Celebrity


Written by Ms Cele





Credit:Cele Zone
Source: Haw

အနီရောင် ဝတ်စုံလေးနဲ့ ရဲရင့်ပြတ်သားပြီး ဆွဲဆောင်မှု ရှိနေတဲ့ သုသုရဲ့ ပုံရိပ်လေး

ဒါရိုက်တာဏကြီးနဲ့အတူ အေးချမ်းတဲ့ နှစ်ယောက် ကမ္ဘာလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ ပိုင်ဖြိုးသုဟာ သူမရဲ့ အနုပညာကို အမြဲတမ်း အဆင့်မြင့်အောင် ကြိုးစားနေခဲ့သူ တစ်ယောက်ပါ။ နဂိုပုံစံလေးက ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်လိုဖြစ်ပေမယ့် ရိုက်ကွင်းပေ ါ်မှာတော့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ပုံဖော်ဖန်တီး ရတဲ့ အနုပညာသမား ဖြစ်တာမို့ ခင်ပွန်းဖြစ်သူနဲ့ အတူတူအလုပ် တွေလုပ်ကြတဲ့အခါ အရမ်းကို အတွဲညီပြီး ပရိသတ်တွေရဲ့ ရင်ထဲကို တိုက်ရိုက်ထိမှန်စေတဲ့ ဇာတ်ကားကောင်းတွေ ဖန်တီးနိုင်ခဲ့ပါတယ်။

အကယ်ဒမီဆု ကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်အားပေးမှုကို အပြည့်အဝရထားတဲ့ ချစ်စရာမင်းသမီး ချောလေးပါပဲ။ သူမတို့ဇနီးမောင်နှံ နှစ်ယောက်ရဲ့ အကြောင်းအရာလေး တွေကိုလည်း ချစ်ဖို့ကောင်းအောင်ရေးသားပြီး လူမှုကွန်ရက်မှာ မကြာခဏဆိုသလို ဝေမျှတတ်ပါသေးတယ်။

မိသားစုရဲ့အားကိုးရတဲ့ သမီးလေးဖြစ်သလို ညီမလေးဥဥ အတွက်လည်း ရှေ့ဆောင်လမ်းပြကောင်းတဲ့ အမတစ်ယောက်ဖြစ်ခဲ့ပါ တယ်။ ဒီနေ့ မှာတော့ အနီရောင် ဝတ်စုံလေးကို ဆင်မြန်းထားပြီး ကြည့်မဝနိုင်အောင် လှလွန်းတဲ့ သုသုရဲ့ ရင်ခုန်ချင်စရာ ပုံရိပ်တွေကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။

Credit:Cele Zone
Source: Haw

About the author

Ms Cele

Leave a Comment