Celebrity


Written by Ms Cele





Credit

အစပိုင်းမှာတက်ကြွစွာပါဝင်ပြီး ယခုချိန်မှာ ငြိမ်နေတာကြောင့် ဝေဖန်မှုတွေကို ခံနေရတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ

မင်္ဂလာပါ ပရိသတ်ကြီးရေ….. သရုပ်ဆောင် စမိုင်းလ် ကိုတော့ အားလုံးလည်း သိကြမယ် ထင်ပါတယ်နော်။ သူမ ကိုတော့ အလှူ အတန်းတွေ အရမ်းလုပ်ပြီး ခင်ပွန်း ကလည်း အသည်းတုန်မတတ် ချစ်တာကြောင့် မိန်းကလေး အများစုက အားကျနေကြ တာပါနော်။ သူတို့ရဲ့ ကြွယ်ဝ ချမ်းသာမှုတွေကို ကြည့်ပြီး အံ့ဩနေကြသူ တွေလည်း ရှိပါတယ်နော်။

ဘယ်လို စီးပွားရေး လုပ်ငန်းတွေကြောင့် အခုလို ချမ်းသာလာ တာလည်းလို့ အများစုက မေးခွန်းထုတ် နေကြပါတယ်။ စမိုင်းလ်ကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က လင်မယားနှစ်ယောက်လုံး ပြည်ပနိုင်ငံတွင် အခြေချနေထိုင်ကာ နှစ်ယောက် အတူ အလုပ်လုပ်ကိုင် ခဲ့တာ ကြောင့် အခုလို ချမ်းသာလာတာလို့ သူမ ရဲ့ အကောင့်မှာ ရေးသားထား ဖူးပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်လုံးက အမေစု ကို ချစ်ခင်ကြပြီး ICJ အထိတောင် သွားရောက် ဝန်းရံခဲ့ကြတာပါ။

အခုလက်ရှိ ဖြစ်နေတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေ မှာလည်း အစပိုင်းတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး မတ်လပိုင်း မှာတော့ ဘာလှုပ်ရှားမှု များမှ မတွေ့ရတော့ပါ။ သူမကိုတော့ အခွန်+တိမ်း+ရှောင်ခြင်း၊ မူး+ယစ်+ဆေး+ဝါး+ဖြန့်ဖြူးခြင်း၊လက်+နက်မော+င်ခိုပြုလုပ်ခြင်း၊ OIC မှ …. ဒေါ်လာ ၅ သန်းအား စမိုင်းလ်းရဲ့ ခင်ပွန်း ပြည့်မောင် မှ LA တွင် ရယူထားခြင်းတွေ့ရှိကြောင်း လိုင်းပေါ်တွင် ပြန့်နေပေမယ့်လည်း ဒီအကြောင်းနဲ့ ပတ်သက် ပြီး စမိုင်းလ် ဘက်မှ ဘာတုံ့ပြန်မှုမှတော့ မရှိသေး ပါဘူး။

Credit

About the author

Ms Cele

Leave a Comment