Local News

အဆင္ ေျပစ ျပဳလာၿပီ ျဖစ္တဲ့ ရန္ကုန္ အဆင့္(A) အျဖစ္ သတ္မွတ္ ၿပီ . . . .

Written by Ms Cele

အဆင္ ေျပစ ျပဳလာၿပီ ျဖစ္တဲ့ ရန္ကုန္ အဆင့္(A) အျဖစ္ သတ္မွတ္ ၿပီ . . . .

ရန္ကုန္မွာ ကိုဗစ္ ကာကြယ္ေရး(A)အဆင့္ရတဲ့ အလုပ္ေတြျပန္ လုပ္နိုင္ၿပီ

ရန္ကုန္မွာ ကိုဗစ္ထိန္းခ်ဳပ္ေရး အတြက္ အဆင့္(A)ရေအာင္ျပင္ဆင္ထားတဲ့ ကုန္ၾကမ္းယူ ကုန္ေခ်ာေပး လက္ခစား လုပ္ငန္း(CMP)စက္႐ုံအလုပ္႐ုံေတြနဲ႔ အေသးစား အလတ္စားလုပ္ငန္းေတြကို ေအာက္တို ဘာလ(၁၂)ရက္ေန႔က စၿပီး ျပန္လုပ္ကိုင္ခြင့္ျပဳမယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ့ ညႊန္ၾကားခ်က္ေတြနဲ႔အညီ လိုက္နာေဆာင္ရြက္မႈရွိမရွိကို ရန္ကုန္တိုင္း ေဒသႀကီးအစိုးရ အဖြဲ႕က စိစစ္ၿပီးေတာ့ အဆင့္(A)ရတဲ့ လုပ္ငန္းေတြကို တိုင္းေဒသႀကီး အစိုးရရဲ့ ဆုံးျဖတ္ခ်က္နဲ႔ ျပန္ခြင့္ျပဳမွာျဖစ္တယ္လို႔ သိရပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက CMP လုပ္ငန္းေတြနဲ႔ ပတ္သက္လို႔ စက္တင္ဘာလ(၂၄)ရက္ေန႔က စၿပီးေတာ့ အလုပ္မသြားၾကဖို႔ တားျမစ္ထားတာကို ေအာက္တိုဘာလ (၂၁) ရက္ေန႔အထိ သက္တမ္းတိုး ခဲ့ေပမဲ့ ဒီေန႔မွာေတာ့ စိစစ္ခြင့္ျပဳသြားမယ္လို႔ ထုတ္ျပန္လိုက္တာပါ။

ျမန္မာနိုင္ငံမွာေတာ့ ေအာက္တိုဘာလ (၁၀) ရက္ညပိုင္းအထိ ပိုးေတြ႕လူနာ (၂၆၀၆၄) ဦးရွိေနၿပီးေတာ့ ေရာဂါက ျပန္လည္သက္သာလာလို႔ ေဆး႐ုံဆင္းခြင့္ ရသူ (၇၀၅၀) ဦးနဲ႔ ေသဆုံးသူ (၅၉၈) ဦးရွိေနပါတယ္။ အဲဒီထဲမွာေတာ့ ရန္ကုန္တိုင္း မွာ ပိုးေတြ႕လူနာစုစုေပါင္းဟာ (၂)ေသာင္းနီးပါး အထိ ရွိေနပါတယ္။

Credit Omedia

အဆင် ပြေစ ပြုလာပြီ ဖြစ်တဲ့ ရန်ကုန် အဆင့်(A) အဖြစ် သတ်မှတ် ပြီ . . . .

ရန်ကုန်မှာ ကိုဗစ် ကာကွယ်ရေး(A)အဆင့်ရတဲ့ အလုပ်တွေပြန် လုပ်နိုင်ပြီ

ရန်ကုန်မှာ ကိုဗစ်ထိန်းချုပ်ရေး အတွက် အဆင့်(A)ရအောင်ပြင်ဆင်ထားတဲ့ ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစား လုပ်ငန်း(CMP)စက်ရုံအလုပ်ရုံတွေနဲ့ အသေးစား အလတ်စားလုပ်ငန်းတွေကို အောက်တို ဘာလ(၁၂)ရက်နေ့က စပြီး ပြန်လုပ်ကိုင်ခွင့်ပြုမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်မှုရှိမရှိကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့က စိစစ်ပြီးတော့ အဆင့်(A)ရတဲ့ လုပ်ငန်းတွေကို တိုင်းဒေသကြီး အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက CMP လုပ်ငန်းတွေနဲ့ ပတ်သက်လို့ စက်တင်ဘာလ(၂၄)ရက်နေ့က စပြီးတော့ အလုပ်မသွားကြဖို့ တားမြစ်ထားတာကို အောက်တိုဘာလ (၂၁) ရက်နေ့အထိ သက်တမ်းတိုး ခဲ့ပေမဲ့ ဒီနေ့မှာတော့ စိစစ်ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံမှာတော့ အောက်တိုဘာလ (၁၀) ရက်ညပိုင်းအထိ ပိုးတွေ့လူနာ (၂၆၀၆၄) ဦးရှိနေပြီးတော့ ရောဂါက ပြန်လည်သက်သာလာလို့ ဆေးရုံဆင်းခွင့် ရသူ (၇၀၅၀) ဦးနဲ့ သေဆုံးသူ (၅၉၈) ဦးရှိနေပါတယ်။ အဲဒီထဲမှာတော့ ရန်ကုန်တိုင်း မှာ ပိုးတွေ့လူနာစုစုပေါင်းဟာ (၂)သောင်းနီးပါး အထိ ရှိနေပါတယ်။

Credit Omedia

About the author

Ms Cele

Leave a Comment