Celebrity

အခုခ်ိန္ထိျပည္သူ အားလုံးဖက္က ရပ္တည္ေပးၿပီး CDMမွာပါဝင္ေပးေနၾကတဲ့သူရဲေကာင္းေတြ အားလုံးကိုဦးၫႊတ္ပါတယ္လို႕ ဆိုလာတဲ့ ပိုင္ၿဖိဳးသု

Written by Ms Cele

အခုခ်ိန္ထိျပည္သူ အားလုံးဖက္က ရပ္တည္ေပးၿပီး CDMမွာပါဝင္ေပးေနၾကတဲ့သူရဲေကာင္းေတြ အားလုံးကိုဦးၫႊတ္ပါတယ္လို႕ ဆိုလာတဲ့ ပိုင္ၿဖိဳးသု

ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသုက လက္ရွိမွာေတာ့ ျမန္မာ့ဒီမိုကေရစီ စနစ္ကိုရရွိဖို႔နဲ႔ ဖမ္းဆီးထိန္းသိမ္း ထားတဲ့ ႏိုင္ငံေတာ္ သမၼတႀကီး၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေ႐ြးေကာက္ခံအစိုးရအဖြဲ႕ကို အျမန္ဆုံးလႊတ္ေပးဖို႔ ေတာင္းဆိုေနတာပဲ ျဖစ္ပါတယ္။ ပိုင္ၿဖိဳးသုရဲ႕ခင္ပြန္း ဒါ႐ိုက္တာဏႀကီးကေတာ့ စစ္အစိုးရအဖြဲ႕ရဲ႕ ဝရမ္းထုတ္ တရားစြဲဆိုျခင္းခံထားရေပမယ့္ ပိုင္ၿဖိဳးသုကေတာ့ သူမလုပ္စရာ ရွိတဲ့ အလုပ္ေတြကို ဖိဖိစီးစီးလုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ပိုင္ၿဖိဳးသုကျပည္သူအားလံုးဖက္က ရပ္တည္ေပးၿပီး CDMမွာ ပါဝင္ေပးေနၾကတဲ့သူရဲေကာင္းေတြအားလုံးကိုဦးၫႊတ္ေၾကာင္း ေျပာလာတာကို ေတြ႕ရပါတယ္။

ပိုင္ၿဖိဳးသုက “သူတို႔တကယ္ ေၾကာက္တာ CDM ပါ…. သူတို႔ကို တကယ္ျဖဳတ္ခ်ႏိုင္တာလည္း CDM ပါ….ဒါေၾကာင့္လည္း CDM ပါဝင္ေပးသူေတြနဲ႔ CDM အားေပးတဲ့သူေတြကို ပစ္မွတ္ထား လိုက္ဖမ္းတာပါ …(သူတို႔ဘယ္ေလာက္ေၾကာက္လည္းသိသာပါတယ္.. ဖမ္းဝရမ္းေတြထုတ္… ညဖက္ အင္တာနက္ျဖတ္ၿပီးလိုက္ဖမ္း…ကြၽန္မတို႔ေတြညဖက္မွာက်ီးလန႔္စာစားျဖစ္ရသလို သူတို႔လည္းညဖက္ဆိုမပဋာေျမလူးပါပဲ) အခုခ်ိန္ထိျပည္သူအားလုံးဖက္က ရပ္တည္ေပးၿပီး CDMမွာပါဝင္ေပးေနၾကတဲ့သူရဲေကာင္းေတြ အားလုံးကိုဦးၫႊတ္ပါတယ္ 🙏 ကြၽန္မတို႔အေပၚ CDM heroesေတြရဲ႕ေက်းဇူးေႂကြးေတြ တင္ေနပါၿပီ 🙏🙏🙏” ဆိုျပီး ေျပာလာပါတယ္။

ပိုင္ျဖိဳးသုကေတာ့ CDMမွာ ပါဝင္ေပးေနၾကတဲ့ သူရဲေကာင္းေတြ အားလုံးကို Hero ေတြလို့ကို တင္စားျပီး ေလးစား ဦးညႊတ္လာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္။

Source: Paing Phyoe Thu’s fb
Credit:Cele Connections

အခုချိန်ထိပြည်သူ အားလုံးဖက်က ရပ်တည်ပေးပြီး CDMမှာပါဝင်ပေးနေကြတဲ့သူရဲကောင်းတွေ အားလုံးကိုဦးညွှတ်ပါတယ်လို့ ဆိုလာတဲ့ ပိုင်ဖြိုးသု

နိုင်ငံကျော် သရုပ်ဆောင် ပိုင်ဖြိုးသုက လက်ရှိမှာတော့ မြန်မာ့ဒီမိုကရေစီ စနစ်ကိုရရှိဖို့နဲ့ ဖမ်းဆီးထိန်းသိမ်း ထားတဲ့ နိုင်ငံတော် သမ္မတကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံအစိုးရအဖွဲ့ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုရဲ့ခင်ပွန်း ဒါရိုက်တာဏကြီးကတော့ စစ်အစိုးရအဖွဲ့ရဲ့ ဝရမ်းထုတ် တရားစွဲဆိုခြင်းခံထားရပေမယ့် ပိုင်ဖြိုးသုကတော့ သူမလုပ်စရာ ရှိတဲ့ အလုပ်တွေကို ဖိဖိစီးစီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုင်ဖြိုးသုကပြည်သူအားလုံးဖက်က ရပ်တည်ပေးပြီး CDMမှာ ပါဝင်ပေးနေကြတဲ့သူရဲကောင်းတွေအားလုံးကိုဦးညွှတ်ကြောင်း ပြောလာတာကို တွေ့ရပါတယ်။

ပိုင်ဖြိုးသုက “သူတို့တကယ် ကြောက်တာ CDM ပါ…. သူတို့ကို တကယ်ဖြုတ်ချနိုင်တာလည်း CDM ပါ….ဒါကြောင့်လည်း CDM ပါဝင်ပေးသူတွေနဲ့ CDM အားပေးတဲ့သူတွေကို ပစ်မှတ်ထား လိုက်ဖမ်းတာပါ …(သူတို့ဘယ်လောက်ကြောက်လည်းသိသာပါတယ်.. ဖမ်းဝရမ်းတွေထုတ်… ညဖက် အင်တာနက်ဖြတ်ပြီးလိုက်ဖမ်း…ကျွန်မတို့တွေညဖက်မှာကျီးလန့်စာစားဖြစ်ရသလို သူတို့လည်းညဖက်ဆိုမပဋာမြေလူးပါပဲ) အခုချိန်ထိပြည်သူအားလုံးဖက်က ရပ်တည်ပေးပြီး CDMမှာပါဝင်ပေးနေကြတဲ့သူရဲကောင်းတွေ အားလုံးကိုဦးညွှတ်ပါတယ် 🙏 ကျွန်မတို့အပေါ် CDM heroesတွေရဲ့ကျေးဇူးကြွေးတွေ တင်နေပါပြီ 🙏🙏🙏” ဆိုပြီး ပြောလာပါတယ်။

ပိုင်ဖြိုးသုကတော့ CDMမှာ ပါဝင်ပေးနေကြတဲ့ သူရဲကောင်းတွေ အားလုံးကို Hero တွေလို့ကို တင်စားပြီး လေးစား ဦးညွှတ်လာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Paing Phyoe Thu’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment