Celebrity


Written by Ms Cele






အချစ်ရဆုံး တစ်ဦးတည်းသော သမီးလေး Jewel ရဲ့ (၆) နှစ်ပြည့် မွေးနေ့ကို လက်ဆောင်တွေ အများကြီးနဲ့ ပျော်ရွှင် ရအောင် ဖန်တီးပေး ခဲ့တဲ့ မျိုးစန္ဒီကျော်

Joe လို့ သူမကိုယ် သူမ ပြောတတ်တဲ့ မင်းသမီးချော မျိုးစန္ဒီကျော် ကတော့ မျက်လုံးအိ မ်ဝိုင်းဝိုင်းလေးနဲ့ ထူးခြားလှပသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ မျိုးစန္ဒီကျော်ကတော့ အိမ်ထောင် နဲ့ တရားဝင်ကွာရှင်းပြီးချိန်မှာ သမီးလေးကို တစ်ယောက် တစ်လှည့်စီ ပြုစုစောင့်ရှောက်ရင်း အနုပညာ အလုပ်တွေနဲ့ စီးပွားရေး အလုပ်တွေကို အချိန်ပေးလုပ်ကိုင် နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၉) ရက်နေ့ကတော့ မျိုးစန္ဒီကျော် ရဲ့ အချစ်ဆုံး တစ်ဦးတည်းသော သမီးလေးJewel ရဲ့ (၆) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။

မျိုးစန္ဒီကျော် ကတော့ (၆) နှစ်တိတိပြည့် သွားတဲ့ သမီးလေး Jewel အတွက် “Happy Birthday ပါမေ့ သမီးလေးရေ 🎂🎁💝 သမီးလေးရဲ့(၆)နှစ်ပြည့်မွေးနေ့ မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာနဲ့ ဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။ အသိဉာဏ်ပညာနဲ့ယှဉ်၍ အရာရာကို ရဲရဲဝင့်ဝင့်ပိုင်းခြားဆုံး ဖြတ်နိုင်သော ကိုယ့်အားကိုယ်ကိုးပြီး ထက်မြတ်လိမ္မာသော ကျေးဇူးတရားကိုသိတတ်ပြီး လူအများကချစ်ခင်လေးစားရတဲ့ ပညာတတ်ကြီးဖြစ်ပါစေနော် 💜💙💚💛❤️” ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတဲ့အပြင် သမီးလေး ကြိုက်တတ်တဲ့ လက်ဆောင်တွေအများကြီးကိုပေးခဲ့တာပဲ ဖြစ်ပါတယ်။

မျိုးစန္ဒီကျော်ကတော့ အခုဆိုရင် သူမရဲ့ ငယ်ချစ်ဦးနဲ့ ဒုတိယအကြိမ် ပြန်လည်ဆုံတွေ့ပြီး သာယာတဲ့ အချစ်ရေးကို တည်ဆောက်နေသလို သူမရဲ့သမီးလေး Jewel အတွက်လည်း တာဝန်ကျေတဲ့ မိခင်ကောင်းတစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ Jewel လေးလည်း မေမေ့ရဲ့ ဆုတောင်းတွေနဲ့ ပြည့်စုံပြီး မိဘအပေါ် သိတတ်လိမ္မာတဲ့ သမီးကောင်း ရတနာလေးဖြစ်ပါစေနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Myo Sandy Kyaw’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment