Celebrity


Written by Ms Cele






အစ်မဖြစ်သူ နန္ဒာလှိုင် ဆီကနေ ကြီးမားတဲ့ ပါမစ်တစ်ခုကို အပိတ်ခံရတဲ့ ယောက်ဖကို အရွှန်းဖောက် စနောက်လာတဲ့ မောင်

သရုပ်ဆောင် နန္ဒာလှိုင် ကတော့ အနုပညာလောက မှာ အားပေးသူ ပရိသတ် အခိုင်အမာနဲ့ အောင်မြင်မှု ရရှိခဲ့သလို အိမ်ထောင်ရေးနဲ့ ပက်သတ်ရင်လည်း ကံကောင်းလှသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ တစ်ဦးတည်းသော မောင် အငယ်ဆုံးလေး မောင်နဲ့ ခင်ပွန်းဖြစ်သူ ကိုဇေသီဟ တို့ကလည်း အရမ်းကို သင့်မြတ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် စစနောက် နောက်ရှိကြတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လည်း နန္ဒာလှိုင်ရဲ့ အိမ်ထောင်ရေး မိသားစုရေးက ပကာသနတွေ ကင်းရှင်းပြီး ပျော်စရာအတိ ရှိတာကို ပရိသတ်ကြီးလည်း သတိထားမိကြမယ် ထင်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် စစနောက်နောက်နဲ့ အမြဲတမ်း ဆေးထိုးလေ့ရှိကြတဲ့ ကိုဇေသီဟနဲ့ မောင်က ဒီကနေ့မှာတော့ နန္ဒာလှိုင်ဆီက အရက်သောက်ခွင့် ပါမစ်ပိတ်ခံထားရတဲ့ ကိစ္စနဲ့ ပက်သတ်ပြီး အချင်းချင်းပြောဆို နေကြတာကို တွေ့ရပါတယ်။ မောင်က သူ့ရဲ့ချစ်သူ ရီရီပွင့်ဖြူနဲ့ ကားပေါ်မှာ ဘီယာလေးသောက် နေတဲ့ ပုံကို ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ တင်ခဲ့ရာ ကိုဇေသီဟက “သောက်ချင်တာ၊ အိမ်မှာ အဆူခံနေရတယ်။ ကယ်ကြပါဦး” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ကိုဇေသီဟရဲ့ စကားအပေါ် မောင်က “ဝမ်းသားလိုက်တာ 😂” ဆိုပြီး အစ်မဘက်ကနေ စစ်ကူလိုက် ပေးခဲ့တာကြောင့် ပရိသတ်တွေခမျာ သဘောကျ ခဲ့ရတာပဲ ဖြစ်ပါတယ်။

မောင်နဲ့ ကိုဇေသီဟတို့ကတော့ သမီးယောက်ဖ တွေဆိုပေမယ့် တကယ့် ညီအစ်ကိုအရင်း တွေထက်တောင် ချစ်ကြကြီး တစ်ယောက်နဲ့တစ်ယောက် ဆေးထိုးစနောက်ကြသလို ဘယ်တော့ မှလည်း စိတ်မဆိုး တတ်တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment