Celebrity


Written by Ms Cele





Credit:Cele Zone

အခက်အခဲဖြစ်နေတဲ့အချိန် ဝိုင်းဝန်းလှူဒါန်းကြလို့ အလှူငွေသိန်း(၃၀)ကျော်ရရှိခဲ့တဲ့ ဦးတိမ်ညွန့်

ဒီကာလတွေမှာ အခြေအနေ အကြောင်း အမျိုးမျိုး တွေကြောင့် ပြည်သူတိုင်း ခက်ခဲနေကြတာပါ ။ အလုပ်အကိုင် တွေလည်း ရပ်နားထား ရတာကြောင့် အဆင်မပြေမှုတွေကို ပြည်သူတိုင်း ကိုယ်စီရင်ဆိုင် ဖြတ်သန်းနေကြရပါတယ် ။

ဒီလို အဆင်မပြေကြသူတွေ အထဲမှာ အနုပညာ အသိုင်းအဝိုင်း ကဖြစ်တဲ့ လူရွှင်တော် ဦးတိမ်ညွန့်လည်း အပါအဝင်ပါပဲ ။အိမ်လခပေး ဖို့တောင် အကျပ်အတည်းဖြစ် နေတာကြောင့် နီးစပ်ရာ ပြည်သူတွေက ဝိုင်းဝန်းပြီး အလှူငွေများ ကောက်ခံပေးကြတာကိုတွေ့ရပါတယ် ။

ဒီလို အလှူခံပြီး နောက်ပိုင်း ဦးတိမ်ညွန့်အနေနဲ့ အလှူငွေ သိန်း (၃၀) ကျော်ရရှိခဲ့တယ်လို့ သိရပါတယ် ။ ပရိသတ်အားလုံးကလည်း ဒီသတင်းလေးကို ကြားပြီး ဦးတိမ်ညွန့် အတွက် ဝမ်းသာခဲ့ကြပါတယ် ။ ပရိသတ်ကြီး အတွက် ဒီသတင်းလေးကို ပြန်လည်ဝေမျှပေး လိုက်ပါရစေနော် ။

Credit:Cele Zone
Photo – Original Uploader

About the author

Ms Cele

Leave a Comment