Celebrity

အခ်စ္နဲ႕ပတ္သက္ၿပီး သူမရဲ႕ကန္႔ကြက္မႈ တစ္ခုကို ျပတ္ျပတ္သားသား ေျပာလိုက္တဲ့ မိစႏၵီ

Written by Ms Cele

အခ်စ္နဲ႕ပတ္သက္ၿပီး သူမရဲ႕ကန္႔ကြက္မႈ တစ္ခုကို ျပတ္ျပတ္သားသား ေျပာလိုက္တဲ့ မိစႏၵီ

ျမန္မာနိုင္ငံရဲ့ Female Rapper တစ္ေယာက္ ျဖစ္ၿပီး အမိုက္စား Rap ေတြနဲ႔ ပရိသတ္ ေတြ အားေပးဝန္းရံမႈ အျပည့္ဝ ရရွိထားတဲ့ မိစႏၵီကေတာ့ Stay home ကာလေတြမွာ ပရိသတ္ေတြနဲ ႔အဆက္မျပတ္ သြားေစမယ့္ သီခ်င္း အသစ္ေလးေတြကို ဖန္တီးေရးသားေန ခဲ့တာျဖစ္ပါတယ္ ။ သူမရဲ့အႏုပညာ လႈပ္ရွားမႈေတြနဲ႔အတူ ခံစားခ်က္ စာသားအခ်ိဳ႕ကိုလည္း မိစႏၵီက မၾကာခဏ မၽွေဝေပးေလ့ရွိပါတယ္ ။

လတ္တေလာ မွာေတာ့ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး သူမရဲ့အျမင္ေလး တစ္ခုကို ေရးသားေဖာ္ျပ ခဲ့ပါတယ္ ။ အဲဒါကေတာ့ “အခ်စ္နဲ႔ စစ္မွာ မတရားတာ မရွိဘူး” လို႔ အဆို ရွိတယ္ ဆိုတာ ပရိသတ္ေတြအားလုံးလည္းသိၿပီးျဖစ္မွာပါေနာ္ ။ဒါေပမယ့္ ဒီအဆိုကို မိစႏၵီကေတာ့ ကန္႔ကြက္ခ်င္ပါတယ္တဲ့ ပရိသတ္ႀကီးေရ ..။ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ဒီအဆိုကို သူမဘက္က လက္မခံခ်င္ေၾကာင္း နဲ႔အတူ သူမရဲ့ အမိုက္စား ပုံရိပ္ေလးအခ်ိဳ႕ကို ပရိသတ္ေတြကို မၽွေဝေပးခဲ့တာပဲျဖစ္ပါတယ္ ။

ကတုံးဆံပင္ေပါက္ နဲ႔ေတာင္ ေဂၚေနေအာင္ ဖက္ရွင္ က်က် ဝတ္တတ္တဲ့ သူမရဲ့ ပုံရိပ္ေလး ေတြကို ပရိသတ္ ေတြက ခ်စ္စရာေကာင္းေၾကာင္းေရး သားမွတ္ခ်က္ေပး ခဲ့ၾကပါတယ္ ။ ဒါ့အျပင္ သူမရဲ့ ပရိသတ္ႀကီး ကလည္း အခ်စ္နဲ႔စစ္မွာမတရားတာ မရွိဘူး ဆိုတဲ့ အဆိုကို လက္ခံတယ္ လက္မခံဘူး စတဲ့အျမင္ေလးေတြကို ျပန္လည္မွတ္ခ်က္ေရး သားထားၾကတာလည္း ေတြ႕ရပါတယ္ ။

Credit:Cele Gabar

အချစ်နဲ့ပတ်သက်ပြီး သူမရဲ့ကန့်ကွက်မှု တစ်ခုကို ပြတ်ပြတ်သားသား ပြောလိုက်တဲ့ မိစန္ဒီ

မြန်မာနိုင်ငံရဲ့ Female Rapper တစ်ယောက် ဖြစ်ပြီး အမိုက်စား Rap တွေနဲ့ ပရိသတ် တွေ အားပေးဝန်းရံမှု အပြည့်ဝ ရရှိထားတဲ့ မိစန္ဒီကတော့ Stay home ကာလတွေမှာ ပရိသတ်တွေနဲ ့အဆက်မပြတ် သွားစေမယ့် သီချင်း အသစ်လေးတွေကို ဖန်တီးရေးသားနေ ခဲ့တာဖြစ်ပါတယ် ။ သူမရဲ့အနုပညာ လှုပ်ရှားမှုတွေနဲ့အတူ ခံစားချက် စာသားအချို့ကိုလည်း မိစန္ဒီက မကြာခဏ မျှဝေပေးလေ့ရှိပါတယ် ။

လတ်တလော မှာတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး သူမရဲ့အမြင်လေး တစ်ခုကို ရေးသားဖော်ပြ ခဲ့ပါတယ် ။ အဲဒါကတော့ “အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူး” လို့ အဆို ရှိတယ် ဆိုတာ ပရိသတ်တွေအားလုံးလည်းသိပြီးဖြစ်မှာပါနော် ။ဒါပေမယ့် ဒီအဆိုကို မိစန္ဒီကတော့ ကန့်ကွက်ချင်ပါတယ်တဲ့ ပရိသတ်ကြီးရေ ..။ အချစ်ရေးနဲ့ပတ်သက်ပြီး ဒီအဆိုကို သူမဘက်က လက်မခံချင်ကြောင်း နဲ့အတူ သူမရဲ့ အမိုက်စား ပုံရိပ်လေးအချို့ကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။

ကတုံးဆံပင်ပေါက် နဲ့တောင် ဂေါ်နေအောင် ဖက်ရှင် ကျကျ ဝတ်တတ်တဲ့ သူမရဲ့ ပုံရိပ်လေး တွေကို ပရိသတ် တွေက ချစ်စရာကောင်းကြောင်းရေး သားမှတ်ချက်ပေး ခဲ့ကြပါတယ် ။ ဒါ့အပြင် သူမရဲ့ ပရိသတ်ကြီး ကလည်း အချစ်နဲ့စစ်မှာမတရားတာ မရှိဘူး ဆိုတဲ့ အဆိုကို လက်ခံတယ် လက်မခံဘူး စတဲ့အမြင်လေးတွေကို ပြန်လည်မှတ်ချက်ရေး သားထားကြတာလည်း တွေ့ရပါတယ် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment