Celebrity

အင္တာဗ်ဴးတစ္ခုတြင္ ေျဖဆိုခဲ့သည့္ အေၾကာင္းအရာတစ္ခုေၾကာင့္ ပရိသတ္ေတြရဲ႕ေ၀ဖန္မႈကိုခံရၿပီး သူမပါ၀င္ထားသည့္ ေၾကာ္ျငာ႐ုပ္ပံုဖယ္ရွားခံလိုက္ရတဲ့ ေဒၚႏြဲ႕ႏြဲ႕စန္း

Written by Ms Cele

အင္တာဗ်ဴးတစ္ခုတြင္ ေျဖဆိုခဲ့သည့္ အေၾကာင္းအရာတစ္ခုေၾကာင့္ ပရိသတ္ေတြရဲ႕ေ၀ဖန္မႈကိုခံရၿပီး သူမပါ၀င္ထားသည့္ ေၾကာ္ျငာ႐ုပ္ပံုဖယ္ရွားခံလိုက္ရတဲ့ ေဒၚႏြဲ႕ႏြဲ႕စန္း

စစ္ေကာင္စီခန႔္ ျပန္ၾကားေရးဝန္ႀကီးဌာနက ျပဳလုပ္ေပး သည့္ ျမန္မာ့ ႐ုပ္ရွင္သက္ႀကီးပူေဇာ္ပြဲကို တက္ေရာက္ခဲ့သည့္ သက္ႀကီး သ႐ုပ္ေဆာင္ ေဒၚႏြဲ႕ႏြဲ႕စန္း ပါဝင္ထားသည့္ ေၾကာ္ျငာ႐ုပ္ပုံ ဖယ္ရွားခံ လိုက္ရေၾကာင္း သိရသည္။ အဆိုပါ ေၾကာ္ျငာမွာ Strategy First ေက်ာင္း၏ Waso Learn Mobile Application ေၾကာ္ျငာျဖစ္ၿပီး ယမန္ေန႔က စစ္ေကာင္စီ လက္ေအာက္ခံ သတင္းစာတြင္ ေျဖၾကားထားသည့္ ေဒၚႏြဲ႕ႏြဲ႕စန္း၏ အင္တာဗ်ဴးအေပၚ ေဝဖန္မႈမ်ား ျမင့္တက္ခဲ့ၿပီးေနာက္ တျခားေသာ အႏုပညာရွင္မ်ားႏွင့္အတူ ရိုက္ကူးထားသည့္ ဓာတ္ပုံထဲမွ ၎၏ပုံအား ဖယ္ရွားခံလိုက္ရျခင္း ျဖစ္သည္။

‌ေဒၚႏြဲ႕ႏြဲ႕စန္းက ၎မွာ အျဖဴေရာင္ အႏုပညာရွင္တဦး ျဖစ္ေၾကာင္း၊ အႏုပညာရွင္ သည္ အႏုပညာရွင္ ေနရာတြင္ ေနရမည္ ျဖစ္ေၾကာင္း၊ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္၏ ဇနီးျဖစ္သူအား မမၾကဴဟု ေခၚေဝၚကာ ေက်းဇူးတင္စကား ေျပာခဲ့ျခင္းမ်ား စသည္ျဖင့္ အင္တာဗ်ဴးတြင္ ေျပာဆိုထားသည္။ အဆိုပါ ေျပာစကားမ်ားအေပၚ ျပည္သူလူထုႏွင့္ အႏုပညာအသိုင္းအဝိုင္းက ေဝဖန္ေျပာဆိုခဲ့ၾကသလို ျမန္မာ့႐ုပ္ရွင္သက္ႀကီးပူေဇာ္ပြဲသို႔ တက္ေရာက္ခဲ့ၾကသည့္ အႏုပညာရွင္မ်ားလည္း ေဝဖန္ခံခဲ့ရသၫ္။

ေဒၚႏြဲ႕ႏြဲ႕စန္း ကဲ့သို႔ပင္ စစ္အာဏာရွင္ ကို ဆန႔္က်င္ေနသည့္ ျပည္သူမ်ားႏွင့္ အတူ ရပ္တည္မႈ မရွိေသာ ျဖဴျဖဴေထြး၊ စိုင္းစိုင္းခမ္းလွိုင္၊ေနျခည္ဦး စသည့္ နာမည္ႀကီး သ႐ုပ္ေဆာင္မ်ား ကိုလည္း သပိတ္ေမွာက္ရန္ တိုက္တြန္းမႈ မ်ားေၾကာင့္ ကုမၸဏီမ်ားက ၎တို႔၏ ကုန္ပစၥည္းေၾကာ္ျငာမ်ားတြင္ ထည့္သြင္းေၾကာ္ျငာေတာ့မည္ မဟုတ္ေၾကာင္း၊ ျပည္သူမ်ား မႀကိဳက္ႏွစ္သက္သည့္ အႏုပညာရွင္မ်ားႏွင့္ လက္တြဲ အလုပ္လုပ္သြားမည္ မဟုတ္ေၾကာင္းစသည္ျဖင့္ ေၾကညာခ်က္မ်ား ထုတ္ျပန္ခဲ့ၾကရသည္။ ပရိသတ္ႀကီးေရာ စိတ္ေက်နပ္မႈရွိရဲ့လားဆိုတာ ေရးေပးသြားၾကပါအုံးေနာ္…

Credit:Cele World

အင်တာဗျူးတစ်ခုတွင် ဖြေဆိုခဲ့သည့် အကြောင်းအရာတစ်ခုကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကိုခံရပြီး သူမပါဝင်ထားသည့် ကြော်ငြာရုပ်ပုံဖယ်ရှားခံလိုက်ရတဲ့ ဒေါ်နွဲ့နွဲ့စန်း

စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးဌာနက ပြုလုပ်ပေး သည့် မြန်မာ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရောက်ခဲ့သည့် သက်ကြီး သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း ပါဝင်ထားသည့် ကြော်ငြာရုပ်ပုံ ဖယ်ရှားခံ လိုက်ရကြောင်း သိရသည်။ အဆိုပါ ကြော်ငြာမှာ Strategy First ကျောင်း၏ Waso Learn Mobile Application ကြော်ငြာဖြစ်ပြီး ယမန်နေ့က စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွင် ဖြေကြားထားသည့် ဒေါ်နွဲ့နွဲ့စန်း၏ အင်တာဗျူးအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက် တခြားသော အနုပညာရှင်များနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံထဲမှ ၎င်း၏ပုံအား ဖယ်ရှားခံလိုက်ရခြင်း ဖြစ်သည်။

‌ဒေါ်နွဲ့နွဲ့စန်းက ၎င်းမှာ အဖြူရောင် အနုပညာရှင်တဦး ဖြစ်ကြောင်း၊ အနုပညာရှင် သည် အနုပညာရှင် နေရာတွင် နေရမည် ဖြစ်ကြောင်း၊ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဖြစ်သူအား မမကြူဟု ခေါ်ဝေါ်ကာ ကျေးဇူးတင်စကား ပြောခဲ့ခြင်းများ စသည်ဖြင့် အင်တာဗျူးတွင် ပြောဆိုထားသည်။ အဆိုပါ ပြောစကားများအပေါ် ပြည်သူလူထုနှင့် အနုပညာအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုခဲ့ကြသလို မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲသို့ တက်ရောက်ခဲ့ကြသည့် အနုပညာရှင်များလည်း ဝေဖန်ခံခဲ့ရသည်။

ဒေါ်နွဲ့နွဲ့စန်း ကဲ့သို့ပင် စစ်အာဏာရှင် ကို ဆန့်ကျင်နေသည့် ပြည်သူများနှင့် အတူ ရပ်တည်မှု မရှိသော ဖြူဖြူထွေး၊ စိုင်းစိုင်းခမ်းလှိုင်၊နေခြည်ဦး စသည့် နာမည်ကြီး သရုပ်ဆောင်များ ကိုလည်း သပိတ်မှောက်ရန် တိုက်တွန်းမှု များကြောင့် ကုမ္ပဏီများက ၎င်းတို့၏ ကုန်ပစ္စည်းကြော်ငြာများတွင် ထည့်သွင်းကြော်ငြာတော့မည် မဟုတ်ကြောင်း၊ ပြည်သူများ မကြိုက်နှစ်သက်သည့် အနုပညာရှင်များနှင့် လက်တွဲ အလုပ်လုပ်သွားမည် မဟုတ်ကြောင်းစသည်ဖြင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြရသည်။ ပရိသတ်ကြီးရော စိတ်ကျေနပ်မှုရှိရဲ့လားဆိုတာ ရေးပေးသွားကြပါအုံးနော်…

Credit:Cele World

About the author

Ms Cele

Leave a Comment