Celebrity


Written by Ms Cele





Source – Khin Thazin
Credit ; CeleZone

အစာအိမ်ရောဂါကြောင့် ဆေးရုံမှာ ရုတ်တရက်ဆေးကုသမှုခံယူနေရတဲ့ သရုပ်ဆောင်ခင်သဇင်

ပရိသတ်ကြီးရေ ခင်သဇင် ကတော့ မနေ့ စက်တင်ဘာလ (၂၁)ရက်နေ့ညနေပိုင်း လောက်က ရုတ်တရတ်ဆေးရုံ တက်ရောက်ခဲ့ရပါတယ်။ ခင်သဇင် ကတော့ ဆေးရုံကို အစာအိမ်ရောဂါကြောင့် တက်ရောက်ခဲ့ရ တာဖြစ်တယ်လို့ လည်း ဆေးရုံတက်ရောက်နေရကြောင်း သူ့ရဲ့လူမှုကွန်ရက်စ ာမျက်နှာကနေ သူ့ရဲ့ပရိသတ်တွေ ကို အသိပေးလာခဲ့တာပါ။

အခုလို အစာအိမ်ရောဂါဖြစ် တာကြောင့် ဆေးရုံတက်ခဲ့ရတာနဲ့အတူ အခုလို ကာလမှာ စိတ်ဖိစိမှုတွေဖြစ်ရ တာကြောင့် ပရိသတ်တွေလည်း ကျန်းမာရေးကို ဂရုစိုက်ကြဖို့နဲ့ သူ့လို နာတာရှည်ရောဂါမျိုး မဖြစ်အောင် အထူးဂရုစိုက်ကြဖို့လည်း တိုက်တွန်းထားခဲ့ပါသေးတယ်။ နာတာရှည်ရောဂါကြောင့် လောကကြီးမှာ ရှင်သန်ရတာ တပန်းရှုံးပြီး စွန်လွတ်လိုက်ရတဲ့ ကိစ္စတွေတောင်ရှိကြောင်း ပရိသတ်တွေကို သူ့ရဲ့ကိုယ်တွေကြုံခဲ့ရတာတွေရှိကြောင်းလည်း ပြောပြထားခဲ့ပါသေးတယ်။

ခင်သဇင်ရဲ့ သတင်းလေးကြောင့် သူ့ရဲ့ပရိသတ်တွေနဲ့ အနုပညာ မောင်နှမတွေက အမြန်ဆုံး သက်သာစေဖို့ ဝိုင်းဝန် းဆုတောင်းပေးကြတဲ့ အတွက်လည်း ခင်သဇင်က ကျေးဇူးတင်ကြောင်းလည်း ပြောထားပါသေးတယ်။ ခင်သဇင်တစ်ယောက် အမြန်ဆုံးသက်သာပျောက်ကင်း ပါစေလို့ ကလည်း ဆုတောင်းပေးလိုက်ပါတယ်။

Source – Khin Thazin
Credit ; CeleZone

About the author

Ms Cele

Leave a Comment