Celebrity

အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ စစ္ေဘးေရွာင္တိုင္းရင္းသားမ်ားအတြက္ တတ္နိုင္သေလာက္လႉဒါန္းကာ ကူညီေစာင့္ေရွာက္မႈေတြျပဳလုပ္ေပးမယ့္ ေနာ္ေဖာအယ္ထား

Written by Ms Cele

အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ စစ္ေဘးေရွာင္တိုင္းရင္းသားမ်ားအတြက္ တတ္နိုင္သေလာက္လႉဒါန္းကာ ကူညီေစာင့္ေရွာက္မႈေတြျပဳလုပ္ေပးမယ့္ ေနာ္ေဖာအယ္ထား

တက္သစ္စအႏုပညာရွင္ တစ္ေယာက္ျဖစ္ေပမယ့္ ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာ ရရွိထားတဲ့ ေနာ္ေဖာအယ္ထား ကေတာ့ ခုလက္ရွိအေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူထဲကျပည္သူ တစ္ေယာက္ျဖစ္တာေၾကာင့္ ရရာေနရာကေန တတ္နိုင္သေလာက္ လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့သလို လိုအပ္တာေတြကိုလည္း လႉဒါန္းေပးေနတာ အားလုံးအျမင္ပါပဲေနာ္။

အခုလည္း အပစ္အခတ္ေတြ ၾကားကေန မိမ္တို႔ရဲ့အိုးအိမ္ေတြကိုစြန႔္ကာ ထြက္ေျပး တိမ္းေရွာင္ရင္း အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ စစ္ေဘးေရွာင္တိုင္းရင္းသားမ်ားအတြက္မ်ားစြာ စိတ္မေကာင္းျဖစ္မိေၾကာင္းနဲ႔ သူတို႔အတြက္လည္း တတ္နိုင္သေလာက္ လႉဒါန္းမႈေတြျပဳလုပ္ေပးရင္း ကူညီေစာင့္ေရွက္မႈေတြ ျပဳလုပ္ေပးမယ့္အေၾကာင္း ခုလိုသူရဲ့အေကာင့္ေလးမွာ ေရးသားေဝမၽွလာတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။

“ခုခ်ိန္မွာအိုးအိမ္ကို စြန႔္ခြါသြားရတဲ့ စစ္ေဘးေရွာင္ ကရင္ ကခ်င္ ႏွင့္ တိုင္းရင္းသားေမာင္ႏွမမ်ား အတြက္လြန္စြာ စိတ္မေကာင္းျဖစ္မိပါတယ္ အခုေတာ့ ကၽြန္မခ်စ္ရတဲ့သူေတြ အတြက္ ႏွလုံးသားက်ိဳးပဲ့ေၾကမြၿပီး ငိုေႂကြးျမည္တမ္းရတဲ့ အခ်ိန္ကို ေရာက္လာခဲ့ပါၿပီ ျမန္မာျပည္တစ္ခုလုံး ပူေဆြးဝမ္းနည္းေနရခ်ိန္မွာ ေဒသအသီးသီးက အသက္စြန႔္ရသူေတြ နဲ႔ ဒုကၡိတျဖစ္ရ သူေတြရဲ့ မိသားစုေတြ၊ စစ္ေဘးကိုေရွာင္ပုန္းေျပးေနရတဲ့ လူမမယ္ကေလးငယ္ေတြ နဲ႔ အသက္အရြယ္ႀကီးရင့္သူေတြ၊ နာမက်န္းျဖစ္သူေတြနဲ႔ ၿပိဳကြဲပ်က္စီးသြားတဲ့ မိသားစုေတြရဲ့ ဘဝဟာ သိပ္ကိုခါးသီးလြန္းပါတယ္…ႏွစ္ေပါင္း (၇၀) ေလာက္ၾကာခဲ့ၿပီျဖစ္တဲ့ ဒီခါးသီးမႈ နဲ႔ ဒုကၡေတြဟာ ဒီတစ္ႀကိမ္ေနာက္ဆုံးျဖစ္ဖို႔ ကၽြန္မဆုေတာင္းေနမိတယ္ ကိုယ္တတ္နိုင္တဲ့ ဖက္ကေန ဆက္သြယ္လႉဒါန္း ကူညီေစာင့္ေရွာက္သြားမွာမို႔ လႉဒါန္းလို႔တဲ့ေနရာေတြရွိရင္ေျပာျပေပးပါေနာ္ ကိုယ္တိုင္ သြားေရာက္ လႉဒါန္းခ်င္ေပမဲ့ အေျခအေနအရ သြားလာဖို႔ အဆင္မေျပတာမို႔ သြားလို႔ရတဲ့ တေန႔က် ေရာက္ေအာင္လာခဲ့ပါ့မယ္လို႔ ကတိ ျပဳခ်င္ပါတယ္”ဆိုတဲ့စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးလည္းၾကည့္ရႈနိုင္ေစရန္ ျပန္လည္ေဝမၽွေပးရင္း ျမန္မာနိုင္ငံသူနိုင္သား အားလုံးေဘးအႏၲရာယ္ကင္းရွင္းၾကပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Credit: Cele Zone
Photo – Naw Phaw Eh Htar

အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်တိုင်းရင်းသားများအတွက် တတ်နိုင်သလောက်လှူဒါန်းကာ ကူညီစောင့်ရှောက်မှုတွေပြုလုပ်ပေးမယ့် နော်ဖောအယ်ထား

တက်သစ်စအနုပညာရှင် တစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ နော်ဖောအယ်ထား ကတော့ ခုလက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူထဲကပြည်သူ တစ်ယောက်ဖြစ်တာကြောင့် ရရာနေရာကနေ တတ်နိုင်သလောက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လိုအပ်တာတွေကိုလည်း လှူဒါန်းပေးနေတာ အားလုံးအမြင်ပါပဲနော်။

အခုလည်း အပစ်အခတ်တွေ ကြားကနေ မိမ်တို့ရဲ့အိုးအိမ်တွေကိုစွန့်ကာ ထွက်ပြေး တိမ်းရှောင်ရင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်တိုင်းရင်းသားများအတွက်များစွာ စိတ်မကောင်းဖြစ်မိကြောင်းနဲ့ သူတို့အတွက်လည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်ပေးရင်း ကူညီစောင့်ရှေက်မှုတွေ ပြုလုပ်ပေးမယ့်အကြောင်း ခုလိုသူရဲ့အကောင့်လေးမှာ ရေးသားဝေမျှလာတာကို လေးစားစွာတွေ့မြင်ရပါတယ်။

“ခုချိန်မှာအိုးအိမ်ကို စွန့်ခွါသွားရတဲ့ စစ်ဘေးရှောင် ကရင် ကချင် နှင့် တိုင်းရင်းသားမောင်နှမများ အတွက်လွန်စွာ စိတ်မကောင်းဖြစ်မိပါတယ် အခုတော့ ကျွန်မချစ်ရတဲ့သူတွေ အတွက် နှလုံးသားကျိုးပဲ့ကြေမွပြီး ငိုကြွေးမြည်တမ်းရတဲ့ အချိန်ကို ရောက်လာခဲ့ပါပြီ မြန်မာပြည်တစ်ခုလုံး ပူဆွေးဝမ်းနည်းနေရချိန်မှာ ဒေသအသီးသီးက အသက်စွန့်ရသူတွေ နဲ့ ဒုက္ခိတဖြစ်ရ သူတွေရဲ့ မိသားစုတွေ၊ စစ်ဘေးကိုရှောင်ပုန်းပြေးနေရတဲ့ လူမမယ်ကလေးငယ်တွေ နဲ့ အသက်အရွယ်ကြီးရင့်သူတွေ၊ နာမကျန်းဖြစ်သူတွေနဲ့ ပြိုကွဲပျက်စီးသွားတဲ့ မိသားစုတွေရဲ့ ဘဝဟာ သိပ်ကိုခါးသီးလွန်းပါတယ်…နှစ်ပေါင်း (၇၀) လောက်ကြာခဲ့ပြီဖြစ်တဲ့ ဒီခါးသီးမှု နဲ့ ဒုက္ခတွေဟာ ဒီတစ်ကြိမ်နောက်ဆုံးဖြစ်ဖို့ ကျွန်မဆုတောင်းနေမိတယ် ကိုယ်တတ်နိုင်တဲ့ ဖက်ကနေ ဆက်သွယ်လှူဒါန်း ကူညီစောင့်ရှောက်သွားမှာမို့ လှူဒါန်းလို့တဲ့နေရာတွေရှိရင်ပြောပြပေးပါနော် ကိုယ်တိုင် သွားရောက် လှူဒါန်းချင်ပေမဲ့ အခြေအနေအရ သွားလာဖို့ အဆင်မပြေတာမို့ သွားလို့ရတဲ့ တနေ့ကျ ရောက်အောင်လာခဲ့ပါ့မယ်လို့ ကတိ ပြုချင်ပါတယ်”ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးရင်း မြန်မာနိုင်ငံသူနိုင်သား အားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Credit: Cele Zone
Photo – Naw Phaw Eh Htar

About the author

Ms Cele

Leave a Comment