Local News

အထူး ျကပ္မတ္ ကုသေဆာင္ မ်ားကို ေလေအးေပး စက္တပ္ မထားပါက ဆရာဝန္ မ်ား ကိုဗစ္ ကူးစက္ မခံရေစ ေၾကာင္း ေလ့လာ ေတြ႕ရွိ….

Written by Ms Cele

အထူး ျကပ္မတ္ ကုသေဆာင္ မ်ားကို ေလေအးေပး စက္တပ္ မထားပါက ဆရာဝန္ မ်ား ကိုဗစ္ ကူးစက္ မခံရေစ ေၾကာင္း ေလ့လာ ေတြ႕ရွိ….

ကိုဗစ္-၁၉ ေရာဂါ လူနာ မ်ားကို ကုသေပးေနသည့္ ေဆး႐ုံမ်ားမွ အထူးၾကပ္မတ္ ကုသေဆာင္မ်ားကို ေလေအးေပးစက္မ်ား တပ္ဆင္မထားျခင္း အားျဖင့္ ဆရာဝန္မ်ားကို ေရာဂါကူးစက္မႈ ကန္႔သတ္နိုင္ေၾကာင္း ထိပ္တန္းအိႏၵိယ သုေတသနအင္စတီက်ဴ႕တခု၏ ေလ့လာမႈအရသိရသည္။

ကမၻာတဝန္းမွ ေရွ႕တန္း က်န္းမာေရး လုပ္သားမ်ားသည္ ကိုဗစ္-၁၉ ဒဏ္ကိုခံေနရၿပီး အိႏၵိယနိုင္ငံ တြင္ ကိုဗစ္ေၾကာင့္ ဆရာဝန္ အေယာက္ ၅၀၀ ေက်ာ္ေသဆုံးခဲ့သည္။

“အလယ္မွာ ထားရတဲ့ ေလေအးေပးစက္ စနစ္ေတြရဲ့ေလေၾကာင္း လည္ပတ္မႈေၾကာင့္ တန္ဖိုးရွိတဲ့က်န္းမာေရး ဝန္ထမ္းေတြကို ေရာဂါကူးစက္မႈေတြ သိသိသာသာျဖစ္လာေစၿပီး ဆရာဝန္ေတြ၊ သူနာျပဳေတြ ေသဆုံးေနရပါတယ္။” ဟု အိႏၵိယနိုင္ငံ၏ အေကာင္းဆုံး သိပၸံတကၠသိုလ္မ်ား ထဲပါဝင္သည့္ ဘန္ဂလူ႐ူမွ အိႏၵိယသိပၸံ အင္စတီက်ဴ႕၏ ေလ့လာမႈ အရသိရသည္။

ေလေၾကာင္းျပန္လည္ လည္ပတ္မႈ ေလၽွာ့ခ်ျခင္းႏွင့္ ျပင္ပေလအသုံးျပဳမႈျမႇင့္ တင္ျခင္းသည္ အလုံပိတ္ခန္း မ်ားတြင္ ကိုဗစ္ ကူးစက္ခံရမႈ ေလၽွာ့ခ်နိုင္ေၾကာင္း ကမၻာ့က်န္းမာေရး အဖြဲ႕ကေျပာသည္။

ယခင္ေလ့လာခ်က္မ်ား အရ အပူပိုင္း ေဒသနိုင္ငံမ်ားတြင္ ေလေအးေပးစက္ မ်ားဖြင့္ထားျခင္းေၾကာင့္ အလုံပိတ္ခန္းမ်ားတြင္ေျခာက္ေသြ႕မသြား ေစရန္ သတိထားသင့္ေၾကာင္း အႀကံျပဳခ်က္မ်ား ရွိေနၿပီး အခန္းတြင္စိုထိုင္းဆ ၄၀ ႏွင့္ ၆၀ ရာခိုင္ႏႈန္းၾကားထားပါက ဗိုင္းရပ္စ္ေလမွတဆင့္ပ်ံ႕ႏွံ့မႈေလ်ာ့က်နိုင္ေၾကာင္းလည္း အသိေပးသည္။

ေလေအးေပးစက္မရွိပါက အထူးၾကပ္မတ္ ကုသေဆာင္မ်ားကို ေလမႈတ္သည့္ ပန္ကာမ်ား တပ္ဆင္ေပးထားသင့္ၿပီး အျပင္တြင္ ေလျပန္ မထုတ္ခင္ ဆပ္ျပာအေျခခံသည့္ ေလစစ္ထုတ္မႈ သို႔မဟုတ္ အလြန္ပူေသာ ေရေႏြးတို႔ျဖင့္ သန္႔စင္သင့္ေၾကာင္းလည္း အိႏၵိယေလ့လာမႈတြင္ေဖာ္ျပသည္။

ေလေအးေပးစက္ လိုအပ္သည့္ အထူးၾကပ္မတ္ ေဆာင္မ်ားတြင္ ကိုဗစ္ အထူးၾကပ္မတ္ကုသေဆာင္မ်ားကို အျခားၾကပ္မတ္ေဆာင္ မ်ား၏ ေလေအးေပးစက္ စနစ္မ်ားႏွင့္ ခ်ိတ္ဆက္မထားရဘဲ စစ္ထုတ္ျခင္းအတြက္ ကူးစက္ခံရထားရသည့္ေလမ်ားကိုဆြဲထုတ္ရန္ ေလမႈတ္ထုတ္သည့္ပန္ကာမ်ားတပ္ဆင္ထားသင့္ေၾကာင္းလည္း ေလ့လာမႈတြင္ေဖာ္ျပသည္။

အထူး ကြပ်မတ် ကုသဆောင် များကို လေအေးပေး စက်တပ် မထားပါက ဆရာဝန် များ ကိုဗစ် ကူးစက် မခံရစေ ကြောင်း လေ့လာ တွေ့ရှိ….

ကိုဗစ်-၁၉ ရောဂါ လူနာ များကို ကုသပေးနေသည့် ဆေးရုံများမှ အထူးကြပ်မတ် ကုသဆောင်များကို လေအေးပေးစက်များ တပ်ဆင်မထားခြင်း အားဖြင့် ဆရာဝန်များကို ရောဂါကူးစက်မှု ကန့်သတ်နိုင်ကြောင်း ထိပ်တန်းအိန္ဒိယ သုတေသနအင်စတီကျူ့တခု၏ လေ့လာမှုအရသိရသည်။

ကမ္ဘာတဝန်းမှ ရှေ့တန်း ကျန်းမာရေး လုပ်သားများသည် ကိုဗစ်-၁၉ ဒဏ်ကိုခံနေရပြီး အိန္ဒိယနိုင်ငံ တွင် ကိုဗစ်ကြောင့် ဆရာဝန် အယောက် ၅၀၀ ကျော်သေဆုံးခဲ့သည်။

“အလယ်မှာ ထားရတဲ့ လေအေးပေးစက် စနစ်တွေရဲ့လေကြောင်း လည်ပတ်မှုကြောင့် တန်ဖိုးရှိတဲ့ကျန်းမာရေး ဝန်ထမ်းတွေကို ရောဂါကူးစက်မှုတွေ သိသိသာသာဖြစ်လာစေပြီး ဆရာဝန်တွေ၊ သူနာပြုတွေ သေဆုံးနေရပါတယ်။” ဟု အိန္ဒိယနိုင်ငံ၏ အကောင်းဆုံး သိပ္ပံတက္ကသိုလ်များ ထဲပါဝင်သည့် ဘန်ဂလူရူမှ အိန္ဒိယသိပ္ပံ အင်စတီကျူ့၏ လေ့လာမှု အရသိရသည်။

လေကြောင်းပြန်လည် လည်ပတ်မှု လျှော့ချခြင်းနှင့် ပြင်ပလေအသုံးပြုမှုမြှင့် တင်ခြင်းသည် အလုံပိတ်ခန်း များတွင် ကိုဗစ် ကူးစက်ခံရမှု လျှော့ချနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကပြောသည်။

ယခင်လေ့လာချက်များ အရ အပူပိုင်း ဒေသနိုင်ငံများတွင် လေအေးပေးစက် များဖွင့်ထားခြင်းကြောင့် အလုံပိတ်ခန်းများတွင်ခြောက်သွေ့မသွား စေရန် သတိထားသင့်ကြောင်း အကြံပြုချက်များ ရှိနေပြီး အခန်းတွင်စိုထိုင်းဆ ၄၀ နှင့် ၆၀ ရာခိုင်နှုန်းကြားထားပါက ဗိုင်းရပ်စ်လေမှတဆင့်ပျံ့နှံ့မှုလျော့ကျနိုင်ကြောင်းလည်း အသိပေးသည်။

လေအေးပေးစက်မရှိပါက အထူးကြပ်မတ် ကုသဆောင်များကို လေမှုတ်သည့် ပန်ကာများ တပ်ဆင်ပေးထားသင့်ပြီး အပြင်တွင် လေပြန် မထုတ်ခင် ဆပ်ပြာအခြေခံသည့် လေစစ်ထုတ်မှု သို့မဟုတ် အလွန်ပူသော ရေနွေးတို့ဖြင့် သန့်စင်သင့်ကြောင်းလည်း အိန္ဒိယလေ့လာမှုတွင်ဖော်ပြသည်။

လေအေးပေးစက် လိုအပ်သည့် အထူးကြပ်မတ် ဆောင်များတွင် ကိုဗစ် အထူးကြပ်မတ်ကုသဆောင်များကို အခြားကြပ်မတ်ဆောင် များ၏ လေအေးပေးစက် စနစ်များနှင့် ချိတ်ဆက်မထားရဘဲ စစ်ထုတ်ခြင်းအတွက် ကူးစက်ခံရထားရသည့်လေများကိုဆွဲထုတ်ရန် လေမှုတ်ထုတ်သည့်ပန်ကာများတပ်ဆင်ထားသင့်ကြောင်းလည်း လေ့လာမှုတွင်ဖော်ပြသည်။

About the author

Ms Cele

Leave a Comment