Celebrity

အခ်ိန္ေတြ အၾကာႀကီး ခ်စ္ခဲ့ရတဲ့ ခ်စ္သူေလး ရွိေနၿပီဆိုတဲ့ အေၾကာင္းကို လူသိထင္ရွား အသိေပး လာတဲ့ ေဇယ်

Written by Ms Cele

အခ်ိန္ေတြ အၾကာႀကီး ခ်စ္ခဲ့ရတဲ့ ခ်စ္သူေလး ရွိေနၿပီဆိုတဲ့ အေၾကာင္းကို လူသိထင္ရွား အသိေပး လာတဲ့ ေဇယ်

အသားျဖဴျဖဴ ေဖြးေဖြးေလးနဲ႔ တစ္ခ်ိန္က မိန္းကေလးေတြ သည္းသည္းလႈပ္ ခ်စ္ခဲ့ရတဲ့ သ႐ုပ္ေဆာင္ ေဇယ် ကေတာ့ ဒီေန႔ဒီအခ်ိန္ထိတိုင္ အႏုပညာ အလုပ္ေတြကို တစိုက္မတ္မတ္ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။ ေဇယ်ကေတာ့ အခုဆိုရင္ အသက္အ႐ြယ္ တစ္ခုကိုေရာက္ရွိေနၿပီျဖစ္ၿပီး အိမ္ေထာင္မျပဳေသးပဲ တစ္ကိုယ္တည္း လူပ်ိဳႀကီးအျဖစ္ အႏုပညာ အလုပ္ေတြကို ဆက္လက္ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေဇယ် တစ္ေယာက္ ဘယ္ေတာ့မ်ား အိမ္ေထာင္ျပဳမလဲ ဆိုတာကို စိတ္ဝင္တစား ရွိေနၾကတာပဲ ျဖစ္ပါတယ္။

အႏုပညာအေၾကာင္းက လြဲရင္ သိုသိုဝွက္ဝွက္ရွိလြန္းတဲ့ ေဇယ်ကေတာ့ ဒီကေန႔မွာ သူ႔ ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာ ကေနၿပီး ခ်စ္သူရွိေနေၾကာင္းကို Relationship ခ်ိတ္ၿပီး အသိေပးလာ ခဲ့ပါတယ္။ ေဇယ်က “ခ်စ္သူသက္တမ္း က ၾကာလွၿပီ။ ဒီေန႔ မွ Facebook ေပၚ Relationship တင္ၾကည့္တာ သူငယ္ခ်င္းေတြ အကုန္လုံးက ဝိုင္းေပ်ာ္ေပးၾကတယ္။ သူငယ္ခ်င္းေတြ အားလုံးကို 🥰🥰🥰” ဆိုၿပီး သူငယ္ခ်င္းေတြ ကိုေတာင္ လွ်ိဳ႕ဝွက္ထားခဲ့ၿပီး အခုမွ လူသိရွင္ၾကား အသိေပးလာတာပဲ ျဖစ္ပါတယ္။

လူပ်ိဳႀကီးေဇယ် ကေတာ့ ခ်စ္သူရွိေၾကာင္း ေျပာလာၿပီ ဆိုေပမယ့္ ခ်စ္သူေလးရဲ႕ ပုံေလးကိုေတာ့ လွ်ိဳ႕ဝွက္ထားဆဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေဇယ်ရဲ႕ ဝမ္းသာစရာသတင္းေလး အတြက္ ထပ္တူေပ်ာ္႐ႊင္ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Swelsone News

အချိန်တွေ အကြာကြီး ချစ်ခဲ့ရတဲ့ ချစ်သူလေး ရှိနေပြီဆိုတဲ့ အကြောင်းကို လူသိထင်ရှား အသိပေး လာတဲ့ ဇေယျ

အသားဖြူဖြူ ဖွေးဖွေးလေးနဲ့ တစ်ချိန်က မိန်းကလေးတွေ သည်းသည်းလှုပ် ချစ်ခဲ့ရတဲ့ သရုပ်ဆောင် ဇေယျ ကတော့ ဒီနေ့ဒီအချိန်ထိတိုင် အနုပညာ အလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဇေယျကတော့ အခုဆိုရင် အသက်အရွယ် တစ်ခုကိုရောက်ရှိနေပြီဖြစ်ပြီး အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဇေယျ တစ်ယောက် ဘယ်တော့များ အိမ်ထောင်ပြုမလဲ ဆိုတာကို စိတ်ဝင်တစား ရှိနေကြတာပဲ ဖြစ်ပါတယ်။

အနုပညာအကြောင်းက လွဲရင် သိုသိုဝှက်ဝှက်ရှိလွန်းတဲ့ ဇေယျကတော့ ဒီကနေ့မှာ သူ့ ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ကနေပြီး ချစ်သူရှိနေကြောင်းကို Relationship ချိတ်ပြီး အသိပေးလာ ခဲ့ပါတယ်။ ဇေယျက “ချစ်သူသက်တမ်း က ကြာလှပြီ။ ဒီနေ့ မှ Facebook ပေါ် Relationship တင်ကြည့်တာ သူငယ်ချင်းတွေ အကုန်လုံးက ဝိုင်းပျော်ပေးကြတယ်။ သူငယ်ချင်းတွေ အားလုံးကို 🥰🥰🥰” ဆိုပြီး သူငယ်ချင်းတွေ ကိုတောင် လျှို့ဝှက်ထားခဲ့ပြီး အခုမှ လူသိရှင်ကြား အသိပေးလာတာပဲ ဖြစ်ပါတယ်။

လူပျိုကြီးဇေယျ ကတော့ ချစ်သူရှိကြောင်း ပြောလာပြီ ဆိုပေမယ့် ချစ်သူလေးရဲ့ ပုံလေးကိုတော့ လျှို့ဝှက်ထားဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇေယျရဲ့ ဝမ်းသာစရာသတင်းလေး အတွက် ထပ်တူပျော်ရွှင်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment