Celebrity


Written by Ms Cele






အနုပညာ နဲ့ ပက်သတ်ရင် ရင်နဲ့ အမျှ ခံစားတတ်ကြောင်း ကဗျာလေး ရေးပြီး သက်သေပြ လာတဲ့ ခေးဆက်သွင်

နာမည်လေးနဲ့ လိုက်အောင် အရမ်း ချစ်စရာကောင်းတဲ့ မင်းသမီး ချောလေး ခေးဆက်သွင်ကတော့ သရုပ်ဆောင် တစ်ယောက်ပီပီ ကျရာ ဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ် တာကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခေးဆက်သွင် ကတော့ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်ပေမယ့် သူမရဲ့ အပြင်လက်တွေ့က ပုံစံကတော့ ရိုးရှင်းပြီး လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာနဲ့ ပက်သတ်ရင် အသွေးထဲ အသားထဲကနေ စွဲလန်းစွာလုပ်ကိုင် တတ်တဲ့ ခေးဆက်သွင်က ဒီကနေ့မှာလည်း သူမကိုယ်တိုင် ရင်နဲ့အမျှ ရေးသားထားတဲ့ ကဗျာလေး တစ်ပုဒ်ကို ချပြလာပါတယ်။

ခေးဆက်သွင်ရဲ့ ကဗျာလေးက “ဘယ်တုန်းက မုန်းခဲ့ကြလို့လဲ??? ရင်ခုန်တတ်စမဟုတ်တဲ့ ကိုယ့် အတွက်တော့.. မုန်းတာက ရှုံးတာနဲ့ အတူတူမို့.. ကိုယ် သိပ်အနိုင်လိုချင်မိနေတုန်းပဲ.. ဘယ်တုန်းက ဝေးခဲ့ကြလို့လဲ???? တူတူနားထောင်ဖူးတဲ့ သီချင်းတွေကြားတိုင်း.. အနီးဆုံးကို စိတ်နဲ့အပြေးလာခဲ့ကြတာပဲ.. ရုပ်နဲ့ခန္ဓာ လိုမှမလိုတာ….ဘယ်တုန်းက အထင်သေးမိလို့လဲ??? ပုထုဇဉ်သဘာဝ ပြစ်မှားမိတာလေးတွေနဲ့.. ချစ်သွားကြည့်တာလေးတွေတော့ ရှိမှာပေါ့.. ခပ်ပါးပါး နားလည်နိုင်သေးပါရဲ့.. ဘယ်တုန်းက လမ်းခွဲလို့လဲ??? စလျှောက်ကတည်းက နားလည်မှုနဲ့.. တည်ဆောက်ခဲ့တာမို့.. တစ်လမ်းစီ ဖောက်ဖို့မှ မဟုတ်တာ.. ကြားဖူးတဲ့ အပိုင်းအစလေး ထဲကလို.. နားနဲ့မနာ ဖဝါးနဲ့နာ နှလုံးသားနဲ့ နာတော်မူပါ🤍 (ရေးမိရေးရာ ကဗျာ😜)” ဆိုပြီး ဖြစ်ပါတယ်။

ခေးဆက်သွင် ကတော့ အနုပညာနဲ့ ပက်သတ်ရင် ရင်နဲ့အမျှ ခံစားတတ်ကြောင်း သူမရဲ့ ကဗျာလေးက သက်သေပါပဲ။ ပရိသတ်ကြီးလည်း ခေးဆက်သွင်ရဲ့ ကဗျာလေးကိုဖတ်ပြီး ဘယ်လိုခံစားရလဲ ပြောပြခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment