Celebrity

အခက္အခဲျဖစ္ေနသူအားလံုးကို ကူညီခ်င္ေပမယ့္ တတ္ႏိုင္သေလာက္ေလးပဲ စြမ္းေဆာင္ေပးႏိုင္လို႕ စိတ္မေကာင္းတဲ့အေၾကာင္းကို ေျပာျပလာတဲ့ အိစိေကြး

Written by Ms Cele

ပရိသတ္ႀကီးေရ ကေလးသ႐ုပ္ေဆာင္ဘ၀ကေန အႏုပညာေလာကထဲကိုစတင္၀င္ေရာက္လာတဲ့ အိစိေကြးဟာဆိုရင္ ယခုအခ်ိန္မွာ ေအာင္ျမင္မႈေတြကို ရရွိပိုင္ဆိုင္ထားတဲ့ ဆယ္ေက်ာ္သက္မင္းသားေခ်ာေလးတစ္ေယာက္ပဲျဖစ္ပါတယ္ေနာ္။ပရိသတ္ေတြရဲ႕တစ္ခဲနက္အားေပး ခ်စ္ခင္မႈေတြကို ရရွိထားတဲ့ အိစိေကြးကေတာ့ အေရးေတာ္ပုံ ကာလႀကီးမွာ ျပည္သူေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။

အိစိေကြးကေတာ့ ယခုလိုအခ်ိန္မွာ အခက္အခဲျဖစ္ေနတဲ့ျပည္သူေတြကို တတ္ႏိုင္တဲ့ဘက္က လွဴဒါန္းမႈေတြကိုလည္းျပဳလုပ္ေပးေနတဲ့ ပရဟိတမင္းသားေလး ဆိုရင္လည္း မမွားပါဘူးေနာ္။အိစိေကြးက အလႉေငြေတြေကာက္ခံေပးကာ ကိုယ္တိုင္ကိုယ္က် သြားေရာက္လႉဒါန္းေပးေနတာေတြ႕ရပါတယ္။ လူငယ္ တစ္ေယာက္ပီပီ အခုလိုကာလမ်ိဳးမွာ စိတ္အားထက္သန္စြာနဲ ႔တစ္တပ္တစ္အား ကူညီေပးေနတဲ့ အိစိေကြး ကေတာ့ တကယ္ကိုခ်ီးက်ဴးဖို႔ေကာင္းပါတယ္။

အခုလိုခက္ခဲေနတဲ့ ျပည္သူေတြအားလံုးကို ကူညီခ်င္ေပမယ့္ အလုပ္ေတြအားလံုး ရပ္ထားရတာေၾကာင့္ အကုန္လံုးကိုမကူညီႏိုင္တာကို စိတ္မေကာင္းတဲ့အေၾကာင္း သူ႕ရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာမွာေရးသားေဖာ္ျပထားပါတယ္ေနာ္။အိစိေကြးက “အခုကာလမွာ ဒုကၡေရာက္ေနတဲ့သူေတြအကုန္လုံးကို တကယ္ ကူညီခ်င္ပါတယ္အလုပ္ေတြလည္း ရပ္ထားရေတာ့ လူတိုင္းကို မကူညီနိင္ျဖစ္ရလို႔ အားလည္းနာတယ္ စိတ္လည္းမေကာင္းဘူး 😞 ဒါေပမယ့္ တတ္နိင္တဲ့ဘက္ကေန ကူညီေပးပါ့မယ္လာအကူအညီေတာင္းၾကတဲ့ သူေတြကို ဒီကေနပဲ ေတာင္းပန္ပါတယ္ ကၽြန္ေတာ္လည္း ကူညီနိင္သေလာက္ ကူညီနိင္ေအာင္ ႀကိဳစားပါမယ္ေနာ္ အားလုံး အႏၲရာယ္ကင္း ေျဖရွင္းၾကပါေစဗ်ာ 🙏🏻…”ဆိုၿပီးေရးသားထားပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ပရိသတ္ႀကီးကိုအထူးပဲေက်းဇူးတင္ရွိပါတယ္။

Source:Eisi Kway’s fb
TWWH(Pay Phu Hlwar)

ပရိသတ်ကြီးရေ ကလေးသရုပ်ဆောင်ဘဝကနေ အနုပညာလောကထဲကိုစတင်ဝင်ရောက်လာတဲ့ အိစိကွေးဟာဆိုရင် ယခုအချိန်မှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ ဆယ်ကျော်သက်မင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်နော်။ပရိသတ်တွေရဲ့တစ်ခဲနက်အားပေး ချစ်ခင်မှုတွေကို ရရှိထားတဲ့ အိစိကွေးကတော့ အရေးတော်ပုံ ကာလကြီးမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။

အိစိကွေးကတော့ ယခုလိုအချိန်မှာ အခက်အခဲဖြစ်နေတဲ့ပြည်သူတွေကို တတ်နိုင်တဲ့ဘက်က လှူဒါန်းမှုတွေကိုလည်းပြုလုပ်ပေးနေတဲ့ ပရဟိတမင်းသားလေး ဆိုရင်လည်း မမှားပါဘူးနော်။အိစိကွေးက အလှူငွေတွေကောက်ခံပေးကာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးနေတာတွေ့ရပါတယ်။ လူငယ် တစ်ယောက်ပီပီ အခုလိုကာလမျိုးမှာ စိတ်အားထက်သန်စွာနဲ ့တစ်တပ်တစ်အား ကူညီပေးနေတဲ့ အိစိကွေး ကတော့ တကယ်ကိုချီးကျူးဖို့ကောင်းပါတယ်။

အခုလိုခက်ခဲနေတဲ့ ပြည်သူတွေအားလုံးကို ကူညီချင်ပေမယ့် အလုပ်တွေအားလုံး ရပ်ထားရတာကြောင့် အကုန်လုံးကိုမကူညီနိုင်တာကို စိတ်မကောင်းတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်နော်။အိစိကွေးက “အခုကာလမှာ ဒုက္ခရောက်နေတဲ့သူတွေအကုန်လုံးကို တကယ် ကူညီချင်ပါတယ်အလုပ်တွေလည်း ရပ်ထားရတော့ လူတိုင်းကို မကူညီနိင်ဖြစ်ရလို့ အားလည်းနာတယ် စိတ်လည်းမကောင်းဘူး 😞 ဒါပေမယ့် တတ်နိင်တဲ့ဘက်ကနေ ကူညီပေးပါ့မယ်လာအကူအညီတောင်းကြတဲ့ သူတွေကို ဒီကနေပဲ တောင်းပန်ပါတယ် ကျွန်တော်လည်း ကူညီနိင်သလောက် ကူညီနိင်အောင် ကြိုစားပါမယ်နော် အားလုံး အန္တရာယ်ကင်း ဖြေရှင်းကြပါစေဗျာ 🙏🏻…”ဆိုပြီးရေးသားထားပါတယ်နော်။ ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Eisi Kway’s fb
TWWH(Pay Phu Hlwar)

About the author

Ms Cele

Leave a Comment