Celebrity

အတူတြဲျမင္ရခဲတဲ့ ကစ္ကစ္နဲ႕ တက္ေရာက္မယ့္ အခမ္းအနားပြဲတစ္ခုကို ေျပာျပလာတဲ့ ေဖြးေဖြး

Written by Ms Cele

အတူတြဲျမင္ရခဲတဲ့ ကစ္ကစ္နဲ႕ တက္ေရာက္မယ့္ အခမ္းအနားပြဲတစ္ခုကို ေျပာျပလာတဲ့ ေဖြးေဖြး

ဒိတ္ဒိတ္ႀကဲ မင္းသမီးႏွစ္ေယာက္ ျဖစ္တဲ့ ေဖြးေဖြးနဲ႔ ဝတ္မႈံေ႐ႊရည္တို႔က တစ္ရက္ႀကီးတစ္ရက္ငယ္ သာကြာတဲ့ ညီအစ္မ တစ္ဝမ္းကြဲေတြဆိုတာ ပရိသတ္ႀကီးအားလုံး သိၿပီးသား ျဖစ္မွာပါ။ အႏုပညာ ေလာကမွာ ေအာင္ျမင္မႈေတြ ကိုယ္စီ ရရွိေနတဲ့ ေဖြးေဖြးနဲ႔ ဝတ္မႈံေ႐ႊရည္တို႔ ညီအစ္မက အကယ္ဒမီဆုႀကီးေတြကိုလည္း ရရွိထားၿပီး ႏိုင္ငံျခားက ထူးခြၽန္ဆု အသီးသီးကိုလည္း ရရွိထားၾကတာ ျဖစ္ပါတယ္။ ေဖြးေဖြးနဲ႔ ဝတ္မႈံေ႐ႊရည္တို ႔ကေတာ့ အခုဆိုရင္ အသက္ (၃၂) ႏွစ္ေက်ာ္အ႐ြယ္ ေရာက္ရွိေနၿပီျဖစ္ေပမယ့္ အိမ္ေထာင္မျပဳပဲ အပ်ိဳႀကီးေတြအျဖစ္ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။

ထိပ္တန္း မင္းသမီးေတြပီပီ အႏုပညာ အလုပ္ေတြကို မနားမေနလုပ္ကိုင္ေနရတဲ့ ေဖြးေဖြးနဲ႔ ဝတ္မႈံေ႐ႊရည္က ညီအစ္မ တစ္ဝမ္းကြဲေတြ ဆိုေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ ဆုံျဖစ္တဲ့အခ်ိန္က မရွိသေလာက္ကို ရွားပါးလြန္းပါတယ္။ ဒါေပမယ့္ ေဖြးေဖြးနဲ႔ ဝတ္မႈံေ႐ႊရည္တို႔ ညီအစ္မႏွစ္ေယာက္ကို အတူတူတြဲ ျမင္ခ်င္တဲ့ ပရိသတ္ေတြ အတြက္ ေဖြးေဖြးတို႔ ႏွစ္ေယာက္စလုံးက ပြဲအခမ္း အနားတစ္ခုကို အတူတူတက္ေရာက္ေတာ့ မွာပဲ ျဖစ္ပါတယ္။ ေဖြးေဖြး ကလည္း ညီမေလး ဝတ္မႈံေ႐ႊရည္နဲ႔ အတူတူ တက္ေရာက္မယ့္ပြဲ အတြက္ ရင္ခုန္စြာနဲ႔ “Cousins 🤍🤍✨✨” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာမွာ Share ထားပါတယ္။

ေဖြးေဖြးနဲ့ ဝတ္မႈံေရႊရည္တို့ ကေတာ့ G-SHOCK Women Live Launching ကို လာမယ့္ ဒီဇင္ဘာလ (၁၁) ရက္ေန့မွာ အတူတူတက္ ေရာက္ၾကမွာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ညီအစ္မနွစ္ေယာက္ ဘယ္လိုအတြဲညီညီနဲ့ ပြဲခုတ္လာၾကမလဲဆိုတာ ရင္ခုန္စြာနဲ့ ေစာင့္ၾကည့္ေပးၾကပါဦးေနာ္။ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

အတူတွဲမြင်ရခဲတဲ့ ကစ်ကစ်နဲ့ တက်ရောက်မယ့် အခမ်းအနားပွဲတစ်ခုကို ပြောပြလာတဲ့ ဖွေးဖွေး

ဒိတ်ဒိတ်ကြဲ မင်းသမီးနှစ်ယောက် ဖြစ်တဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့က တစ်ရက်ကြီးတစ်ရက်ငယ် သာကွာတဲ့ ညီအစ်မ တစ်ဝမ်းကွဲတွေဆိုတာ ပရိသတ်ကြီးအားလုံး သိပြီးသား ဖြစ်မှာပါ။ အနုပညာ လောကမှာ အောင်မြင်မှုတွေ ကိုယ်စီ ရရှိနေတဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအစ်မက အကယ်ဒမီဆုကြီးတွေကိုလည်း ရရှိထားပြီး နိုင်ငံခြားက ထူးချွန်ဆု အသီးသီးကိုလည်း ရရှိထားကြတာ ဖြစ်ပါတယ်။ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို ့ကတော့ အခုဆိုရင် အသက် (၃၂) နှစ်ကျော်အရွယ် ရောက်ရှိနေပြီဖြစ်ပေမယ့် အိမ်ထောင်မပြုပဲ အပျိုကြီးတွေအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

ထိပ်တန်း မင်းသမီးတွေပီပီ အနုပညာ အလုပ်တွေကို မနားမနေလုပ်ကိုင်နေရတဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်က ညီအစ်မ တစ်ဝမ်းကွဲတွေ ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဆုံဖြစ်တဲ့အချိန်က မရှိသလောက်ကို ရှားပါးလွန်းပါတယ်။ ဒါပေမယ့် ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအစ်မနှစ်ယောက်ကို အတူတူတွဲ မြင်ချင်တဲ့ ပရိသတ်တွေ အတွက် ဖွေးဖွေးတို့ နှစ်ယောက်စလုံးက ပွဲအခမ်း အနားတစ်ခုကို အတူတူတက်ရောက်တော့ မှာပဲ ဖြစ်ပါတယ်။ ဖွေးဖွေး ကလည်း ညီမလေး ဝတ်မှုံရွှေရည်နဲ့ အတူတူ တက်ရောက်မယ့်ပွဲ အတွက် ရင်ခုန်စွာနဲ့ “Cousins 🤍🤍✨✨” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ Share ထားပါတယ်။

ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ကတော့ G-SHOCK Women Live Launching ကို လာမယ့် ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ အတူတူတက် ရောက်ကြမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ညီအစ်မနှစ်ယောက် ဘယ်လိုအတွဲညီညီနဲ့ ပွဲခုတ်လာကြမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ပေးကြပါဦးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment