Celebrity


Written by Ms Cele





Source – Cherry Thin
Credit:Cele Zone

အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ဟင်းသီးဟင်းရွက်များ လှူဒါန်းခဲ့တဲ့ ချယ်ရီသင်း

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် ချယ်ရီသင်းကတော့ ချို့တဲ့တဲ့ပြည်သူတွေ အတွက် ဟင်းသီးဟင်းရွက်တွေ လှူဒါန်းပေးခဲ့ပြန်ပါတယ်။ ချယ်ရီသင်းက လိုအပ်နေတဲ့သူတွေ အတွက် လိုအပ်တာတွေကို လိုက်လံလှူဒါန်းဖြည့်ဆည်း ပေးနေခဲ့ပြီး အခုတစ်ခေါက်မှာဆိုရင်လည်း သူ့ရဲ့အလှူရှင်တွေနဲ့ စုပေါင်းပြီးထပ်မံလှူဒါန်းပေးခဲ့တာပါ။

ချယ်ရီသင်း ကတော့ သူနဲ့အတူ တောင်ရိုးတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း လူငယ်လူမှု အထောက်ကူပြု ရှမ်း/တောင် ဒေသ နှင့် တောင်ရိုးတိုင်းရင်းသား ခရမ်းချဉ်သီး စိုက်တောင်သူအဖွဲ့ရယ် အလှူရှင်တွေရယ် စုပေါင်းပြီးတော့ ခရမ်းချဉ်သီး ပိဿာ-၁၀၀၀၊ပန်းမုံလာပိဿာ-၅၀၊ပန်းဂေါ်ဖီထုပ်ပိဿာ-၅၀၊ဂျင်းပိဿာ-၃၀၊ ဂေါ်ရခါးသီးပိဿာ -၃၀၊ ရွှေဖရုံရွက်နဲ့ ဆူကာညွန့်စတာတွေနဲ့တခြားလိုအပ်တဲ့ စားသောက်ကုန်တွေကိုပါလှူဒါန်းပေး ခဲ့တာပဲဖြစ်ပါတယ်။

ချယ်ရီသင်းက အခုလို သူ့ရဲ့ လှူဒါန်းမှုမှာ ပါဝင်လှူဒါန်းပေးတဲ့ အလှူရှင်တွေအားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့ အလှူလေးအထမြောက်စွာလှူဒါန်းနိုင်ခဲ့တဲ့အတွက် ပီတိဖြစ်စွာနဲ့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။ ပရိသတ်တွေက ချယ်ရီသင်းတို့ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Cherry Thin
Credit:Cele Zone

About the author

Ms Cele

Leave a Comment