Celebrity


Written by Ms Cele





Credit:Celelucky

အခုချိန်ထိ ချစ်ရတဲ့ခင်ပွန်းကို တစ်နေ့မှမေ့လို့မရတဲ့ အကြောင်းလေးကို စာလေးတစ်စောင်ရေးကာ ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

ပရိသတ်ကြီးရေ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်း ကတော့ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွား ခဲ့တာ ဖြစ်ပါတယ်နော်။ အတတ်နိုင်ဆုံး ပြုစုကုသပေမယ့် လည်း သေမင်းရဲ့ အလိုဆန္ဒကို မလွန်ဆန်နိုင်ဘဲ ကွယ်လွန်သွားတဲ့ ခင်ပွန်းကြောင့် နန်းမြတ်တစ်ယောက် အတော်လေးကို ခံစားနေရတာ ဖြစ်ပါတယ်နော်။ ခင်ပွန်းကောင်းရာမွန်ရာရောက်ရှိစေဖို့အတွက်လည်း ကုသိုလ်ကောင်းမှုတွေ လုပ်ပေးနေပါတယ်နော်။

မကြာသေးခင် ကလည်း နန်းမြတ်ရဲ့Facebook Story မှာ ဝမ်းနည်း စာလေးတွေ ရေးသားလာခဲ့ပါတယ်နော်။ ဒါကတော့ မျက်စိနှစ်လုံးစပွင့်တာနဲ့ ခင်ပွန်းဖြစ်သူကို အရင်ဆုံး သတိရ လွမ်းဆွတ်မိကြောင်း ဝမ်းနည်းစွာဖွင့်ဟလာတာ ဖြစ်ပါတယ်နော်။ ” မျက်စိနှစ်လုံးပွင့်တာနဲ့ အရင်ဆုံးလွမ်းတယ် သတိရတယ် ယောကျာ်းရယ်” လို့ ရေးသားထားပါတယ်နော်။

အခုဆိုရင် နန်းမြတ်ဟာ သားနဲ့ သမီးရဲ့ ရှေ့ရေး အတွက် စီးပွားရေး အလုပ်တွေ ကြိုးစားလုပ်ကိုင်နေ ပါတယ်နော်။ကလေးတွေနဲ့ မိခင်တွေ အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ အွန်လိုင်းမှ တစ်ဆင့် ရောင်းချပေးလျက်ရှိနေပြီးပရိသတ်တွေလည်း ဝယ်ယူအားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Credit:Celelucky

About the author

Ms Cele

Leave a Comment