Celebrity

အစ္မျဖစ္သူကို ပိုက္ဆံေတြ အထပ္လိုက္ ထည့္ထားတဲ့ဘူးနဲ႔ ေမြးေန႔ Surprise လုပ္ခဲ့တဲ့ G Fatt ရဲ႕ဗီဒီယို

Written by Ms Cele

အစ္မျဖစ္သူကို ပိုက္ဆံေတြ အထပ္လိုက္ ထည့္ထားတဲ့ဘူးနဲ႔ ေမြးေန႔ Surprise လုပ္ခဲ့တဲ့ G Fatt ရဲ႕ဗီဒီယို

အဆိုေတာ္ G Fatt ကေတာ့ ဂီတေလာက မွာ လွ်မ္းလွ်မ္း ေတာက္ ေအာင္ျမင္ေနတဲ့ ေငြၾကယ္ပြင့္ေလး တစ္ဦးပဲ ျဖစ္ပါတယ္ ။ ကိုယ္ပိုင္အရည္အခ်င္း ရွိသလို ဖန္တီးမႈလည္း အားေကာင္းတဲ့ G Fatt က သီခ်င္းေတြကို ကိုယ္တိုင္ ေရးစပ္သီဖြဲ႕တဲ့ေနရာမွာ အင္မတန္ ထူးခြၽန္တာ ျဖစ္ပါတယ္ ။ G Fatt ရဲ႕သီခ်င္းစာသားေတြကလည္း သဘာဝက်ၿပီး အမိုက္စားေတြ ျဖစ္တာေၾကာင့္ ပရိသတ္ေတြက အရမ္း သေဘာက်ၾကတာ ျဖစ္ပါတယ္ ။

ေအာင္ျမင္မႈေတြ ဆက္တိုက္ ရွိေနၿပီျဖစ္တဲ့ G Fatt က သူ႔ရဲ႕မိသားစုေလး အေပၚမွာ ဝတၱရားသိတတ္ၿပီး တာဝန္ေက်ပြန္ ေနတာ ျဖစ္ပါတယ္ ။ အခုလည္း G Fatt က သူအရမ္းခ်စ္ရတဲ့ အစ္မျဖစ္သူကို ေမြးေန႔လက္ေဆာင္ တစ္ခု ေပးခဲ့တာ ျဖစ္ပါတယ္ ။ G Fatt က ပိုက္ဆံေတြ အထပ္လိုက္ထည့္ထားတဲ့ ဘူးနဲ႔ အစ္မျဖစ္သူ အံ့အားသင့္သြားေအာင္ Surprise လုပ္ခဲ့တာပဲ ျဖစ္ပါတယ္ ။ သူ႔အေပၚအစ္မ ပီသတဲ့ မႀကီးကိုေမြးေန႔မွာေပ်ာ္ရေအာင္ G Fatt က ဖန္တီးေပးလိုက္တာ ျဖစ္ပါတယ္ ။

G Fatt က “တစ္ဘဝလုံးစာ ငါ့အေပၚေကာင္း ေပးခဲ့တာ ေတြနဲ႔ယွဥ္ရင္ ငါျပန္ေက်းဇူးဆပ္ခြင့္ ရတာေတြက အေသးအမႊားပါ မႀကီး ငါ့ဘဝမွာ နင့္ကို အစ္မအျဖစ္ေတာ္ ခြင့္ရတာ သိပ္ကံေကာင္းတယ္ မိသားစုက်ပ္တည္းခ်ိန္မွာ နင္ေပးဆပ္ခဲ့တဲ့ အရာေတြဟာ ငါျပန္ေျပာဖို႔ေတာင္ မကုန္ႏိုင္ေအာင္ပါပဲ ေမြးေန႔ကစၿပီး နင္တို႔မိသားစုေလး အစစအရာရာ အဆင္ေျပေခ်ာေမြ႕ပါေစ နင္ကငါ့ထက္မိသားစုအေပၚတာဝန္ေက်လြန္းခဲ့တာ ဒီအခ်ိန္ထိပါပဲမႀကီး Happy Birthday ပါ။” ဆိုၿပီး တင္ထားတာ ျဖစ္ပါတယ္ ။ ကဲ ခ်စ္ပရိသတ္ေတြ အတြက္ G Fatt တို႔ေမာင္ႏွမရဲ႕ဗီဒီယိုေလး ကို ျပန္လည္မွ်ေဝေပး လိုက္ပါတယ္ေနာ္ ။

Credit:Swelsone News

အစ်မဖြစ်သူကို ပိုက်ဆံတွေ အထပ်လိုက် ထည့်ထားတဲ့ဘူးနဲ့ မွေးနေ့ Surprise လုပ်ခဲ့တဲ့ G Fatt ရဲ့ဗီဒီယို

အဆိုတော် G Fatt ကတော့ ဂီတလောက မှာ လျှမ်းလျှမ်း တောက် အောင်မြင်နေတဲ့ ငွေကြယ်ပွင့်လေး တစ်ဦးပဲ ဖြစ်ပါတယ် ။ ကိုယ်ပိုင်အရည်အချင်း ရှိသလို ဖန်တီးမှုလည်း အားကောင်းတဲ့ G Fatt က သီချင်းတွေကို ကိုယ်တိုင် ရေးစပ်သီဖွဲ့တဲ့နေရာမှာ အင်မတန် ထူးချွန်တာ ဖြစ်ပါတယ် ။ G Fatt ရဲ့သီချင်းစာသားတွေကလည်း သဘာဝကျပြီး အမိုက်စားတွေ ဖြစ်တာကြောင့် ပရိသတ်တွေက အရမ်း သဘောကျကြတာ ဖြစ်ပါတယ် ။

အောင်မြင်မှုတွေ ဆက်တိုက် ရှိနေပြီဖြစ်တဲ့ G Fatt က သူ့ရဲ့မိသားစုလေး အပေါ်မှာ ဝတ္တရားသိတတ်ပြီး တာဝန်ကျေပွန် နေတာ ဖြစ်ပါတယ် ။ အခုလည်း G Fatt က သူအရမ်းချစ်ရတဲ့ အစ်မဖြစ်သူကို မွေးနေ့လက်ဆောင် တစ်ခု ပေးခဲ့တာ ဖြစ်ပါတယ် ။ G Fatt က ပိုက်ဆံတွေ အထပ်လိုက်ထည့်ထားတဲ့ ဘူးနဲ့ အစ်မဖြစ်သူ အံ့အားသင့်သွားအောင် Surprise လုပ်ခဲ့တာပဲ ဖြစ်ပါတယ် ။ သူ့အပေါ်အစ်မ ပီသတဲ့ မကြီးကိုမွေးနေ့မှာပျော်ရအောင် G Fatt က ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ် ။

G Fatt က “တစ်ဘဝလုံးစာ ငါ့အပေါ်ကောင်း ပေးခဲ့တာ တွေနဲ့ယှဉ်ရင် ငါပြန်ကျေးဇူးဆပ်ခွင့် ရတာတွေက အသေးအမွှားပါ မကြီး ငါ့ဘဝမှာ နင့်ကို အစ်မအဖြစ်တော် ခွင့်ရတာ သိပ်ကံကောင်းတယ် မိသားစုကျပ်တည်းချိန်မှာ နင်ပေးဆပ်ခဲ့တဲ့ အရာတွေဟာ ငါပြန်ပြောဖို့တောင် မကုန်နိုင်အောင်ပါပဲ မွေးနေ့ကစပြီး နင်တို့မိသားစုလေး အစစအရာရာ အဆင်ပြေချောမွေ့ပါစေ နင်ကငါ့ထက်မိသားစုအပေါ်တာဝန်ကျေလွန်းခဲ့တာ ဒီအချိန်ထိပါပဲမကြီး Happy Birthday ပါ။” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေ အတွက် G Fatt တို့မောင်နှမရဲ့ဗီဒီယိုလေး ကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment