Celebrity
Written by Ms Cele
Credit:celethatin
အခက်အခဲတွေကြားကနေ ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကပါဝင်ကူညီနေတဲ့သူမကို အပြစ်တင်ဝေဖန်နေကြတဲ့အပေါ် စိတ်မကောင်းစွာ ပြန်လည်ဖြေရှင်းလိုက်တဲ့ မီးနို
ပရိသတ်ကြီးရေ မီးနိုဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်နော်။လက်ရှိ အခြေအနေတွေ မှာတတ်နိုင် သလောက် လှူဒါန်းမှုတွေပြုလုပ်ကာ ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေ နဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။မီးနိုကတော့ လတ်တလောမှာလည်း မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း စားသောက်ကုန်တွေအပြင် အဝတ်အထည်နဲ့ အခြားလိုအပ်တာတွေကို ကူညီ လှူဒါန်းနေတာဖြစ်ပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေ အတွက် အန္တရာယ်တွေကြားကနေ လှူဒါန်းမှုတွေ ပြုလုပ်နေပေမယ့် အပြစ်တင်ဝေဖန်နေကြတာတွေနဲ့ ပတ်သက်ပြီးတော့လညါး စိတ်မကောင်းစွာ ပြောပြလာပါတယ်..။ရရက်သားသမီး စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ လိုအပ်နေသူတွေ အတွက် ပြန်လည်လှူဒါန်းနေတာဖြစ်ပြီးစစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အထည်တွေ လှူဒါန်းမှုမှာ အိမ်တိုင်ရာရောက်လာမယူပေးကြလို့ ပြစ်တင်ဝေဖန်နေသူတွေကို မီးနိုက ပြောပြထားတာပါ။
“မီးနို တစ်ခုလောက် ပြောချင်လို့ပါကိစ္စ တစ်ခု ကိုကိုယ် တိုင်တာဝန်ယူနိုင်မှ ဒီအလုပ်ကို လုပ်တယ် အဲ့လို လူမျိုးကိုဘဲ နှစ်သက်တယ်မီးနို အခု အလှူကို လုပ်တယ် ဆိုတာ ကိုယ် ချင်းစာတရားနဲ့ မေတ္တာ တရား ရှိ လို့ အခု လိုအန္တရာယ်တွေ ကြားက ဘုရားနဲ့အတူ မီးနို တို့ team တစ်ခု လုံး လုပ်ဆောင်နေကြတာ အလှူရှင်တွေရော အားလုံးအား တတ်သရော ပါဝင်ကြတယ်အလှူငွေအပြင် ကိုယ် ကာယ အတွက် အားဆေး တွေ အဝတ်စား တွေ လာပို့ကြတယ်နယ် ကနေ လည်း အားတတ်သရော ပါဝင်ကြတယ် ကျေးဇူးအများကြီးတင်ပါတယ်ဒါပေမဲ့ တစ်ချို့သောလူတွေအတွက်တော့စိတ်မကောင်း ဖြစ်မိတယ်မီးနို တို့ကိုယ် ကျိုးအတွက် တစ်ခုမှမပါဘူးပထမအချက် သိစေချင်ပါတယ်ကျွန်မတို့ အားလုံးပင်ပန်းကြတာ ကျွန်မတို့ အသိဆုံးပါအဝတ်စားလာမယူတာနဲ့ ဘဲ အပြစ်မတင်စေချင်ပါဘူး……
အပြစ်တင်စရာ မလိုဘူး လည်းမြင်မိပါတယ် နားလည်ပေးကြတဲ့ ချစ်ရတဲ့မောင်နှတွေ အားလုံးလည်းကျေးဇူးအများကြီး တင်ပါတယ်ရှင့်🙏🏻..” ဆိုပြီး ပြောပြထားတာပါ..။သူမရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေ နဲ့ ခင်မင်းရင်းနှီးကြတဲ့ မိတ်ဆွေတွေကလည်း မီးနိုရဲ့ စိတ်ထားစေတနာတွေကို နားလည်သဘောပေါက်ကြတဲ့ အကြောင်းတွေနဲ့ အားပေးစကားတွေ ပြောထားကြပါတယ်။
Photo Credit – Mee No’s Fb Acc
Credit:celethatin
About the author
Ms Cele
Leave a Comment