Celebrity


Written by Ms Cele






အနီရဲ ရဲ မြန်မာ ဝတ်စုံ လေး ဝတ်ဆင် ကာ ကျက်သရေ ရှိရှိ လှပ နေတဲ့ မင်းသမီး လေး နန်းခင်ဇေ ယျာ

ပရိသတ်ကြီးရေ…..ချစ်စရာ ဟန်ပန် အမူအရာလေး တွေ၊အပြုံးချိုချိုလေးတွေနဲ့ အမိုက်စား ဘော်ဒီအချိုး အစားလေးကို ပိုင်ဆိုင်ထားတဲ့ နန်းခင်ဇေယျာ ကတော့ ပရိသတ်တွေရဲ့ အသည်းနှလုံးထဲမှာ နေရာအခိုင်အမာ ရရှိထားတဲ့သူလေးပါနော်……။ သူမကတော့ Miss Internationalတစ်ယောက် အနေနဲ့ ပရိသတ်တွေအားပေးမှုရရှိပြီး အောင်မြင်လာ ခဲ့သူလေးလို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး…..။

နန်းခင်ဟာ ဗီဒီယိုကား တွေ ရုပ်ရှင်ကားတွေပါအများအပြားရိုက်ကူးထားတဲ့ သူဖြစ်ပြီး အနုပညာ အရည်အချင်းပြည့်ဝတဲ့သူ လည်းဖြစ်ပါတယ်။ နန်းခင်ဇေယျာဟာ အနုပညာအလုပ် တွေအပြင် ပရဟိတလုပ်ငန်းတွေ ကိုပါ အားတက်သရော လုပ်ဆောင် တတ်တဲ့ သူလည်းဖြစ်ပါတယ်။ ဒါ့ပြင်အခုလက်ရှိမှာဆိုရင်လည်း နန်းခင်ဟာ စီးပွားရေး လုပ်ငန်းတွေ ကို လုပ်ဆောင်နေတာ လည်းဖြစ်ပြီး မာလာရှမ်းကော၊ အချဉ်ပေါင်း နဲ့ အသုပ်စုံဗန်းတို့ကိုရောင်းချ ပေးနေတာလည်းဖြစ်ပါတယ်။

နန်းခင်ဟာ စီးပွားရေး တစ်ဖက် အနုပညာ အလုပ်တွေ တစ်ဖက်လုပ်ဆောင် နေတာကြောင့် ပရိသတ်ကြီးတွေနဲ့ အဆက်ပြတ်မသွား ရအောင်လည်း သူမရဲ့ပုံလေးတွေကို မကြာခဏ တင် ပေးလေ့ရှိသူဖြစ်ပါတယ်။ အခုဆိုရင်လည်း သူမရဲ့ Facebookစာမျက်နှာမှာ “ဒီအင်္ကျီလေးဘယ်မှာ​ဝတ် တာ မြင်ဖူးလဲ အဖြေမှန်-၁ မှတ်အဖြေမှား- စိတ်ဆိုးမည်” ဆိုတဲ့ captionလေးနဲ့အတူ ပုံလေးတွေတ်ပေးလာခဲ့ပါတယ်။ ကဲ…..ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်။

Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ’s Facebook page

About the author

Ms Cele

Leave a Comment