Celebrity

အတိုအျပတ္ေတြ ၀တ္ရင္ မရိွေသးတဲ့ ခ်စ္သူ မ်က္ႏွာကို ၾကည့္ရအံုးမယ္လို႔ ဆိုလာတဲ့ မမေဆာင္း

Written by Ms Cele

အတိုအျပတ္ေတြ ၀တ္ရင္ မရိွေသးတဲ့ ခ်စ္သူ မ်က္ႏွာကို ၾကည့္ရအံုးမယ္လို႔ ဆိုလာတဲ့ မမေဆာင္း

အင္တာဗ်ဴး ေတြမွာ ပြင့္ပြင့္လင္းလင္း ေျဖဆိုရာကေန ပရိသတ္ၾကားေရပန္းစားခဲ့တဲ့ မမေဆာင္းကေတာ့ မရွိေသးတဲ့ခ်စ္သူ မ်က္ႏွာကိုၾကည့္ရဦးမွာျဖစ္လို႔ အတိုအျပတ္ေတြအ မ်ားႀကီးမလုပ္ထားဘူးလို႔ ေပၚျပဴလာနဲ႔အင္တာဗ်ဴးမွာ ဆိုထားပါတယ္။

“မမေဆာင္းကျမန္မာ ဝတ္စုံဝတ္ရင္လုံလုံျခဳံျခဳံဝတ္ လိုက္တယ္ တစ္ဝက္ေပၚတာ ေတြလည္းမရွိဘူး ေအာက္ပိုင္းဆိုလည္း အမ်ားႀကီးမလုပ္ထားဘူး အိမ္ကေနေခါင္းနဲ႔ ဆင္းရမယ္ အစ္ကိုေတြကလည္း အမ်ားႀကီး အကိုေတြ မ်က္ႏွာျပန္ၾကည့္ရဦးမယ္ေလ မရွိေသးတဲ့ခ်စ္သူမ်က္ႏွာလည္းၾကည့္ရဦးမယ္ေလ အဲဒီ့ေတာ့အမ်ားႀကီးေတြေလၽွာက္မလုပ္ျပေတာ့ဘူး ” လိုဆိုပါတယ္။

အြန္လိုင္းမွာ Live လႊင့္ၿပီးေဈး ေရာင္းတာ ေပါက္သြားတဲ့အေပၚ မမေဆာင္းကေတာ့
“မမေဆာင္းက ကိုယ့္စိတ္ကူးနဲ႔ ကိုယ္လုပ္ရတာေလ ရွားေစာင္း လက္ပတ္ဆိုၿပီးနာမည္ႀကီးသြားတာေလ ဒါရည္ရြယ္ခ်က္ မရွိဘူး မမေဆာင္းက ဒီစာသားကို ခဏခဏေျပာရတာကိုး ေကာ္ဖီစစ္စစ္ ေတြပါတယ္ ပ်ားရည္ စစ္ေတြပါတယ္ ရွားေစာင္းလက္ပတ္ စစ္စစ္ေတြပါတယ္ ဆိုတာကို အျမန္ေျပာလိုက္ေတာ့ေလ သူ႔ပစၥည္း အသစ္ကို တစ္ေန႔တည္း Live တစ္ခုတည္းမွာ ေျပာရတယ္ဆိုေတာ့ေလ ”

” ပန္ပန္ body scrub ကေတာ့ေပါက္သြားတယ္ မမေဆာင္းကေတာ့ ကေလးေတြလက္ ထဲေရာက္သြားတယ္ Tik Tok ေတြလုပ္ၿပီးေဆာ့ၾကတာ ကိုယ္ေတာင္ ဟာခနဲျဖစ္ သြားတယ္ အမ်ိဳးသမီး ပစၥည္းပုံစံမ်ိဳးစၾကတာ ကေလးေတြက ၆ႏွစ္၇ႏွစ္ေလးေတြ ဆိုေတာ့ ကိုယ္လည္းရယ္ရခက္ေပါ့”

“ကိုယ္ကကုန္ပစၥည္းအသစ္ေတြနဲ႔ပိုကိုက္တယ္ ခ်က္ခ်င္းပရိသတ္ေတြ လူသိသြားတယ္ ေၾကာ္ျငာဓာတ္ပုံေတြရိုက္ေပး လိုက္တယ္ ပိုက္ဆံေပးတယ္ သူတို႔ေတြက Tiktok ရိုက္ေပးရင္ ပိုက္ဆံေပးတယ္ ဓာတ္ပုံရိုက္လည္းေပးတယ္ Live လႊင့္လည္းေပးတယ္ဆိုေတာ့ ပိုက္ဆံအမ်ားႀကီးရတယ္ ကိုယ္လည္း တတ္သေလာက္မွတ္သေလာက္ေပါ့ေလ သူမ်ားေတြလိုအမ်ားႀကီးေတာ့ မတတ္ဘူး ”

“ကိုယ္ကရွက္တတ္လည္း ရွက္ေသးတယ္ အခုအရွက္ေတြကို ဖယ္ခ်လိုက္ေတာ့မယ္ သ႐ုပ္ေဆာင္ လုပ္တယ္ဆိုတာ မရွက္မေၾကာက္နဲ႔ေတာ့ေျပာတာ မဟုတ္ဘူး ကိုယ္ကအလြန္အၾကဴးႀကီးရွက္ေနတာေလ အဲ့တာမ်ိဳးကအဆင္မေျပေလာက္ဘူး ”

“အရွက္ကိုခြာခ်ၿပီး ေရကူးဝတ္စုံဝတ္ေပးလိုက္တယ္ လုံလုံျခဳံျခဳံဝတ္လို႔ရတဲ့ ေရကူးဝ တ္စုံတို႔ ထမီရင္လ်ား တို႔ေပါ့ ႀကိဳးတစ္လုံးနဲ႔ေပါ့ သူတို႔စိတ္ဝင္စားေအာင္ အေမႊလုပ္ တာေပါ့ ကိုယ္က အင္တာဗ်ဴး ေတြမွာဆိုလည္း miss ေတြ ေမာ္ဒယ္ေတြလည္း ရထားတာကိုး ကိုယ္က ေလၽွာက္ျပရင္လည္းျပေတာ့ ပရိသတ္ေတြ ကလည္းကိုယ္ကခ်စ္ၿပီး စၾကတာ တကယ္ေတာ့ အျပင္မွာအရမ္းတည္တာ မမေဆာင္းက ပရိသတ္ေတြကိုခ်စ္ေတာ့ေလၽွာက္ျပလိုက္တာ ကိုယ္ကဘာရယ္မဟုတ္ဘူး အေပ်ာ္အေနနဲ႔ပါ အေမႊေပါ့ေနာ္ ခႏၶာကိုယ္ကိုျပ တာေပါ့ေနာ္ ခ်စ္ေပးတဲ့ပရိသတ္ ေတြကိုလည္းေက်းဇူးတင္ပါတယ္ ”

“ေရကူးဝတ္စုံနဲ႔ေတာ့ ရိုက္ေပးတယ္ တစ္ဝက္ေဖာ္ တို႔ အတြင္းခံတို႔နဲ႔ေတာ့ မဟုတ္ဘူး ရိုက္ေပးတယ္ အဲ့တာမ်ိဳးေတြ လက္ခံတယ္” လို႔ Live လႊင့္ေၾကာ္ျငာတာနဲ႔ပတ္သတ္ၿပီး ေျဖဆိုထား တာပဲျဖစ္ပါတယ္။

Credit:Shwe Yaung Myanmar

အတိုအပြတ်တွေ ဝတ်ရင် မရှိသေးတဲ့ ချစ်သူ မျက်နှာကို ကြည့်ရအုံးမယ်လို့ ဆိုလာတဲ့ မမဆောင်း

အင်တာဗျူး တွေမှာ ပွင့်ပွင့်လင်းလင်း ဖြေဆိုရာကနေ ပရိသတ်ကြားရေပန်းစားခဲ့တဲ့ မမဆောင်းကတော့ မရှိသေးတဲ့ချစ်သူ မျက်နှာကိုကြည့်ရဦးမှာဖြစ်လို့ အတိုအပြတ်တွေအ များကြီးမလုပ်ထားဘူးလို့ ပေါ်ပြူလာနဲ့အင်တာဗျူးမှာ ဆိုထားပါတယ်။

“မမဆောင်းကမြန်မာ ဝတ်စုံဝတ်ရင်လုံလုံခြုံခြုံဝတ် လိုက်တယ် တစ်ဝက်ပေါ်တာ တွေလည်းမရှိဘူး အောက်ပိုင်းဆိုလည်း အများကြီးမလုပ်ထားဘူး အိမ်ကနေခေါင်းနဲ့ ဆင်းရမယ် အစ်ကိုတွေကလည်း အများကြီး အကိုတွေ မျက်နှာပြန်ကြည့်ရဦးမယ်လေ မရှိသေးတဲ့ချစ်သူမျက်နှာလည်းကြည့်ရဦးမယ်လေ အဲဒီ့တော့အများကြီးတွေလျှောက်မလုပ်ပြတော့ဘူး ” လိုဆိုပါတယ်။

အွန်လိုင်းမှာ Live လွှင့်ပြီးဈေး ရောင်းတာ ပေါက်သွားတဲ့အပေါ် မမဆောင်းကတော့
“မမဆောင်းက ကိုယ့်စိတ်ကူးနဲ့ ကိုယ်လုပ်ရတာလေ ရှားစောင်း လက်ပတ်ဆိုပြီးနာမည်ကြီးသွားတာလေ ဒါရည်ရွယ်ချက် မရှိဘူး မမဆောင်းက ဒီစာသားကို ခဏခဏပြောရတာကိုး ကော်ဖီစစ်စစ် တွေပါတယ် ပျားရည် စစ်တွေပါတယ် ရှားစောင်းလက်ပတ် စစ်စစ်တွေပါတယ် ဆိုတာကို အမြန်ပြောလိုက်တော့လေ သူ့ပစ္စည်း အသစ်ကို တစ်နေ့တည်း Live တစ်ခုတည်းမှာ ပြောရတယ်ဆိုတော့လေ ”

” ပန်ပန် body scrub ကတော့ပေါက်သွားတယ် မမဆောင်းကတော့ ကလေးတွေလက် ထဲရောက်သွားတယ် Tik Tok တွေလုပ်ပြီးဆော့ကြတာ ကိုယ်တောင် ဟာခနဲဖြစ် သွားတယ် အမျိုးသမီး ပစ္စည်းပုံစံမျိုးစကြတာ ကလေးတွေက ၆နှစ်ရနှစ်လေးတွေ ဆိုတော့ ကိုယ်လည်းရယ်ရခက်ပေါ့”

“ကိုယ်ကကုန်ပစ္စည်းအသစ်တွေနဲ့ပိုကိုက်တယ် ချက်ချင်းပရိသတ်တွေ လူသိသွားတယ် ကြော်ငြာဓာတ်ပုံတွေရိုက်ပေး လိုက်တယ် ပိုက်ဆံပေးတယ် သူတို့တွေက Tiktok ရိုက်ပေးရင် ပိုက်ဆံပေးတယ် ဓာတ်ပုံရိုက်လည်းပေးတယ် Live လွှင့်လည်းပေးတယ်ဆိုတော့ ပိုက်ဆံအများကြီးရတယ် ကိုယ်လည်း တတ်သလောက်မှတ်သလောက်ပေါ့လေ သူများတွေလိုအများကြီးတော့ မတတ်ဘူး ”

“ကိုယ်ကရှက်တတ်လည်း ရှက်သေးတယ် အခုအရှက်တွေကို ဖယ်ချလိုက်တော့မယ် သရုပ်ဆောင် လုပ်တယ်ဆိုတာ မရှက်မကြောက်နဲ့တော့ပြောတာ မဟုတ်ဘူး ကိုယ်ကအလွန်အကြူးကြီးရှက်နေတာလေ အဲ့တာမျိုးကအဆင်မပြေလောက်ဘူး ”

“အရှက်ကိုခွာချပြီး ရေကူးဝတ်စုံဝတ်ပေးလိုက်တယ် လုံလုံခြုံခြုံဝတ်လို့ရတဲ့ ရေကူးဝ တ်စုံတို့ ထမီရင်လျား တို့ပေါ့ ကြိုးတစ်လုံးနဲ့ပေါ့ သူတို့စိတ်ဝင်စားအောင် အမွှေလုပ် တာပေါ့ ကိုယ်က အင်တာဗျူး တွေမှာဆိုလည်း miss တွေ မော်ဒယ်တွေလည်း ရထားတာကိုး ကိုယ်က လျှောက်ပြရင်လည်းပြတော့ ပရိသတ်တွေ ကလည်းကိုယ်ကချစ်ပြီး စကြတာ တကယ်တော့ အပြင်မှာအရမ်းတည်တာ မမဆောင်းက ပရိသတ်တွေကိုချစ်တော့လျှောက်ပြလိုက်တာ ကိုယ်ကဘာရယ်မဟုတ်ဘူး အပျော်အနေနဲ့ပါ အမွှေပေါ့နော် ခန္ဓာကိုယ်ကိုပြ တာပေါ့နော် ချစ်ပေးတဲ့ပရိသတ် တွေကိုလည်းကျေးဇူးတင်ပါတယ် ”

“ရေကူးဝတ်စုံနဲ့တော့ ရိုက်ပေးတယ် တစ်ဝက်ဖော် တို့ အတွင်းခံတို့နဲ့တော့ မဟုတ်ဘူး ရိုက်ပေးတယ် အဲ့တာမျိုးတွေ လက်ခံတယ်” လို့ Live လွှင့်ကြော်ငြာတာနဲ့ပတ်သတ်ပြီး ဖြေဆိုထား တာပဲဖြစ်ပါတယ်။

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment