Celebrity

အနုပညာ ညီအစ္ကို ေမာင္နွမေတြရဲ႕ခ်ီးက်ဴး အားေပးမႈ မ်ားစြာကို ရရိွခဲ့တဲ့ ထြန္းထြန္း တို့ရဲ့ 20 Years Of Examplez ေဖ်ာ္ေျဖပြဲ

Written by Ms Cele

အနုပညာ ညီအစ္ကို ေမာင္နွမေတြရဲ႕ခ်ီးက်ဴး အားေပးမႈ မ်ားစြာကို ရရိွခဲ့တဲ့ ထြန္းထြန္း တို့ရဲ့ 20 Years Of Examplez ေဖ်ာ္ေျဖပြဲ

Examplez အဖြဲ့ရဲ့ အဆိုေတာ္ တစ္ေယာက္အျဖစ္ တစ္ခ်ိန္က မိန္းကေလး ပရိသတ္ေတြ သည္းသည္းလႈပ္ ခ်စ္ခဲ့ရတဲ့ အဆိုေတာ္ ထြန္းထြန္း ကေတာ့ အခုဆိုရင္ အသက္ေလးဆယ္နီးပါး အရြယ္ေတာင္ေရာက္ရိွ ေနျပီပဲ ျဖစ္ပါတယ္။ လူလတ္ပိုင္း တစ္ေယာက္ျဖစ္ေနျပီျဖစ္တဲ့ ထြန္းထြန္းကေတာ့ အဆိုေတာ္ တစ္ေယာက္အျဖစ္လည္း ဆက္လက္ ရပ္တည္ေနသလို အကယ္ဒမီဆုရွင္ တစ္ေယာက္ျဖစ္ ေအာင္ျမင္မႈ အေပါင္း သရဖူေဆာင္းထား နုိင္ဆဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ထြန္းထြန္း တစ္ေယာက္ ဘယ္လိုပဲ အသက္ေတြၾကီးၾကီး မေျပာင္းလဲတဲ့ အခ်စ္ေတြနဲ့ အားေပးခ်စ္ခင္ ေနၾကဆဲ ျဖစ္ပါတယ္။

မေန့က ဒီဇင္ဘာလ (၄) ရက္ေန့မွာေတာ့ ထြန္းထြန္းတုိ့ရဲ့ Examplez အဖြဲ့က 20 Years Of Examplez ေဖ်ာ္ေျဖပြဲကို ေဖ်ာ္ေျဖခဲ့ျပီး ထြန္းထြန္းနဲ့ အတူတူ သက္ေအာင္၊ ထူးေက်ာ္သူ၊ ျဖိဳးေမာင္ေမာင္တို့ ကလည္း အစြမ္းကုန္ေဖ်ာ္ေျဖ တင္ဆက္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ထြန္းထြန္း ကေတာ့ သူ့ရဲ့ ေဖ်ာ္ေျဖပြဲၾကီးျပီးဆံုး သြားခ်ိန္မွာ “အေျခအေနသိပါရေစ မိတ္ေဆြတို႔…” ဆိုျပီး ပရိသတ္မိတ္ဆြေတြရဲ့ တံု့ျပန္အၾကံေပးခ်က္ကို ေမးျမန္းခဲ့ရာ အနုပညာညီအစ္ကိုေမာင္နွမေတြမ်ားစြာရဲ့ ခ်ီးက်ဴးအားေပးျခင္းခံခဲ့ရတာကို အခုလိုမ်ိဳးပဲ ေတြ့ရပါတယ္။

ထြန္းထြန္း၊ သက္ေအာင္၊ ထူးေက်ာ္သူနဲ့ ျဖိဳးေမာင္ေမာင္တို့ Examplez အဖြဲ့သားေတြ ကေတာ့ ပရိသတ္ေတြ လြန္ခဲ့တဲ့ နွစ္(၂၀) ကို ျပန္ေရာက္ သြားျပီး ငယ္ဘဝကို အမွတ္ရသြားေအာင္ သူတို့ရဲ့ သီခ်င္းေလးေတြနဲ့ တင္ဆက္ ေဖ်ာ္ေျဖေပးခဲ့တာပဲ ျဖစ္ပါတယ္။ ၾကည့္လိုက္ရတဲ့ ပရိသတ္ ၾကီးလည္း Examplez အဖြဲ့သားေတြရဲ့ ေဖ်ာ္ေျဖမႈကို ေက်နပ္အားရၾကမယ္ ထင္ပါ တယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

အနုပညာ ညီအစ်ကို မောင်နှမတွေရဲ့ချီးကျူး အားပေးမှု များစွာကို ရရှိခဲ့တဲ့ ထွန်းထွန်း တို့ရဲ့ 20 Years Of Examplez ဖျော်ဖြေပွဲ

Examplez အဖွဲ့ရဲ့ အဆိုတော် တစ်ယောက်အဖြစ် တစ်ချိန်က မိန်းကလေး ပရိသတ်တွေ သည်းသည်းလှုပ် ချစ်ခဲ့ရတဲ့ အဆိုတော် ထွန်းထွန်း ကတော့ အခုဆိုရင် အသက်လေးဆယ်နီးပါး အရွယ်တောင်ရောက်ရှိ နေပြီပဲ ဖြစ်ပါတယ်။ လူလတ်ပိုင်း တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ထွန်းထွန်းကတော့ အဆိုတော် တစ်ယောက်အဖြစ်လည်း ဆက်လက် ရပ်တည်နေသလို အကယ်ဒမီဆုရှင် တစ်ယောက်ဖြစ် အောင်မြင်မှု အပေါင်း သရဖူဆောင်းထား နိုင်ဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ထွန်းထွန်း တစ်ယောက် ဘယ်လိုပဲ အသက်တွေကြီးကြီး မပြောင်းလဲတဲ့ အချစ်တွေနဲ့ အားပေးချစ်ခင် နေကြဆဲ ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၄) ရက်နေ့မှာတော့ ထွန်းထွန်းတို့ရဲ့ Examplez အဖွဲ့က 20 Years Of Examplez ဖျော်ဖြေပွဲကို ဖျော်ဖြေခဲ့ပြီး ထွန်းထွန်းနဲ့ အတူတူ သက်အောင်၊ ထူးကျော်သူ၊ ဖြိုးမောင်မောင်တို့ ကလည်း အစွမ်းကုန်ဖျော်ဖြေ တင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ထွန်းထွန်း ကတော့ သူ့ရဲ့ ဖျော်ဖြေပွဲကြီးပြီးဆုံး သွားချိန်မှာ “အခြေအနေသိပါရစေ မိတ်ဆွေတို့…” ဆိုပြီး ပရိသတ်မိတ်ဆွတွေရဲ့ တုံ့ပြန်အကြံပေးချက်ကို မေးမြန်းခဲ့ရာ အနုပညာညီအစ်ကိုမောင်နှမတွေများစွာရဲ့ ချီးကျူးအားပေးခြင်းခံခဲ့ရတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ထွန်းထွန်း၊ သက်အောင်၊ ထူးကျော်သူနဲ့ ဖြိုးမောင်မောင်တို့ Examplez အဖွဲ့သားတွေ ကတော့ ပရိသတ်တွေ လွန်ခဲ့တဲ့ နှစ်(၂၀) ကို ပြန်ရောက် သွားပြီး ငယ်ဘဝကို အမှတ်ရသွားအောင် သူတို့ရဲ့ သီချင်းလေးတွေနဲ့ တင်ဆက် ဖျော်ဖြေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကြည့်လိုက်ရတဲ့ ပရိသတ် ကြီးလည်း Examplez အဖွဲ့သားတွေရဲ့ ဖျော်ဖြေမှုကို ကျေနပ်အားရကြမယ် ထင်ပါ တယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment