Celebrity

အင္းယားစင္တာရွိ ကိုဗစ္ လူနာမ်ားနဲ႔ ဆရာဝန္ ဝန္ထမ္းမ်ားကို သြားေရာက္ အားေပးစကားေျပာရင္း ေတြ႕ဆံုခဲ့တဲ့ ခင္၀င့္ဝါ

Written by Ms Cele

အင္းယားစင္တာရွိ ကိုဗစ္ လူနာမ်ားနဲ႔ ဆရာဝန္ ဝန္ထမ္းမ်ားကို သြားေရာက္ အားေပးစကားေျပာရင္း ေတြ႕ဆံုခဲ့တဲ့ ခင္၀င့္ဝါ

ခင္ဝင့္ဝါ တစ္ေယာက္ ကေတာ့ ကေလးဆန္တဲ့ အမူအရာေလးေတြေၾကာင့္လည္း ပရိသတ္ေတြရဲ့ အခ်စ္ေတြကို သိမ္းပိုက္ယူနိုင္ခဲ့တဲ့ သူေလးပဲျဖစ္ပါတယ္။ အႏုပညာေလာက ထဲကို ေမာ္လ္ဒယ္ တစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္ခဲ့ၿပီး ယခုမွာေတာ့ သ႐ုပ္ေဆာင္ ေကာင္းတစ္ေယာက္ျဖစ္ကာ ပရိသတ္ေတြရဲ့ ခ်စ္ခင္မႈကို အျပည့္အဝရရွိထားသူေလးပါ ။

အျပဳံးခ်ိဴခ်ိဴေလး ေတြရယ္ ခ်စ္စရာ ဟန္ပန္ေလးေတြရယ္နဲ႔ အျမဲတမ္း သ႐ုပ္ေဆာင္ တတ္တာေၾကာင့္ ပရိသတ္ေတြက အသဲစြဲေန ရသူလည္းျဖစ္ပါတယ္။ရိုးရိုးယဥ္ယဥ္ေလးနဲ႔လွတဲ့သူမကေတာ့ အေနေအးၿပီး အႏုပညာေလာကမွာ ပရိသတ္ အခိုင္မာရကာ ေအာင္ျမင္မႈကို ပိုင္ဆိုင္ထား တာလည္းျဖစ္ပါတယ္။

လတ္တေလာ မွာေတာ့ အင္းယားစင္တာရဲ့ ဖိတ္ၾကားမႈျဖင့္ သူမကိုယ္တိုင္ သြားေရာက္ကာ ကိုဗစ္လူနာမ်ား ဆရာဝန္မ်ားနဲ႔ ဝန္ထမ္းမ်ားကို အားေပး စကားေျပာရင္း ရင္းႏွီးေဖာ္​ေရြစြာ ဆက္ဆံခဲ့တဲ့ဗီဒီယိုေလးကိုေဖာ္ျပထား တာျဖစ္ပါတယ္။ ဗီဒီယိုေလးနဲ႔အတူ “အင္းယားစင္တာ ရဲ့ ဖိတ္ၾကားမႈေၾကာင့္ အင္းယားစင္တာ သို႔ သြားေရာက္အားေပးျဖစ္ခဲ့ပါသည္။အားလုံးအတူတူ အားတင္းထားၾကရေအာင္ေနာ္ ” ဆိုတဲ့စာေလးကိုပါေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ မၽွေဝေပးရင္း အားလုံးလည္း ဒီေရာဂါကပ္ဆိုးႀကီး ကေန ကင္းေဝးၾကပါေစ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Zone

အင်းယားစင်တာရှိ ကိုဗစ် လူနာများနဲ့ ဆရာဝန် ဝန်ထမ်းများကို သွားရောက် အားပေးစကားပြောရင်း တွေ့ဆုံခဲ့တဲ့ ခင်ဝင့်ဝါ

ခင်ဝင့်ဝါ တစ်ယောက် ကတော့ ကလေးဆန်တဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ယူနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ အနုပညာလောက ထဲကို မော်လ်ဒယ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ယခုမှာတော့ သရုပ်ဆောင် ကောင်းတစ်ယောက်ဖြစ်ကာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားသူလေးပါ ။

အပြုံးချိူချိူလေး တွေရယ် ချစ်စရာ ဟန်ပန်လေးတွေရယ်နဲ့ အမြဲတမ်း သရုပ်ဆောင် တတ်တာကြောင့် ပရိသတ်တွေက အသဲစွဲနေ ရသူလည်းဖြစ်ပါတယ်။ရိုးရိုးယဉ်ယဉ်လေးနဲ့လှတဲ့သူမကတော့ အနေအေးပြီး အနုပညာလောကမှာ ပရိသတ် အခိုင်မာရကာ အောင်မြင်မှုကို ပိုင်ဆိုင်ထား တာလည်းဖြစ်ပါတယ်။

လတ်တလော မှာတော့ အင်းယားစင်တာရဲ့ ဖိတ်ကြားမှုဖြင့် သူမကိုယ်တိုင် သွားရောက်ကာ ကိုဗစ်လူနာများ ဆရာဝန်များနဲ့ ဝန်ထမ်းများကို အားပေး စကားပြောရင်း ရင်းနှီးဖော်​ရွေစွာ ဆက်ဆံခဲ့တဲ့ဗီဒီယိုလေးကိုဖော်ပြထား တာဖြစ်ပါတယ်။ ဗီဒီယိုလေးနဲ့အတူ “အင်းယားစင်တာ ရဲ့ ဖိတ်ကြားမှုကြောင့် အင်းယားစင်တာ သို့ သွားရောက်အားပေးဖြစ်ခဲ့ပါသည်။အားလုံးအတူတူ အားတင်းထားကြရအောင်နော် ” ဆိုတဲ့စာလေးကိုပါဖော်ပြထားရာ ပရိသတ်ကြီးအတွက် မျှဝေပေးရင်း အားလုံးလည်း ဒီရောဂါကပ်ဆိုးကြီး ကနေ ကင်းဝေးကြပါစေ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment