Celebrity


Written by Ms Cele





Source – Hein Min Thu
Credit:Cele Zone

အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ အိမ်ခြေ(၅၀)စာအတွက် လိုအပ်တဲ့ ဆေးဝါးတွေလှူဒါန်းခဲ့တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော် ဟိန်းမင်းသူရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ ပရိတ်သတ်တွေရဲ့ အချစ်တော် အဆိုတော် ဟိန်းမင်းသူကတော့ ဒီနေ့မှာ ဆေးဝါးအလှူလေး တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ ကပ်ဘေး တွေကြောင့် အစစအရာရာမှာ အခက်အခဲတွေနဲ့ ကြုံတွေနေ့ရပြီး ကိုဗစ်ကပ်ရောဂါကူးစက်မှု ကလည်း မြင့်တက်နေတဲ့အတွက် ဆေးဝါးတွေကအမှန်တကာ် လိုအပ်နေခဲ့တာပါ။

ဟိန်းမင်းသူကတော့ သူတတ်နိုင် သလောက် ပြည်သူတွေအတွက် အကျိုးရှိပြီး လိုအပ်တာတွေကို အချိန်အခါလိုက် လှူဒါန်းပေးနေခဲ့ပြီး မကြာသေးခင်ကလည်း အောက်စီမီတာတွေ လှူဒါန်းပေးခဲ့ပါသေးတယ်။ အခုတစ်ခေါက် မှာတော့ ဟိန်းမင်းသူက အိမ်ခြေ (၅၀)စာ အတွက် ဆေးဝါးတွေကို သူကိုယ်တိုင်ကိုယ်ကျ လိုက်လံလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဟိန်းမင်းသူ ကတော့ ဆေးဝါးအလှူလေးစေတနာထက်သန်စွာနဲ့လှူဒါန်းခဲ့ကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေထားခဲ့ပြီး နောက်ထပ်လည်း ပိုမိုလှူဒါန်းနိုင်အောင် ကြိုးစားသွားမှာဖြစ်ကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ဟိန်းမင်းသူရဲ့ ဆေးဝါးအလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Hein Min Thu
Credit:Cele Zone

About the author

Ms Cele

Leave a Comment