Celebrity

အခုခ်ိန္မွာ အားလံုးက အခက္အခဲျဖစ္ေနတာမို႕လိုအပ္ေနသူေတြကို တတ္နိုင္သေလာက္ သြားေရာက္လႉဒါန္းေပးခဲ့တဲ့ ေနေဒြး

Written by Ms Cele

အခုခ်ိန္မွာ အားလံုးက အခက္အခဲျဖစ္ေနတာမို႕လိုအပ္ေနသူေတြကို တတ္နိုင္သေလာက္ သြားေရာက္လႉဒါန္းေပးခဲ့တဲ့ ေနေဒြး

ေနေဒြးကေတာ့ လက္ရွိ ျမန္မာနိုင္ငံမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူ ပရိသတ္ေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ရရာေနရာကေနတတ္နိုင္သေလာက္ပါဝင္ ကူညီအားျဖည့္ေနၾကတဲ့ ျပည္သူေတြအားလုံးနဲ႔အတူ ေနေဒြးကလည္း အလႉေလးေတြနဲ႔ တစ္တပ္တစ္အား ပါဝင္ေနတာျဖစ္ပါတယ္။

ေန႔စဥ္တိုင္းလိုလို လိုအပ္တဲ့ေနရာ မ်ားကို သြားေရာက္ကာ သူကိုယ္တိုင္ေရာင္းခ်လ်က္ ရွိေနတဲ့ ဆန္မ်ားကို လႉဒါန္းခဲ့သလို မိတ္ေဆြ သူငယ္ခ်င္းမ်ားနဲ႔လည္း စုေပါင္းကာ အလႉေငြမ်ား လိုအပ္တဲ့ အစားအေသာက္မ်ားကို လႉဒါန္းလ်က္ရွိတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။

အခုလည္း ေနေဒြးတစ္ေယာက္ စုေပါင္းအလႉေလး တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ေျမာက္ဥကၠလာ ၂ရပ္ကြက္ မွာေနထိုင္တဲ့ စားဝတ္ေနေရး ခက္ခဲေနေသာ အဖိုးအဖြား ျပည္သူမ်ား အတြက္ အေျခခံ စားေသာက္ကုန္မ်ားကို သြားေရာက္ လႉဒါန္းေပးခဲ့ပါတယ္။ ခုလိုခ်ိန္မွာ မရွိအတူ ရွိအတူမို႔ လိုအပ္ေနသူေတြကို တတ္နိုင္သေလာက္ ေဝမၽွေပးမယ့္ အေၾကာင္းေလးကိုလည္း ေဖာ္ျပထားပါေသးတယ္။ ေနေဒြးလည္း ဒီထက္မက လႉဒါန္းမႈေတြ ျပဳလုပ္နိုင္ပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Nay Dway

အခုချိန်မှာ အားလုံးက အခက်အခဲဖြစ်နေတာမို့လိုအပ်နေသူတွေကို တတ်နိုင်သလောက် သွားရောက်လှူဒါန်းပေးခဲ့တဲ့ နေဒွေး

နေဒွေးကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူ ပရိသတ်တွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတိုက်ပွဲကြီးမှာ ရရာနေရာကနေတတ်နိုင်သလောက်ပါဝင် ကူညီအားဖြည့်နေကြတဲ့ ပြည်သူတွေအားလုံးနဲ့အတူ နေဒွေးကလည်း အလှူလေးတွေနဲ့ တစ်တပ်တစ်အား ပါဝင်နေတာဖြစ်ပါတယ်။

နေ့စဉ်တိုင်းလိုလို လိုအပ်တဲ့နေရာ များကို သွားရောက်ကာ သူကိုယ်တိုင်ရောင်းချလျက် ရှိနေတဲ့ ဆန်များကို လှူဒါန်းခဲ့သလို မိတ်ဆွေ သူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့ အစားအသောက်များကို လှူဒါန်းလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း နေဒွေးတစ်ယောက် စုပေါင်းအလှူလေး တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မြောက်ဥက္ကလာ ၂ရပ်ကွက် မှာနေထိုင်တဲ့ စားဝတ်နေရေး ခက်ခဲနေသော အဖိုးအဖွား ပြည်သူများ အတွက် အခြေခံ စားသောက်ကုန်များကို သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။ ခုလိုချိန်မှာ မရှိအတူ ရှိအတူမို့ လိုအပ်နေသူတွေကို တတ်နိုင်သလောက် ဝေမျှပေးမယ့် အကြောင်းလေးကိုလည်း ဖော်ပြထားပါသေးတယ်။ နေဒွေးလည်း ဒီထက်မက လှူဒါန်းမှုတွေ ပြုလုပ်နိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Nay Dway

About the author

Ms Cele

Leave a Comment