Celebrity


Written by Ms Cele






အနုပညာ ညီအစ်ကို မောင်နှမတွေ Surprise စီစဉ်ပေးတဲ့ မင်္ဂလာဦး အကြို ညစာစားပွဲ လေးကြောင့် ဝမ်းသာခဲ့ ရကြောင်းပြောပြလာတဲ့ နိုင်းဝမ်း

နိုင်ငံကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ နိုင်းဝမ်းကတော့ ဒီကနေ့ ဒီဇင်ဘာလ (၉) ရက်နေ့မှာပဲ သူမြတ်နိုးတန်ဖိုး ထားရတဲ့ ချစ်သူမိန်းကလေးနဲ့ မင်္ဂလာ လက်မှတ်ထိုးရေးထိုး လက်ထပ်ခဲ့ တာပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းကတော့ အနုပညာ လောကမှာ လူချစ်လူခင်ပေါများသူ တစ်ယောက်ဖြစ်တာကြောင့် မင်္ဂလာပွဲ အတွက် ကောင်းချီးပေးဂုဏ်ပြုခံနေရတာပဲ ဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၈) ရက်နေ့မှာလည်း နိုင်းဝမ်းက အနုပညာ ညီအစ်ကိုမောင်နှမတွေ Surprise စီစဉ်ပေးတဲ့ မင်္ဂလာဦးအကြို ညစာစားပွဲလေးကြောင့် ဝမ်းသာခဲ့ရကြောင်း အခုလိုပဲ ပြောလာပါတယ်။

“မနေ့ညက ကျွန်တော်တို ့စုံတွဲအတွက် မင်္ဂလာဦးအကြိုညစာနဲ့ ကိတ်လေးကို ကျွန်တော်တို့ကို စပရိုက်စီစဉ်ပေးထားပြီး ဖိတ်ခေါ်ခဲ့တဲ့ ချစ်ခင်ရတဲ့ အကိုကြီးDae Wang၊ Ko Soe Yu Naungနှင့် အကိုများ၊ အနုပညာမောင်နှမများ အားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏🏻🙏🏻🙏🏻 ဒီနေ့မင်္ဂလာ လက်မှတ်ထိုးပွဲ အတွက်အလုပ်တွေအရမ်းရှုပ်နေချိန်မှာ မထင်မှတ်ထားတဲ့ ညစာလေးအတွက် တကယ့်ကိုဝမ်းသာ မိပါတယ်ခင်ဗျာ😇😇😇 ကိုဗစ်ကြီးပြီးသွားတဲ့အခါ ချစ်ခင်ရတဲ့မောင်နှမများ အားလုံးကိုဖိတ်ပြီး ကျွန်တော်တို့ဇနီးမောင်နှံမှ ပြန်ပြီးဧည့်ခံပါမယ် ခင်ဗျာ🙏🏻🙏🏻🙏🏻” ဆိုပြီး ကျေးဇူးတင် ဝမ်းသာစကားပြောလာပါတယ်။

နိုင်းဝမ်းကတော့ မင်္ဂလာမဆောင် ခင်ညမှာပဲ အနုပညာညီအစ်ကိုမောင်နှမတွေဆီက မင်္ဂလာဦးညစာစားပွဲလေးကြောင့် မှတ်မှတ်ရရဖြစ်သွား ခဲ့ရတာပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းတို့ ဇနီးမောင်နှံနှစ်ယောက် အခုလိုပဲ အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ပြီး သက်ဆုံးတိုင်ပေါင်းဖက် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment