Knowledge

အင်မတန် တန်ခိုး ကြီးပြီး ဖူးမြော်ရ တကယ်ခက် တဲ့ ဝဋ်ကြွေးတော် ပြည့် ဘုရား

Written by Ms Cele

အင်မတန် တန်ခိုး ကြီးပြီး ဖူးမြော်ရ တကယ်ခက် တဲ့ ဝဋ်ကြွေးတော် ပြည့် ဘုရား

ဒီဘုရားသမိုင်းအကြောင်းလေး အချိန်တမိနစ်လောက်ပေး ဖတ်ကျိပေးပါ ပရိသတ်ကြီး သိပီးရင်လည်း ကျော်သွားနိင်ပါတယ် မသိသေးတဲ့ သူတွေတွက်ဖတ်ပေးပါ။ ဒီဘုရားကို ကျောက်ပိ ဘုရားလို့ခေါ်ပါတယ်ဘီးလင်းမြို့မှာတည်ရှိတာလည်းဖြစ်ပါတယ်။

ဘုရားကိုဖူးမြော်မယ်ဆို တောင်အထွတ်ထိပ်ထိတက်ရပါတယ်အရင်က သူပုန်နယ်မြေမို့ဘုရားကိုဖူးရန်မလွယ်လှပါဘူးဘုရားရဲ့သမိုင်းကို နည်းနည်းလေးရှင်းပြပါရစေ ဘုရားပေါ်မှာပိနေတဲ့ကျောက်တုံးကြီးက ရိုးရိုးကျောက်တုံးမဟုတ်ပါဘူး ဖားပုံစံ ရှိတဲ့ဖားကျောက်တုံးကြီးပိနေတာပါ။

တာဝန်ရှိလူကြီးတွေကို မေးမြန်းကြည့်တဲ့ အခါ ဝဋ်ကြွေးတော်ပြည့်ဘုရားလို့လည်းပြောကြပါတယ်။ဘုရားဟာရဟန်းဏာ ဘဝက ဖားတကောင်အပေါ် အမှတ်မထင် အနာတရဖြစ်စေမှုကြောင့် ဝဋ်ကြွေးပြန်ခံရတာလို့ရှင်းပြပေးပါတယ်

ထို့ကြောင့် ဘုရားတောင်မှ မနေရ တို့ကဘာမို့လဲ ဆိုတဲ့စကားပေါ်ခဲ့သလို မျိုးပေါ့ ဒီဘုရားဟာ တမင်တည်တာမျိုးမဟုတ်ပဲ ကျောက်တုံး အောက်က သူ့အလိုလို ဖြစ်တည်လာတာကို ရွှေချထားတာပဲဖြစ်ပါတယ်။

အင်မတန်တန်ခိုးကြီးပါတယ် ကျမကိုယ်တိုင် သထုံကတာဝန်ရှိ လူကြီးတွေကိုယ်တိုင် လိုက်ပို့လို့ ဖူးမြော်ခွင့်ရခဲ့တာပါ ကျောက်တုံးဟာ တဖြည်းဖြည်းနဲ့ ဘုရားခြေတော်လွတ်တဲ့ ထိဖြစ်လာပါပီ ဆိုလိုချင်တာက ဝဋ်ကြွေးကြေပီလို့ပါ

အင်မတန်လေးလံဖားပုံစံကျောက်တုံး ပိတဲ့ ဝေဒနာကိုခံစားပီး ရဟန်းတပါးဟာ ပျံလွန်ပီး နှစ်အတော် ကြာတော့ ဘုရားပေါ်လာတာဖြစ်ပါတယ်လို့ တာဝန်ရှိလူကြီးတွေကပြောပါတယ်။

တကယ်ဖူးမြော်ရခက်ပါတယ် ယခုအခါလူတွေသိလာကြပီမို့ ဘုရား ပတ်လည်ကို ဘောင်ခတ်လိုက်ပါပီ အနီးကပ်ဖူးမြော်ရန်မလွယ်လှတော့ပါဘူး သူငယ်ချင်းတို့ဖူးခွင့်ရအောင်တင်ပေးလိုက်ပါတယ်

စာရှည်သွားရင်ခွင့်လွှတ်ပါ နားမလည်မာဆိုးလို့သေချာပြောပေးတာပါ Share ပီးယုံယုံကြည်ကြည်ဆုတောင်းလိုက်ပါကျမဒီဘုရားကိုဖူးခွင့်ရပီး နောက်ပိုင်းကံတွေအရမ်းတက်ခဲ့တယ်တကယ်ထူးခြားပါတယ်

သထုံနယ်အစွန်ဖျားမို့လူတွေအရင်ကသိပ်မသိခဲ့တာပါ။ယခုကျိုက်ထီးရိုးဘုရားလိုနမာည်ကြီးတန်ခိုးကြီးဘုရားတစ်ဆူဖြစ်လာပါပီရှင့်ကျမကိုယ်တိုင်အနီးကပ်ဖူးမြော်ခွင့်ရခဲ့တာပါသင်လိုရာဆုတောင်းပါတော့ဖူးမြော်ပါလော့

ဘုရားတောင်မှ တမင်ဆိုတဲ့စိတ်နဲ့ မဟုတ်ပါပဲ ဖားလေးအပေါ် ရဟန်းဘဝက အနာတရဖြစ်စေခဲ့မိလို့ ယခုဘုရားဘဝမာ တောင်ဝဋ်ခံရရင် ကျမတို့လို့ပုထုစဉ်တွေ ဆိုရင်တော့ ဘယ်ပြောကောင်းမလဲရှင် အားလုံး စိတ်ထားသဘောထား ပြည့်ဝဖြူစင်စွာလေးထားနိင်ကြပါစေရှင့်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဆကေသမဟာဓာတုဝင် မဲလံဆံတော်ရှင်စေတီတော် နှင့် ကျောက်ပိ ရဟန္တာ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဆကေသမဟာဓာတုဝင် မဲလံဆံတော်ရှင်စေတီတော် ပေပေါင်း ၈၆ဝ မြင့်သော နာဂပဗ္ဗတတောင်ထွတ်များတွင် ကျောက်တုံးကြီးသုံးလုံးဆင့်၍ တည်ထားသော ရွှေစေတီလေးသည်

ဆ ကေသမဟာဓာတုဝင် မဲလံဆံတော် ရှင်စေတီတော်ဖြစ်ပြီး အပေါ်ဆုံး ကျောက်တုံးအတွင်း မြတ်စွာဘုရား၏ ဆံတော်တစ်ဆူ ဌာပနာထားပါ သည်။

မြတ်စွာဘုရား သုဝဏ္ဏ ဘူမိ သထုံပြည်သို့ ဒေသစာရီ ကြွရောက်စဉ် မဲလံရသေ့ကြီးကို ပေးသနားသော ဆံတော်အား ဌာပနာ ထားသဖြင့် မဲလံဆံတော်ရှင်ဟု ကျော်ကြားထင်ရှားခြင်း ဖြစ်ပါသည်။

တစ်လုံးပေါ် တစ်လုံးဆင့်နေသော ကျောက်တုံးကြီး သုံးလုံးပေါ် တွင် တည်ထားသည့် ရွှေစေတီလေးသည် ဉာဏ်တော် ၁၃ တောင်မြင့်ပြီး

အောက်ခြေကျောက်တုံးမှ စိန်ဖူး တော်အထိ သံတောင် ၂၈ တောင်သာ မြင့်သော်လည်း တောင်ခြေရင်းမှ လှမ်းမျှော်ကြည့်လျှင် တိမ်ယံကြားတွင် တည်ထားသကဲ့သို့ ထင်မှတ်ကြည် ညိုရပါ သည်။

ကျောက်တုံးကြီးသုံးလုံး ဆင့်၍ တည်ထားသည့်
မဲလံဆံတော် ရှင်၏ ပုံရိပ်သည် အလွန်ထူးခြားပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားသော ဘုရားစေတီများနှင့် လုံးဝမတူညီကြောင်း ပေါ်လွင်နေပါသည်။

မဲလံဆံတော်ရှင်စေတီ တည်ထားသည့် ကျောက်တုံးကြီး သုံးလုံး အနက် အောက်ခြေကျောက်တုံးကြီးသည် အမြင့် ၃ ပေခွဲ၊ ဗျက် ၁၂ ပေနှင့် အရှည် ၃၂ ပေခန့် ရှိပါသည်။

ထို ကျောက်တုံးပေါ်ရှိ သခွားသီးပုံစံ ကျောက်တုံးကြီးသည် အမြင့် ၈ ပေခွဲ၊ လုံးပတ် ၉၅ ပေရှိပြီး အလွန်မတ် စောက်သည့် တောင်စောင်းတွင် မေး တင်လျက် အံ့သြဖွယ် တည်ရှိနေပါ သည်။

ဒုတိယကျောက်တုံးပေါ်ရှိ အထက်ပစ္စယံဟု ခေါ်ဆိုရမည့် ကျောက်တုံးမှာ အမြင့် ၁ဝ ပေ၊ လုံး ပတ် ၄၄ ပေရှိပြီး ဒုတိယကျောက် တုံး၏ အစွန်ပိုင်းတွင် တည်ရှိနေပါသည်။

ထိုကျောက်တုံးကြီးသုံးလုံးသည် သဘာဝအတိုင်း ဖြစ်ပေါ်နေ သော ကျောက်သား ပကတိ ကျောက်သားအစစ်ကျောက်တုံးများဖြစ်သော်လည်း ဘုရားရှင်၏ဆံတော်ဓာတ်မြတ်ကို ဌာပနာ ထားခြင်း ဖြစ်သောကြောင့် နှစ်ပေါင်း ရာထောင်ချီ ၍ တည်တံ့ခိုင်မြဲနေခြင်း ဖြစ်ပါသည်။

ဗုဒ္ဓ၏ ဆံတော်များ သာသနာ ၅ဝဝဝ တည်တံ့ခိုင်မြဲ အပူဇော်ခံနိုင်ရန် အတွက် ထိုကျောက်တုံးများက တာ ဝန်ယူ စောင့်ရှောက်ထိန်းသိမ်းပေး ထားခြင်း ဖြစ်သည်ဟု လည်း ပြော နိုင်ပါသည်။

ဆံတော်တောင် မြောက် ဘက်ပိုင်းသည် နဂါးဦးခေါင်းနှင့် သဏ္ဌာန်တူပြီး တောင်တန်း တောင် စွယ် ကွေ့ကောက်နေပုံမှာ နဂါးကိုယ် လုံးနှင့် တူနေပါသည်။ တောင်ဘက် မဲလံချောင်းအတွင်း ဆင်းကွေးသွားသော တောင်ကြောမှာ နဂါးအမြီးနှင့် တူပါသည်။

ထို့ကြောင့် ဆံတော်ရှင် စေတီတော် တည်ထားသည့် ဆံတော် တောင်ကို အဝေးမှ လှမ်းမျှော်ကြည့် လျှင် နဂါးကြီးတစ်ကောင် လဲ လျောင်းနေသကဲ့သို့ ထင်မှတ်ရသဖြင့် နာဂပဗ္ဗတောင်ဟု ခေါ်ခြင်း ဖြစ်နိုင် ပါသည်။

မြတ်စွာဘုရား၏ ဆံတော်ဓာတ်မြတ်ကို ဌာပနာထားသည့် မဲလံဆံတော်ရှင်စေတီတော်သည် မွန်ပြည်နယ်၊ ဘီးလင်းမြို့ မြောက် ဘက် ၁၄ မိုင် ၅ ဖာလုံအကွာ၊ ဘီးလင်း-ဖာပွန်ကားလမ်းအနီး၊ ဘီးလင်းချောင်း အနောက်ဘက်ကမ်း၌ မေးတင်လျက် ရှိသဖြင့်

မြို့ပြနှင့်လည်း မနီး၊ ခရီးက လည်း ကွာဝေး၊ တောတောင်လျှို မြောင် ထူပြောသော ကန္တာရခရီး လည်း ဖြစ်သဖြင့် လူသူအရောက် အပေါက် နည်းခဲ့သော်လည်း

သက္က ရာဇ် ၁၂၈၇ ခုနှစ်တွင် ဘီးလင်း- ဖာပွန်ကားလမ်း ဖောက်ပြီးသောအခါ ရှေးကထက် လူသိများလာပြီး ဘုရား ဖူးများ စည်ကားလာခဲ့ကြောင်း သိရ ပါသည်။

မဟာသက္ကရာဇ် ၁၁၁ ခုနှစ် တွင်မြတ်စွာဘုရား သုဝဏ္ဏဘူမိ သထုံပြည်သို့ ကြွတော်မူစဉ် လောကီ ဈာန် အဘိဉာဉ်ရသော တိဿ၊ သီဟ၊ နုဒ္ဓဉာဏ၊ ဒိဗ္ဗစက္ခုဘယ၊ တိလနှင့် မဲလံ ရသေ့မြတ်ခြောက်ပါးတို့အား ဆံတော်တစ်ဆူစီ ပထမဆုံး ပေးသနားတော် မူခဲ့ပြီး

ထိုဆံတော်များ ဌာပနာထားသည့် ဆံတော်ရှင် စေတီတော်များသည် ဆကေသမဟာ ဓာတုဝင်များအဖြစ် သာသနာသမိုင်း တွင် ထင်ရှားခဲ့ပါသည်။

မြတ်စွာဘုရား ကိုယ်တော် တိုင် ရသေ့များကို ဆံတော်များ ပေး သနားစဉ် ရသေ့ခြောက်ပါးစီ အုပ်စု နှစ်ခုရှိပြီး ပထမအုပ်စုကို တိဿနှင့် သီဟရသေ့ညီနောင်က ဦးဆောင်ပါ သည်။

ဒုတိယအုပ်စုကို ကပ္ပရသေ့ က ဦးဆောင်ပြီး နတ်ဘီလူးညီနောင် လည်း ထူးခြားစွာ ပါဝင်ကြောင်း သိရပါသည်။

ဆံတော်တစ်ဆူစီ ပေးသနားခြင်းခံရသော ရသေ့များကိုဘွဲ့များဖြင့် ရေးသားထားရာတွင် မဲလံ ရသေ့ကြီး ကို ပထမအုပ်စုတွင် ရေးထားခြင်းရှိသကဲ့သို့ ဒုတိယအုပ်စုတွင် ရေးထားခြင်းလည်းရှိကြောင်း တွေ့ရပါသည်။

မဲလံဆံတော်ရှင် ၏ ဂေါပကအဖွဲ့မှ ထုတ်ဝေသော ဘုရား သမိုင်းစာအုပ်တွင်မူ မဲလံရသေ့ကြီးကို ပထမအုပ်စုတွင် ထည့်သွင်းထားပါ သည်။

ထိုသို့ ရသေ့အုပ်စုနှစ်ခုစလုံးတွင် ပါဝင်နေသောကြောင့် မဲလံရသေ့ကြီး ဆံတော်တစ်ဆူ ရရှိခြင်းနှင့် ပတ် သက်၍ အငြင်းပွားစရာ မလိုဘဲ သမိုင်းအထောက်အထား ပိုမိုခိုင်မာ လာသည်ဟုပင် ဆိုနိုင်ပါသည်။

မြတ်စွာဘုရား၏ ဆံတော် များ ဌာပနာထားသည့် ဆံတော်ရှင် စေတီတော်များကို တည်ဦးစက ဘုန်းသမ္ဘာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် သူတော်စင် သူတော်ကောင်းများ တည်ထားခြင်း ဖြစ်သော်လည်း

မြို့ပြနှင့်လည်းမနီး၊ လူသူနှင့် လည်း ဝေး ကွာသောကြောင့် နှစ် ပေါင်းများစွာ ဒေသစာရီ ကျင့်ခဲ့ရ သော်လည်း သာသနာတော်တစ်ဝက် ဤမှာဘက်တွင်မူ ဗုဒ္ဓသာသနာတော် သည် တန်ဆောင်ဆီမီးကဲ့သို့ ညီးညီးထိန်ထိန် ထွန်းလင်းတောက်ပလာခဲ့ ပါသည်။

ဘုရားရှင်၏ သာသနာ နေလို လလို ထွန်းလင်းတောက် ပလာ ခြင်းသည် သာသနာပြုပုဂ္ဂိုလ်ကျော် ဆရာတော်ကြီးများ၏ လုံ့လဝီရိယ ကြောင့်ဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် အားလုံးလက်ခံထားကြပါသည်။

ဆကေသမဟာဓာတုဝင် ဆံတော်ရှင် စေတီတော်များ ပြန်လည်ပေါ်ထွန်း လာခြင်းသည် သာသနာတော် တစ် ခေတ်ဆန်းလာခြင်း ဖြစ်ပါသည်။ စေတနာသဒ္ဓါ ထက်သန်သူများ ဆံ တော်ရှင်စေတီတော်များကို ဖူးနိုင်ရန် ဖန်တီးပေးခြင်းလည်း ဖြစ်ပါသည်။

လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံ လွှမ်းမိုးကြီးစိုးစဉ်က ဘီး လင်းမြို့ အပြင်ဘက်သည် အနက် ရောင်နယ်မြေ ဖြစ်သဖြင့် မည်သူမျှ မြို့ပြင်မထွက်ဝံ့သော်လည်း

ယခုအခါ မဲလံဆံတော်ရှင်အပါအဝင် ရှေး ဟောင်းဘုရားစေတီအားလုံးသို့ လွတ် လပ်ပေါ့ပါးစွာ ဘုရားဖူး သွားနိုင်ခြင်းမှာ မြိုင်ကြီးငူဆရာတော်၏ ကြိုးပမ်း အားထုတ်မှုကြောင့် ဖြစ်ပါသည်။

သက္ကရာဇ် ၁၃၆၅ ခုနှစ်တွင် မဲလံဆံတော်ရှင် စေတီတော်သို့ မြိုင်ကြီးငူဆရာတော် သာသနာပြုရန် ရောက်ရှိလာခြင်းသည် မဲလံ ဆံတော်ရှင်၏ သမိုင်းကို အသစ်တစ် ဖန် ရေးသားခြင်း ဖြစ်ပါသည်။

အခက်အခဲပေါင်းစုံ၊ ပြဿနာပေါင်းစုံ၊ အန္တရာယ်ပေါင်းစုံကို ရင်ဆိုင်ဖြေရှင်း ကာ မဲလံဆံတော် ရှင် သာသနာ ပွင့်လင်းရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

မြိုင်ကြီးငူဆရာတော်သည် ၁၃၆၅ ခုနှစ်၊ ပြာသိုလတွင် အသံမစဲ ပဋ္ဌာန်း ပွဲဖြင့် သာသနာပြုလုပ်ငန်း စတင်ဖွင့်လှစ်ခဲ့ပြီး ဉာဏ်တော် ၁၂ တောင် ရှိသည့် ဆံတော်ရှင် စေတီ တော်ဟောင်းကို ငုံ၍ ဉာဏ်တော် ၁၃ တောင်ရှိသော စေတီတော်သစ် တည်ခဲ့ပါသည်။

ထီးတော်ဟောင်း နေရာတွင် ထီးတော်သစ်ကို တင်လှူ ပူဇော်နိုင်ခဲ့ပါသည်။ ၁၃၆၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက်တွင် ရွှေထီးတော်သစ် တင်လှူပူဇော်ပြီးသောအခါ မဲလံဆံတော်ရှင် စေတီတော်သည် မူလစေတီမဟုတ်တော့ဘဲ ရာနှုန်းပြည့် စေတီတော်သစ် ဖြစ်ပွားခဲ့ပါသည်။

ဆံတော်ရှင်စေတီတော် တစ်ဆူလုံး ပကတိအသစ် ဖြစ်သွား ပြီး ရွှေရောင်ဝင်းလက် တောက်ပနေ သော်လည်း အောက်ခြေတွင် ခံထားသော ကျောက်တုံးကြီးသုံးလုံးမှာ မူလအတိုင်း ကျောက်သားအရောင် ဖြစ်နေသဖြင့် မလိုက်ဖက်သောကြောင့်

ကျောက် တုံးကြီးသုံးတုံးကို ရွှေဆိုင်း ၈ဝဝ ကျော်ဖြင့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်ခဲ့ရာ ၂၈ တောင်မြင့်သော ဆံ တော်တောင်တစ်ခု လုံး ရွှေတောင်ကြီး အလား ဝင်းလက်တောက်ကြွား လာခဲ့ ပါသည်။

မဲလံဆံတော်ရှင် တောင်ပေါ်တွင် ထူးခြားချက်များစွာရှိသည့်အနက်ဘုရားဖူးများ စိတ်အဝင်စားဆုံးမှာ ကျောက်ပိရဟန္တာ ရုပ်တုတော် ဖြစ်ပါသည်။

ယခင်က ကျောက်ပိ ရဟန္တာဟု မကြားဖူးသော်လည်း တို တောင်းသောအချိန်အတွင်း ထင်ရှား လာခြင်းမှာ ဘုရားဖူးအဖွဲ့များ၏ နှိုးဆော်မှုကြောင့် ဖြစ်နိုင်ပါသည်။

ကျောက်ပိရဟန္တာသည် နိပါတ်တော်လာ အရှင်ကုမာရကဿပ ရဟန္တာ အရှင်မြတ် ပရိနိဗ္ဗာန် ပြုနေပုံဖြစ်ပြီး ဆံတော်ရှင်စေတီတော်၏ တောင်ဘက် ကိုက် ၁၄ဝ ခန့်အကွာ ကျောက်တုံးကြားတွင် ထူးဆန်း စွာ တည်ရှိသဖြင့် ကျောက်ပိရဟန္တာဟု ကျော်ကြားခြင်း ဖြစ်ပါသည်။

ဆံတော်ရှင်စေတီတော်အား ဦးခေါင်းပြုလျက် တောင်ဘက် သို့ ခြေဆင်းထားသည့် ရဟန္တာရုပ် ပွားတော်သည် ကျောက်သား အစစ် ဖြစ်ပြီး ဉာဏ်တော် ၁၂ တောင်ခန့် ရှိပါသည်။

အလောင်းတော် ကိန်းဝပ် ရာ ကျောက်သားလိုဏ်သည် အမြင့် တစ်တောင်ခန့် ရှိပြီး အကျယ်မှာ နှစ်တောင်ခန့်သာရှိသဖြင့် ကျောက်တောင်ကြားတွင် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ပရိနိဗ္ဗာန် စံသွားကြောင်း ပေါ် လွင်နေပါသည်။

အပေါ်မှ အုပ်မိုး နေသော ကျောက်တုံးကြီးမှာ အလွန် ကြီးမားသဖြင့် အလောင်းတော်၏ အောက်ပိုင်းကို မမြင်နိုင် ပါ။

ကျောက် ပိရဟန္တာပုံတော်ကို ကင်းရွာ၊ ကျောက် လုံးကြီးလေသာ ဂိုဏ်းချုပ်ဆရာတော် ဦးတရုတ်ဖြူက ၁၂၈၈ ခုနှစ်တွင် ပုံတော်ဖွင့်ပူဇော်ခဲ့ခြင်း ဖြစ်သဖြင့် သက်တမ်းအားဖြင့် ၈၈ နှစ်ကြာမြင့် နေကြောင်း သိရပါသည်။

ရှေးဝဋ် ကြွေးကြောင့် ကျောက် တုံးအောက်တွင် ပရိနိဗ္ဗာန်စံဝင်ရသော ကုမာရ ကဿပပုံတော်ကို ယခုအခါ ရွှေသင်္ကန်း ကပ်လှူပြီး ဆေးရောင်စုံ ခြယ်ထားသဖြင့် ပီပြင် စွာ ဖူးမြင်နိုင်ပါသည်။

ဝဋ်ကြွေးရှိလျှင် ပြေးမလွတ်ကြောင်း ရဟန္တာပင် ဝဋ်ကြွေးဆပ်ရကြောင်း နှောင်းလူများကို သတိပေး နေသည် ဟု ထင်မှတ်မိပါသည်။

ဆကေသာဓာတုဝင် မဲလံဆံတော်ရှင်စေတီတော်နှင့် ကျောက်ပိရဟန္တာပုံတော်ကိုဖူးပြီးလျှင် ကျောက်တံခါးစေတီ၊ ဆုတောင်းပြည့် စေ တီ၊

နောင်တော်ကြီးစေတီ၊ ကျောက်တော်ကြီးစေတီ၊ ယင်းအုံ စေတီ၊ ပြင်သာစေတီ၊ နယ်ခြားစေတီ၊ ပြည်လုံးချမ်း သာစေတီ၊ တောင် စွန်း စေတီ၊ မဲနသံစေတီ၊ ကျောက်သင်္ဘော စေတီ၊

ကျိုက်ထီးရိုးလေးစေတီများကို လည်း တစ်တောင်ဆင်း တစ်တောင် တက် ဆက်လက်ဖူးမြော်နိုင်ပါသည်။ မဲလံဆံတော်ရှင်စေတီတော်နယ်မြေ သည် သက်သတ်လွတ်နယ်မြေ ဖြစ်ပြီး တပေါင်းလတွင် ဘုရား ပွဲတော် ကျင်းပကြောင်း သိရပါသည်။

About the author

Ms Cele

Leave a Comment