Celebrity

အခက္အခဲမ်ားစြာကို ရင္ဆိုင္ေနရတဲ့ ျပည္သူေတြအတြက္ မိတ္ေဆြသူငယ္ခ်င္းမ်ားနဲ႔စုေပါင္းကာ အလႉေငြမ်ား လိုအပ္တဲ့အသုံးအေဆာင္ပစၥည္းမ်ား သြားေရာက္လွဴဒါန္းခဲ့တဲ့ ေရဗကၠာ၀င္း

Written by Ms Cele

အခက္အခဲမ်ားစြာကို ရင္ဆိုင္ေနရတဲ့ ျပည္သူေတြအတြက္ မိတ္ေဆြသူငယ္ခ်င္းမ်ားနဲ႔စုေပါင္းကာ အလႉေငြမ်ား လိုအပ္တဲ့အသုံးအေဆာင္ပစၥည္းမ်ား သြားေရာက္လွဴဒါန္းခဲ့တဲ့ ေရဗကၠာ၀င္း

ခုျဖစ္ေပၚေနတဲ့ အေျခအေနေတြေၾကာင့္ ျပည္သူ အမ်ားစုဟာ လုပ္ငန္း တာဝန္မ်ားကို ရပ္နားထား ရတာေၾကာင့္ စားဝတ္ေနေရး အခက္အခဲ မ်ားစြာကို ရင္ဆိုင္ေနရတာလည္း ေတြ႕ရပါတယ္။ဒီလိုအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ မိသားစုေတြကို အႏုပညာရွင္မ်ားက တတ္နိုင္ သေလာက္ ကူညီေထာက္ပံ့ကာ လႉဒါန္းမႈေတြ ျပဳလုပ္ေပးေနတာ လည္းျဖစ္ပါတယ္။

ဒီလိုကူညီေထာက္ပံ့မႈ ေတြျပဳလုပ္ေပး ေနၾကတဲ့ထဲမွာ ေရဗကၠာဝင္း ကလည္း အပါအဝင္ပါပဲေနာ္။ တတ္နိုင္သေလာက္ လိုအပ္တဲ့ေနရာမ်ားကို သြားေရာက္ကာ စားနပ္ရိကၡာမ်ားကို လႉဒါန္းခဲ့သလို မိတ္ေဆြ သူငယ္ခ်င္းမ်ားနဲ႔လည္း စုေပါင္းကာ အလႉေငြမ်ား လိုအပ္တဲ့ အသုံးအေဆာင္ ပစၥည္းမ်ားကို လႉဒါန္းလ်က္ရွိတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။

အခုလည္း မိတ္ေဆြမ်ားနဲ႔ စုေပါင္းကာ စားဝတ္ေနေရး အခက္အခဲျဖစ္ေနတဲ့ မိသားစုေတြ အတြက္ ဆန္၊ဆီနဲ႔ အျခားလိုအပ္တဲ့ အစားအေသာက္မ်ားကို လႉဒါန္းခဲ့ျပန္ပါတယ္။ အလႉပုံေလးေတြနဲ႔အတူ ” ေဝလုဝန္ေက်ာင္းတိုက္ ေတာင္ဒဂုံကဆရာေတာ္ KBC (ကခ်င္ႏွစ္ျခင္းသာသနာအဖြဲ႕ခ်ဳပ္)နဲ႔ လိုအပ္ေနတဲ့ျပည္သူမ်ားကို ေပၚဆန္းေမႊး ၃ျပည္ ေနၾကာဆီ ၁လီတာ ပဲၾကာဇံ ပဲနီေလး Maggi စြယ္စုံ သုံးဟင္းခတ္မႈန႔္ တို႔ကို အိမ္ေထာင္စု (၂၂၈)စုစာ လႉဒါန္းခဲ့ပါတယ္ရွင္ သားအိမ္ျခစ္ဖို႔ အခက္အခဲ ျဖစ္ေနတဲ့ အမ်ိဳးသမီးတစ္ဦးအတြက္လဲ ေဆး႐ုံတက္ဖို႔ လႉဒါန္းပါဝင္ခဲ့ ပါတယ္ရွင္ “ဆိုတဲ့စာေလးကိုပါ ေရးသားေဝမၽွထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Rebecca Win

အခက်အခဲများစွာကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် မိတ်ဆွေသူငယ်ချင်းများနဲ့စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့တဲ့ ရေဗက္ကာဝင်း

ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူ အများစုဟာ လုပ်ငန်း တာဝန်များကို ရပ်နားထား ရတာကြောင့် စားဝတ်နေရေး အခက်အခဲ များစွာကို ရင်ဆိုင်နေရတာလည်း တွေ့ရပါတယ်။ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေကို အနုပညာရှင်များက တတ်နိုင် သလောက် ကူညီထောက်ပံ့ကာ လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာ လည်းဖြစ်ပါတယ်။

ဒီလိုကူညီထောက်ပံ့မှု တွေပြုလုပ်ပေး နေကြတဲ့ထဲမှာ ရေဗက္ကာဝင်း ကလည်း အပါအဝင်ပါပဲနော်။ တတ်နိုင်သလောက် လိုအပ်တဲ့နေရာများကို သွားရောက်ကာ စားနပ်ရိက္ခာများကို လှူဒါန်းခဲ့သလို မိတ်ဆွေ သူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းများကို လှူဒါန်းလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း မိတ်ဆွေများနဲ့ စုပေါင်းကာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ မိသားစုတွေ အတွက် ဆန်၊ဆီနဲ့ အခြားလိုအပ်တဲ့ အစားအသောက်များကို လှူဒါန်းခဲ့ပြန်ပါတယ်။ အလှူပုံလေးတွေနဲ့အတူ ” ဝေလုဝန်ကျောင်းတိုက် တောင်ဒဂုံကဆရာတော် KBC (ကချင်နှစ်ခြင်းသာသနာအဖွဲ့ချုပ်)နဲ့ လိုအပ်နေတဲ့ပြည်သူများကို ပေါ်ဆန်းမွှေး ၃ပြည် နေကြာဆီ ၁လီတာ ပဲကြာဇံ ပဲနီလေး Maggi စွယ်စုံ သုံးဟင်းခတ်မှုန့် တို့ကို အိမ်ထောင်စု (၂၂၈)စုစာ လှူဒါန်းခဲ့ပါတယ်ရှင် သားအိမ်ခြစ်ဖို့ အခက်အခဲ ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးအတွက်လဲ ဆေးရုံတက်ဖို့ လှူဒါန်းပါဝင်ခဲ့ ပါတယ်ရှင် “ဆိုတဲ့စာလေးကိုပါ ရေးသားဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Rebecca Win

About the author

Ms Cele

Leave a Comment