Celebrity

အစ္မတစ္ေယာက္လိုခ်စ္ရတဲ့ ပိုပိုအတြက္ အစားအေသာက္အခ်ိဳ႕နဲ႔ လိုအပ္မယ့္ပစၥည္းေတြအျပင္ အားရွိေစမယ့္ စာေလးတစ္ေစာင္ပါေရးပို႕လိုက္တဲ့ ခ်ယ္ရီသင္း

Written by Ms Cele

အစ္မတစ္ေယာက္လိုခ်စ္ရတဲ့ ပိုပိုအတြက္ အစားအေသာက္အခ်ိဳ႕နဲ႔ လိုအပ္မယ့္ပစၥည္းေတြအျပင္ အားရွိေစမယ့္ စာေလးတစ္ေစာင္ပါေရးပို႕လိုက္တဲ့ ခ်ယ္ရီသင္း

ပရိတ္သတ္ႀကီးေရ….ဂီတေလာကမွာ အခ်စ္ သီခ်င္းေကာင္းေလး ေတြကို သီဆိုတတ္ၿပီး ပရိတ္သတ္ေတြ ရင္ထဲမွာ ေနရာတစ္ေနရာကို အျပည့္အဝ ရရ်ိထားတဲ့ ေတးသံရွင္ ကေတာ့ ခ်ယ္ရီသင္းပဲျဖစ္ပါတယ္ေနာ္..။ခ်ယ္ရီသင္းက လတ္တေလာျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ ဆိုရင္လည္း ျပည္သူလူထုနဲ႔အတူ တရားမၽွတတဲ့ ဒီမိုကေရစီျပန္လည္းရရွိဖို႔အတြက္ ႀကိဳးပမ္းေနတဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။ေတာ္လွန္ေရးမွာ ပါဝင္ရင္း က်ဆုံးသြားတဲ့ အာဇာနည္သူရဲေကာင္းေတြရဲ့ က်န္ရစ္သူမိသားစုအတြက္ အလႉေငြမ်ားကိုလည္း သူမတတ္နိုင္သေလာက္ကိုယ္တိုင္သြားေရာက္လႉဒါန္းခဲ့တာကိုလည္း ေတြ႕ခဲ့ရပါေသးတယ္ေနာ္..။

အခုတစ္ခါမွာ ဆိုရင္လည္း ခ်ယ္ရီသင္းက လူထုလႈပ္ရွားမႈမွာ တက္ႂကြစြာပါဝင္ရင္း ဖမ္းဆီးခံ လိုက္ရတဲ့ အႏုပညာ ‌ေမာင္ႏွစ္မေတြျဖစ္ၾကတဲ့ အျပင္ အမရင္းတစ္ေယာက္လို ခ်စ္ရခင္ရတဲ့ ပိုပိုအတြက္ အစားအေသာက္အခ်ိဳ႕နဲ႔ လိုအပ္မယ့္ပစၥည္းေတြကို ပို႔ေပးခဲ့တာပဲျဖစ္ပါတယ္။ ညီအစ္မအရင္း တစ္ေယာက္လိုခင္ရတဲ့ ပိုပိုအတြက္ အားျဖစ္ေစမယ့္ စာေလးတစ္ေစာင္ ေရးသားထားတာ ကိုလည္း ေတြ႕ခဲ့ရပါေသးတယ္ေနာ္။

သူမရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာထက္ တြင္ “သူမအတြက္ 💪”ဆိုၿပီး ပို႔ေပးမယ့္ ပုံရိပ္ေတြနဲ႔ အတူ မၽွေဝေပးလာတာ ျဖစ္ပါတယ္။ပိုပို အတြက္ စာေလးထဲမွာ ဆိုရင္လည္း မမျပဳခဲ့တဲ့ ေကာင္းမႈ ကုသိုလ္နဲ႔ စိတ္ေစတနာေတြက အက်ိဳးေပးၿပီး ေလာကပါလနတ္ေတြက ႀကိမ္းေသေစာင့္ေရွာက္မွာ ပါဆိုတဲ့ စကားအျပင္ မမျပန္အလာကို ေစာင့္ေနၾကတဲ့ ပရိသတ္ေတြရွိတာမို႔ အားတင္းထားေနာ္လို႔ ေရးသားထားတာေတြ႕ရပါတယ္။”သူမကစိတ္ဓာတ္ေရာ ႏွလုံးသားေရာသန္မာတဲ့အမ်ိဳး သမီးပါအားလုံးကိုတရားဓမၼနဲ႔စိတ္ႏွလုံးသြင္းၿပီးေက်ာ္ျဖတ္နိုင္မွာပါ🙏”လို႔ ပို႔စ္ေအာက္မွာ ပရိသတ္ ေတြကို ေျပာျပေပးထားတာျဖစ္ၿပီး အားလုံးကလည္း က်န္းမာၿပီး အဆင္ေျပပါေစလို႔ ဆုေတာင္းစကားေတြကို ျပန္လည္ေျပာထားတာကိုလည္း ေတြ႕ရပါတယ္။ဖတ္ရႈေပးတဲ့ပရိတ္သတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္ေနာ္…။

Source: Cherry Thin FB Account
Credit

အစ်မတစ်ယောက်လိုချစ်ရတဲ့ ပိုပိုအတွက် အစားအသောက်အချို့နဲ့ လိုအပ်မယ့်ပစ္စည်းတွေအပြင် အားရှိစေမယ့် စာလေးတစ်စောင်ပါရေးပို့လိုက်တဲ့ ချယ်ရီသင်း

ပရိတ်သတ်ကြီးရေ….ဂီတလောကမှာ အချစ် သီချင်းကောင်းလေး တွေကို သီဆိုတတ်ပြီး ပရိတ်သတ်တွေ ရင်ထဲမှာ နေရာတစ်နေရာကို အပြည့်အဝ ရရျိထားတဲ့ တေးသံရှင် ကတော့ ချယ်ရီသင်းပဲဖြစ်ပါတယ်နော်..။ချယ်ရီသင်းက လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ဆိုရင်လည်း ပြည်သူလူထုနဲ့အတူ တရားမျှတတဲ့ ဒီမိုကရေစီပြန်လည်းရရှိဖို့အတွက် ကြိုးပမ်းနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။တော်လှန်ရေးမှာ ပါဝင်ရင်း ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုအတွက် အလှူငွေများကိုလည်း သူမတတ်နိုင်သလောက်ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာကိုလည်း တွေ့ခဲ့ရပါသေးတယ်နော်..။

အခုတစ်ခါမှာ ဆိုရင်လည်း ချယ်ရီသင်းက လူထုလှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ရင်း ဖမ်းဆီးခံ လိုက်ရတဲ့ အနုပညာ ‌မောင်နှစ်မတွေဖြစ်ကြတဲ့ အပြင် အမရင်းတစ်ယောက်လို ချစ်ရခင်ရတဲ့ ပိုပိုအတွက် အစားအသောက်အချို့နဲ့ လိုအပ်မယ့်ပစ္စည်းတွေကို ပို့ပေးခဲ့တာပဲဖြစ်ပါတယ်။ ညီအစ်မအရင်း တစ်ယောက်လိုခင်ရတဲ့ ပိုပိုအတွက် အားဖြစ်စေမယ့် စာလေးတစ်စောင် ရေးသားထားတာ ကိုလည်း တွေ့ခဲ့ရပါသေးတယ်နော်။

သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက် တွင် “သူမအတွက် 💪”ဆိုပြီး ပို့ပေးမယ့် ပုံရိပ်တွေနဲ့ အတူ မျှဝေပေးလာတာ ဖြစ်ပါတယ်။ပိုပို အတွက် စာလေးထဲမှာ ဆိုရင်လည်း မမပြုခဲ့တဲ့ ကောင်းမှု ကုသိုလ်နဲ့ စိတ်စေတနာတွေက အကျိုးပေးပြီး လောကပါလနတ်တွေက ကြိမ်းသေစောင့်ရှောက်မှာ ပါဆိုတဲ့ စကားအပြင် မမပြန်အလာကို စောင့်နေကြတဲ့ ပရိသတ်တွေရှိတာမို့ အားတင်းထားနော်လို့ ရေးသားထားတာတွေ့ရပါတယ်။”သူမကစိတ်ဓာတ်ရော နှလုံးသားရောသန်မာတဲ့အမျိုး သမီးပါအားလုံးကိုတရားဓမ္မနဲ့စိတ်နှလုံးသွင်းပြီးကျော်ဖြတ်နိုင်မှာပါ🙏”လို့ ပို့စ်အောက်မှာ ပရိသတ် တွေကို ပြောပြပေးထားတာဖြစ်ပြီး အားလုံးကလည်း ကျန်းမာပြီး အဆင်ပြေပါစေလို့ ဆုတောင်းစကားတွေကို ပြန်လည်ပြောထားတာကိုလည်း တွေ့ရပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

Source: Cherry Thin FB Account
Credit

About the author

Ms Cele

Leave a Comment