Celebrity

အစ္ကိုျဖစ္သူရဲ႕ လိပ္ျပာေလးကို ေအးခ်မ္းတဲ့ ဘုရားရိပ္တရားရိပ္ေလးမွာ သြားေရာက္ထားေပးခဲ့ေၾကာင္း ေျပာျပလာတဲ့ ေရမြန္ရဲ႕ညီမေလး

Written by Ms Cele

အစ္ကိုျဖစ္သူရဲ႕ လိပ္ျပာေလးကို ေအးခ်မ္းတဲ့ ဘုရားရိပ္တရားရိပ္ေလးမွာ သြားေရာက္ထားေပးခဲ့ေၾကာင္း ေျပာျပလာတဲ့ ေရမြန္ရဲ႕ညီမေလး

ထြက္သြားသူနဲ႔ က်န္ရစ္သူမွာ ထြက္သြားသူ ကသာ မသိေပမယ့္ က်န္ခဲ့တဲ့ မိသားစုေတြ ကေတာ့ ရင္ကြဲမတတ္ပါပဲေနာ္ ။ မ်က္ႏွာျမင္ ခ်စ္ခင္ပါေစ ဆုေလးကို မေတာင္းဘဲ ျပည့္ခဲ့တဲ့ အဆိုေတာ္ ေရမြန္ကေတာ့ အားလုံးကို ႏႈတ္ဆက္ကာ ထြက္ခြာ သြားေပမယ့္ သူ႔ကို ခ်စ္ခင္ေနၾကတဲ့ သူေတြအကုန္လုံးကေတာ့ ခုခ်ိန္အထိ သတိရကာ ဝမ္းနည္းေၾကကြဲၾကေနဆဲပါ ။

ေရမြန္ ညီမေလးျဖစ္သူ လျပည့္ကဗ်ာ ဆိုလည္း အစ္ကိုျဖစ္သူကို အရမ္း ခ်စ္လြန္းလို႔ ဒီေန႔ထိ လြမ္းဆြတ္သတိရေနေၾကာင္း သူရဲ့ ေဖ့ဘြတ္ စာမ်က္ႏွာထက္မွာ ေဖာ္ျပထားတာေတြကို ေတြ႕ရပါတယ္ ။ အစ္ကိုျဖစ္သူအတြက္လည္း ေကာင္းမႈ ကုသိုလ္ မ်ားစြာကို ေသေသခ်ာခ်ာျပဳလုပ္ေပးလ်က္ရွိပါတယ္ ။

အခုလည္း ေရမြန္ရဲ့ လိပ္ျပာေလးကို ေအးခ်မ္းတဲ့ ဘုရားရိပ္တရားရိပ္ေလးမွာ သြားေရာက္ထားေပးခဲ့ေၾကာင္း ပုံေလးေတြနဲ႔ အတူ ” မေန႔က ဘပီရဲ့လိပ္ျပာေလးကို ( သစ္ရြက္ေလး) ေအးခ်မ္းပီး အရ္ိပ္ရတဲ့ေနရာေလးမွာ သြားထားခဲ့ပါတယ္ ဘုရားရိပ္ တရားရိပ္မို႔ ဘပီပိုေအးခ်မ္းပါေစေနာ္ ” ဆိုတဲ့ စာေလးကိုေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပးရင္း ေရမြန္တစ္ေယာက္ ေကာင္းရာ ဘုံဘဝေရာက္ပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။

Credit:Cele Zone
Photo – Lapyae Gabyar

အစ်ကိုဖြစ်သူရဲ့ လိပ်ပြာလေးကို အေးချမ်းတဲ့ ဘုရားရိပ်တရားရိပ်လေးမှာ သွားရောက်ထားပေးခဲ့ကြောင်း ပြောပြလာတဲ့ ရေမွန်ရဲ့ညီမလေး

ထွက်သွားသူနဲ့ ကျန်ရစ်သူမှာ ထွက်သွားသူ ကသာ မသိပေမယ့် ကျန်ခဲ့တဲ့ မိသားစုတွေ ကတော့ ရင်ကွဲမတတ်ပါပဲနော် ။ မျက်နှာမြင် ချစ်ခင်ပါစေ ဆုလေးကို မတောင်းဘဲ ပြည့်ခဲ့တဲ့ အဆိုတော် ရေမွန်ကတော့ အားလုံးကို နှုတ်ဆက်ကာ ထွက်ခွာ သွားပေမယ့် သူ့ကို ချစ်ခင်နေကြတဲ့ သူတွေအကုန်လုံးကတော့ ခုချိန်အထိ သတိရကာ ဝမ်းနည်းကြေကွဲကြနေဆဲပါ ။

ရေမွန် ညီမလေးဖြစ်သူ လပြည့်ကဗျာ ဆိုလည်း အစ်ကိုဖြစ်သူကို အရမ်း ချစ်လွန်းလို့ ဒီနေ့ထိ လွမ်းဆွတ်သတိရနေကြောင်း သူရဲ့ ဖေ့ဘွတ် စာမျက်နှာထက်မှာ ဖော်ပြထားတာတွေကို တွေ့ရပါတယ် ။ အစ်ကိုဖြစ်သူအတွက်လည်း ကောင်းမှု ကုသိုလ် များစွာကို သေသေချာချာပြုလုပ်ပေးလျက်ရှိပါတယ် ။

အခုလည်း ရေမွန်ရဲ့ လိပ်ပြာလေးကို အေးချမ်းတဲ့ ဘုရားရိပ်တရားရိပ်လေးမှာ သွားရောက်ထားပေးခဲ့ကြောင်း ပုံလေးတွေနဲ့ အတူ ” မနေ့က ဘပီရဲ့လိပ်ပြာလေးကို ( သစ်ရွက်လေး) အေးချမ်းပီး အရ်ိပ်ရတဲ့နေရာလေးမှာ သွားထားခဲ့ပါတယ် ဘုရားရိပ် တရားရိပ်မို့ ဘပီပိုအေးချမ်းပါစေနော် ” ဆိုတဲ့ စာလေးကိုရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း ရေမွန်တစ်ယောက် ကောင်းရာ ဘုံဘဝရောက်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Lapyae Gabyar

About the author

Ms Cele

Leave a Comment