Celebrity


Written by Ms Cele






အစ်မဖြစ်သူ ဂျင်းထည့်တာကို ခံလိုက်ရကြောင်း ပြောပြလာတဲ့ ဂျူနီယာချစ်ကောင်း

အဆိုတော်ကြီး ချစ်ကောင်း ကတော့ သူ့ရဲ့ ဂီတအမွေ အနှစ်တွေကို သမီးကြီး ဖြစ်သူ အိမ့်ချစ်နဲ့ သားငယ် ဂျူနီယာချစ်ကောင်း တို့ကို လက်ဆင့် ကမ်းပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဂျူနီယာချစ်ကောင်း ကတော့ ဂီတလောက ထဲကို ရောက်ရှိ လာတာ အချိန်အနည်းငယ်သာ ရှိခဲ့ပေမယ့် ပရိသတ်တွေပေးတဲ့ နေရာတစ် နေရာ ရရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ချစ်ကောင်းနဲ့ အိမ့်ချစ်ကလည်း ဂျူနီယာချစ်ကောင်း ရဲ့ ဂီတလမ်းကြောင်းမှာ အထစ် အငေါ့မရှိစေဖို့ နံဘေးကနေ ကူညီဖေးမပေး နေကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဂျူနီယာ ချစ်ကောင်းက သူ့ရဲ့အစ်မဖြစ်သူ အဆိုတော် အိမ့်ချစ်ဆီ ကနေ ဂျင်းကြီးကြီးမိခဲ့ကြောင်း ပြောပြလာ ပါတယ်။ ဂျူနီယာချစ်ကောင်းက “ကျွန်တော့်အစ်မပေါ့ဗျာ။ ဘန်ကောက်ကနေ ပစ္စည်းတွေပို့တုန်းက Fender telecaster ထဲ့ပေးလိုက်တယ်ဆိုလို့ အူမြူးနေတာ။ Cargo သွားရွေးတော့လည်း မေးလိုက်သေးတယ် guitar တစ်လုံးမပါလာဘူးလားဗျာဆိုတော့ မပါဘူးတဲ့။ အာ့နဲ့ ပို့ဖို့ကျန်ခဲ့တာမှတ်လို့ အိမ်ရောက်လို့ အထုတ်ဖွင့်ကြည့်လိုက်မှ Fender telecaster ဆိုတာ အကျီ င်္ဖြစ်နေတယ်🤣🤣🥴” ဆိုပြီး သူ့ရဲ့ စိတ်မကောင်းစရာ အဖြစ်ကို ပြောပြလာပါတယ်။

ဂျူနီယာချစ်ကောင်း ကတော့ အစ်မဖြစ်သူ အိမ့်ချစ်ဆီ ကနေပြီး Fender telecaster ဂစ်တာတစ်လုံးရမယ် ထင်ပြီးမှ Fender telecaster စာသားပါတဲ့ တီရှပ် တစ်တည်ကိုသာ ရရှိခဲ့ တာကြောင့် မျှော်လင့်တာနဲ့ လွဲချော်ခဲ့ရကြောင်း ပြောလာ တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ့်ချစ်တို့ မောင်နှမ နှစ်ယောက်ရဲ့ ဖြစ်ပုံကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment