Celebrity


Written by Ms Cele






အခွီအမူအယာလေးနဲ့ ပေါက်ကရနံမည်ပေးပြီး ပရိသတ်ကြီးကို ပျော်စေခဲ့တဲ့ အိန္ဒြာကျော်ဇင်

မြန်​မာနိုင်​ငံရဲ့ ထိပ်​တန်​း မင်​းသမီးတစ်​ဦးအဖြစ်​ နှစ်​​ပေါင်​း များစွာ ရပ်​တည်​​နေ ခဲ့တဲ့ သရုပ်​​ဆောင်​ အိန္ဒြာ​ကျော်​ဇင်​ က​တော အနုပညာနဲ့ပတ်​သတ်​ရင်​ ကိုယ့်ကို ကိုယ်မေ့ထားပြီး ကျရာဇာတ်ရုပ် အတိုင်း ထိထိမိမိနဲ့ အ​ကောင်​းဆုံး သရုပ်​​ဆောင်​တတ်​သူ တစ်​ဦးပါ။ အကယ်ဒမီဆုကြီး (၃) ဆုကို လက်ဝယ်ပိုင်ဆိုင်ထားပြီဖြစ်တဲ့ အိန္ဒြာကျော်ဇင်က အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာအလုပ်တွေကို လျှော့ချပြီး မိသားစုအတွက်သာ ပိုမိုအချိန်ပေးဖြစ်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း ကပ်ရောဂါကြောင့် တစ်နှစ်လုံးနီးပါး အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားတဲ့ အိန္ဒြာကျော်ဇင်က သူမရဲ့ ပရိသတ်တွေနဲ့တော့ အဆက်အသွယ် ပြတ်တောက်သွားခြင်းမရှိအောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

နိုင်ငံကျော် ထိပ်ထိပ်ကြဲ မင်းသမီး ဆိုပေမယ့် မာန်မာနတွေမရှိပဲ လွတ်လပ် ပေါ့ပါးစွာနေတတ်တဲ့ အိန္ဒြာကျော်ဇင်က ရံဖန်ရံ ခါမှာလည်း သူမရဲ့ ပကတိပုံစံကို ပရိသတ်တွေ အတွက် ချပြလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက် မှာလည်း အိန္ဒြာကျော်ဇင်က ဆယ်ကျော်သက်လေး တစ်ယောက်လို အိုက်တင်တွေအမျိုးမျိုးနဲ့ ဓာတ်ပုံ ရိုက်ပြီး ကိုယ့်ကိုကိုယ် “ဂေါက်သီးပါယူ” ဆိုပြီး နာမည်ပေး ကင်ပွန်းတပ်ခဲ့တာကြောင့် ပရိသတ်တွေ ခမျာ သဘောကျမဆုံးဖြစ်နေရတာပဲ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင် ကတော့ ကိုယ့်ကိုကိုယ် ဘယ်လိုပဲ နှိမ်ချပြီးပြောပြော ပရိသတ်တွေ ကတော့ ချစ်တဲ့ မျက်စိနဲ့ ကြည့်ပေးကြ လို့ အမြဲတမ်းကို ချစ်စရာကောင်း နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင် ရဲ့ ပြောင်စပ်စပ် ဓာတ်ပုံလေးတွေကိုကြည့်ပြီး အသည်း တယားယားဖြစ်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment