Celebrity
Written by Ms Cele
crd: News MMR
အစ်မဖြစ်သူက စစ်အာဏာရှင်ကို ထောက်ခံသူဖြစ်လို့ ထာဝရဥပက္ခာပြုတော့မယ့် အကြောင်းကိုပြောပြလာတဲ့ အဆိုတော်အောင်လ
ပရိသတ်ကြီးရေ အဆိုတော် အောင်လ ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်ငန်းတွေမှာ ပြည်သူတွေ နဲ့အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူ ပါပဲနော်။ မတရားမှုကို တော်လှန်နေသူဖြစ်တာကြောင့် ဘာအခက်အခဲပဲရှိရှိ ရင်ဆိုင်ဖြေရှင်းနေတာပါနော်။
ဒီလို လူတိုင်းက စစ်အာဏာရှင် တွေကို အမြစ်ဖြတ်ဖို့အတွက် ကြိုးပမ်းနေကြချိန်မှာ သူ့ရဲ့ အစ်မဖြစ်သူက စစ်တပ်ထောက်ခံ နေသူ တစ်ဦးဖြစ်နေတာကြောင့် ထာဝရဥပက္ခာပြုတော့မယ့် အကြောင်းကို အောင်လရဲ့ လူမှုကွန်ယက်တွင် တင်ထားတာပါနော်။ ”
ကိုယ် ထာဝရ ဥပက္ခ ပြုလိုက်တဲ့ အထဲမှာ ကိုယ့် အမပါခဲ့ပြီ……ချမ်းသာပါစေဗျာ ….ရင်ထဲကပြောတာ….လူဆိုတာချမ်းသာဖို့ လိုတာကိုးကိုယ့် သားသမိး မြေးမြစ်တွေ အလှည့် မှာ ညကြီး မချိန်မတော် အိမ်ရှေ့ရောက်လာပြီး ခိုကိုးရာမဲ့တဲ့ ဘဝပြန် ကြုံရတဲ့ အချိန် အဲ့ စစ် အာဏာရှင်တွေကိုအားကိုးပါ။ Human’s right၊Free democracy ကိုအားကိုးရင်ကိုယ့်ယောကျာ်းသာ မဲပေးပါ ” လို့ရေးသားထားတဲ့ သတင်းကို ပရိသတ်တွေအတွက် မျှဝေလိုက်ရပါတယ်နော်။
crd: News MMR
About the author
Ms Cele
Leave a Comment