Health & Fitness Knowledge

အစာ မစားခင် ရေသောက်ပြီး ပေါင် ၃ ပေါင် ချပေးနိုင်

Written by mscele

ကျန်းမာရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး ဆရာဝန်များရဲ့ စမ်းသပ် ဖော်ထုတ်ချက်အရ ရေသောက်ခြင်းဟာ ဝိတ်ကျစေကြောင်း ဆိုပါတယ်။ ဝိတ်ကျစေရန် သောက်ရန် အညွန်းက ဒီလိုပါ။ထမင်းစား ခါနီးတိုင်းမှာ 500ml (မီလီလီတာ) ပမာဏ ရှိတဲ့ ဖန်ခွက် တစ်ခွက်စာ ရေကို အရင် သောက်ရန် ဖြစ်ပါတယ်။ ယင်းကဲ့သို့ ရေပမာဏ သောက်ပြီးတော့ ထမင်းစားတဲ့အခါ ၁၂ ပတ် ကြာတော့ ဝိတ်ချတဲ့အခါ ဝိတ်က ၂.၈၇ ပေါင် (၃ပေါင် နီးပါး) ကျတာကို သွားတွေ့ရပါတယ်။

စုစုပေါင်း လူပေါင်း ၄၀ ကျော်ကို ယင်းကဲ့သို့ နေထိုင် စားသောက်ရန် စီမံ စောင့်ကြည့်ခဲ့ခြင်း ဖြစ်ပြီး ပျမ်းမျှ ယူထားခြင်းပါ။ အချို့ဆိုရင် ၃ ပေါင်မက ဝိတ်ကျသွားပါတယ်။ အခြား ၄၀ ဦးကိုတော့ ထမင်း မစားခင် ရေ မသောက်စေပဲ စားစေတဲ့အခါ အခြား အားကစားလည်း မလုပ်တာကြောင့် ဝိတ် ပိုတောင် တက်လာ ပါတယ်။

ဒါကြောင့်မို့ ထမင်း မစားခင် ရေတစ်ဖန်ခွက် သောက်ခြင်းဟာ ဝိတ်ကျရန် အင်မတန် အထောက်အကူ ပြုစေပါတယ်။ စုစုပေါင်း ၁၂ ပတ်တာ ကာလအတွင်း ၃ ပေါင်နီးပါး ကျတာကြောင့် ရှေ့ဆက် ဆက်ပြီး သောက်တဲ့ အလေ့အထ ကို ပြုလုပ်ခြင်းကြောင့် ပိုလို့ ကျလာနိုင်ကြောင်း ရေးသားဖော်ပြထားပါတယ်။

ဘယ်သွားသွား ရေဘူးဆောင်ပါ။

ရေသောက်ပြီး ဝိတ်ချမယ်လို့ဆုံးဖြတ်လိုက်ပါပြီရဲ့….ရေဘူးက ကိုယ့်အနားမှာမရှိရင် ဘယ်လိုလုပ်ရေသောက်ဖြစ်မလဲ။ အဲ့တာကြောင့်မို့လို့ ရေဘူးကို ကိုယ့်အနားမှာထားပြီး ရေဘူးကိုမြင်တိုင်း ရေသောက်ဖို့သတိရမှာပေါ့နော်။

ရေအစားထိုး ရေနွေးကြမ်းသောက်ပါ။

ရေကိုသောက်နေကျမဟုတ်ရင် မသောက်ချင်တော့ဘဲနဲ့ မုန်းနေတာမျိုးတွေ၊ ရေသောက်လိုက်တိုင်း ပျို့အန်တာမျိုးတွေကြုံဖူးတဲ့သူတချို့ရှိမှာပေါ့နော်။ ဒါဆိုရင်တော့ ရေအစားထိုး သစ်သီးဖျော်ရည်တွေ၊ လီမွန်တီး (ခေါ်) သံပုရာရေနွေးကြမ်း လိုမျိုးသောက်လို့ရပါတယ်။ ဒီလိုသောက်တဲ့အခါမှာလည်း ကယ်လိုရီမပါတဲ့ သဘာဝဖျော်ရည်မျိုးကို ဦးစားပေးပြီး သောက်သုံးသင့်ပါတယ်။

ရေဆာတိုင်း ရေသောက်ပါ။

တစ်ခါတစ်လေကျရင် “ ရေဆာလိုက်တာ…ရေဆာပြေ အအေးလေးသောက်လိုက်ဦးမယ်” ဆိုတာမျိုးတွေးဖူး၊ ဖြစ်ဖူးလား။ အဲ့လိုအချိန်မှာ အအေးမသောက်ပါနဲ့နော်။ ရေဆာတဲ့အချိန်မှာ ရေသောက်ပါ။ ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့ သကြားဓာတ်တွေ၊ ကယ်လ်လိုရီတွေဝင်သွားမှာစိုးလို့ပါ။

Alarm ပေးထားပါ။

သင်တို့ကိုယ်တိုင် ရေသောက်ဖို့သတိမရဘူးဆိုရင်တောင် သင့်ဖုန်းက သတိရနေမှာပါနော်။ သင်တို့ရဲ့ဖုန်းကို ၂ နာရီတစ်ခါ alarm ပေးလိုက်မယ်ဆိုရင် သင့်ကို ရေ၈ခွက်ထက်မနည်းသောက်သုံးဖြစ်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ နောက်ဆိုရင် alarm မြည်အောင်စောင့်စရာမလိုပဲနဲ့ ရေသောက်တတ်တဲ့အကျင့်က စွဲသွားပါလိမ့်မယ်နော်။

About the author

mscele

Leave a Comment