Celebrity

အစ်မဖြစ်သူက ထမင်းခွံ့ကျွေးနေရင်း အပြစ်ကင်းတဲ့ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယိုလေး

Written by Ms Cele




Writer:TWWH

ပရိသတ်ကြီးရေ ပိုင်တံခွန်ဟာဆိုရင် အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့ နိုင်ငံကျော်မင်းသားတစ်ယောက်ဖြစ်ပါတယ်။ပြည်တွင်းမှာသာမက ထိုင်းနိုင်ငံမှာလည်း ပိုင်တံခွန်ကိုချစ်တဲ့အားပေးတဲ့ပရိသတ်တွေ အများအပြားရှိပါတယ်နော်။

အကယ်ဒမီရွှေကြိုကနေ အနုပညာလောကထဲကို ဝင်ရောက်လာပြီး ယခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးနေရကာ အနုပညာလောကမှာ အရမ်းကိုထွန်းလင်းတောက်ပနေတဲ့ ကြယ်ပွင့်လေးတစ်ပွင့် ဖြစ်လို့နေပါပြီနော်။မကြာသေးခင်ကလည်း ထက်ထက်နဲ့အတူ စိန်ရွှေရတနာတွေ Live လွှင့်ပြီးရောင်းချတဲ့နေရာမှာလည်း အောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။

လတ်တလောမှာတော့ ပိုင်တံခွန်က အိမ်မှာနေပြီး ချစ်စရာအကောင်လေးတွေကို မွေးမြူစောင့်ရှောက်ရင်း ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ယခုလည်းအစ်မဖြစ်သူကို ထမင်းခွံ့ကျွေးခိုင်းနေတဲ့ ကလေးတစ်ယောက်လိုအပြစ်ကင်းနေတဲ့ ပိုင်တံခွန်ရဲ့ဗီဒီယိုလေးကို အစ်မဖြစ်သူရဲ့ဖေ့ဘွတ်Storyစာမျက်နှာမှာတင်ပြထားတာကိုတွေ့ရပါတယ်။ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ချစ်စရာကောင်းနေတဲ့ဗီဒီယိုလေးကိုကြည့်ရှုဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:May Chit Thway’s FB
Writer:TWWH

About the author

Ms Cele

Leave a Comment