့အတိုင်းနောက်ကလိုက်လုပ်ရတာ….” ဆိုတဲ့ captionလေးနဲ့ အတူကထားတဲ့ Tik Tokဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ….ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment