Celebrity


Written by Ms Cele






အတူမနေပေမယ့် သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ကို ရရှိခဲ့တဲ့ ဖခင်ဖြစ်သူ အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောလိုက်တဲ့ ဘုန်းမင်းနေလ

နိုင်ငံကျော် အကယ်ဒမီ မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သားအကြီး ဖြစ်သူ ဘုန်းမင်းနေလကတော့ အကယ်ဒမီရွှေကြိုမောင် တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက် ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ သတိထား အားပေးခြင်းကို ခံခဲ့ရသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလ ကတော့ အခုဆိုရင် အသက် (၁၈) နှစ် ကျော်အရွယ်သာ ရှိသေးပေမယ့် အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး ကြော်ငြာတွေမှာလည်း ပါဝင် သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလက အလုပ်တွေ လုပ်ကိုင် လာတာနဲ့အမျှ သူတို့မောင်နှမကို Single Mother တစ်ယောက်အနေနဲ့ ရပ်တည်ကျွေးမွေးလာခဲ့တဲ့ မိခင် ခင်ဇာခြည်ကျော်ကိုလည်း ပြန်လည် ပြုစုစောင့်ရှောက်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

မိခင်အပေါ် သားကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ ဘုန်းမင်းနေလက သူ့ရဲ့ ဖခင်နဲ့ အတူတူ မနေပေမယ့် စိတ်ထဲမှာ အမြဲတမ်းရှိသူ တစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဘုန်းမင်းနေလက သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ကို ရရှိသွားခဲ့တဲ့ ဖခင်အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း “Congratulation Dad.. Good For You eh? ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် My Day ကနေတဆင့် ပြောလာတာပဲ ဖြစ်ပါတယ်။

ဘုန်းမင်းနေလ ကတော့ ငယ်ငယ် ကတည်းက အနေဝေးသွားခဲ့တဲ့ ဖခင်ရဲ့ နိုင်ငံတော်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ရရှိမှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Phonemin Nay La’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment