Celebrity


Written by Ms Cele





Credit:CELELUCKY

အဆိုတော်တစ်ယောက်တင်လိုက်တဲ့ သူနဲ့နှစ်ယောက်တွဲဓာတ်ပုံကိစ္စကို ပြတ်သားစွာပြန်လည်ဖြေရှင်းလိုက်တဲ့ နေရွှေသွေးအောင်

ပရိသတ်ကြီးရေ လွန်ခဲ့တဲ့ ရက်ပိုင်း လောက်က အဆိုတော် ရေဗက္ကာဝင်းရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွင် ဖိုးလပြည့်နဲ့ ချစ်သူတွေ ဖြစ်နေသယောင် ဓာတ်ပုံ တစ်ပုံတင် ခဲ့တာ အားလုံးလည်း သိကြမယ် ထင်ပါတယ်နော်။ ဒီပုံကြောင့်ပရိသတ်တွေ ကလည်း သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်သွားကြပြီလို့ တကယ်ထင်ခဲ့ကြတာပါနော်။ အခုမှ အကြောင်းစုံကို ဖိုးလပြည့်မှ ပြန်ရှင်းလာတာ ဖြစ်ပါတယ်နော်။

” အတိုချုံးပြောရရင် အရင်က သိခဲ့တာနဲ့ မွေးနေ့ကိတ် လုပ်ထားတာ အကြောင်းပြဖိတ်၊ ပုံလုံးဝ မတင်ဘူးပြော၊ ဓာတ်ပုံရိုက်ပြီး ပတ်သက်မှုရှိ သယောင်လုပ်၊ ပုံဖျက်ဖို့ အတင်းပြောတာတောင် လူသိအောင် စောင့်ပြီးမှ နှစ်ပေါက်တစ်ပေါက်ရိုက်။ ကျွန်တော်နဲ့ ဓာတ်ပုံတွေအများကြီးရိုက်ခဲ့တဲ့ မိတ်ဆွေတွေများထဲမှာ အဲ့လိုဂွင်ဆင်တတ်တဲ့သူတွေမရှိခဲ့ဖူးတော့ ကျွန်တော်လိုအပ်သွားတယ်လို့ပဲ ပြောရမှာပါ။ ဂရုစိုက်ပါ့မယ် ခင်ဗျာ ကျေးဇူးတင်ပါတယ် ” လို့ရေးထားပါတယ်နော်။

ရေဗက္ကာဝင်း ဟာ ဖိုးလပြည့်နဲ့ ရိုက်ထားတဲ့ ပုံကို ပြန်ဖျက်ပြီး မကြာခင် မှာဘဲ ပရိသတ်တွေကို စမ်းသက်တဲ့ သဘော အနေနဲ့ တင်ခြင်း ဖြစ်တယ်လို့ အရှက်ပြေ ရှင်းထားပါသေးတယ်နော်။ ဒီအကြောင်းအရာ ကတော့ လတ်တလောနာမည်ကြီးနေတဲ့ သတင်းတွေထဲက တစ်ခု ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

Credit:CELELUCKY

About the author

Ms Cele

Leave a Comment