Celebrity

အပူအပင္ကင္းကင္းနဲ႔ ေျပးလႊားေဆာ့ ကစားေနတဲ့ သမီးေလးကို ၾကည့္ကာ ၾကည္ႏူးပီတိ ျဖစ္ေနတဲ့ ေဖေဖစိုင္းလႊမ္း

Written by Ms Cele

အပူအပင္ကင္းကင္းနဲ႔ ေျပးလႊားေဆာ့ ကစားေနတဲ့ သမီးေလးကို ၾကည့္ကာ ၾကည္ႏူးပီတိ ျဖစ္ေနတဲ့ ေဖေဖစိုင္းလႊမ္း

ပရိသတ္ႀကီးေရ သရုပ္ေဆာင္နဲ့ အဆိုေတာ္ စိုင္းလႊမ္းကေတာ့ တစ္ခ်ိန္က အနုပညာေလာကမွာ ပ်ိဳတိုင္းၾကိဳက္တဲ့ နွင္းဆီခိုင္ တစ္ေယာက္ ျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ စိုင္းလႊမ္းက အခုဆိုရင္ အိမ္ေထာင္က်ျပီးျပီျဖစ္ျပီး စစ္လြန္းဝတီထက္ ဆိုတဲ့ သမီးအလိမၼာေလး တစ္ေယာက္ကို ပိုင္ဆိုင္ထားတာ ပရိသတ္ၾကီးအားလံုးလည္း သိျပီးသား ျဖစ္မွာပါ။ စိုင္းလႊမ္းကေတာ့ အိမ္ေထာင္နဲ့ကြာရွင္းျပီးတဲ့ေနာက္ပိုင္း သမီးေလးကို ဖခင္ေမတၱာေရာ၊ မိခင္ေမတၱာပါ အျပည့္အဝေပးျပီး ရင္အုပ္မကြာ ေစာင့္ေရွာက္ေနရတာေၾကာင့္ အနုပညာအလုပ္ေတြကို အရင္ကေလာက္ အခ်ိန္ေပး မလုပ္ကိုင္နိုင္ေတာ့တာ ေတြ့ရပါတယ္။

စိုင္းလႊမ္းရဲ့ သမီးေလး စစ္လြန္းဝတီထက္ ကလည္း ငယ္စဥ္ကတည္းက ခ်စ္စရာေကာင္း လြန္းတာေၾကာင့္ ပရိသတ္ေတြရဲ့ အခ်စ္ကို အျပည့္အဝ ရရိွထားသူေလး ျဖစ္ပါတယ္။ စစ္လြန္းဝတီထက္က ျပီးခဲ့တဲ့ရက္ပိုင္းအတြင္းကမွာ (၁၀) နွစ္ျပည့္သြားခဲ့တာျဖစ္ျပီး ပရိသတ္ေတြရဲ့ မ်က္စိေရွ့မွာတင္ တျဖည္းျဖည္းၾကီး ျပင္းလာေပမယ့္ ေဖေဖစိုင္းလႊမ္း အတြက္ေတာ့ အျမဲတမ္း ကေလးေလးလိုရိွေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း စိုင္းလႊမ္းက ကေလးပီပီ အပူအပင္ကင္းကင္းနဲ့ ေဆာ့ကစားေနတဲ့ သမီးေလးကို “ေတာထဲမွာေလးဂြနဲ႔ ေလွ်ာက္ပစ္ၿပီးၾကက္သြန္ေတြ လိုက္ႏႈတ္ေနတယ္😖” ဆိုျပီး သမီးေလးရဲ့ လႈပ္ရွားမႈတိုင္းကို ဓာတ္ပံုေလးရိုက္ကာ မွတ္တမ္းတင္လာခဲ့ပါတယ္။

စိုင္းလႊမ္းကေတာ့ သမီးေလးနဲ့ ပက္သတ္ရင္ အျမဲတမ္း အရိပ္တၾကည့္ၾကည့္နဲ့ ခ်စ္ရွာသူေလး တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း စစ္လြန္းဝတီထက္ရဲ့ အပူအပင္ကင္းကင္းနဲ့ ပံုရိပ္ေလးကိုၾကည့္ျပီး ၾကည္နူးေနမိမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ ပါတယ္ေနာ္။

Source: Sai Hlwan’s fb
Credit:Cele Connections

အပူအပင်ကင်းကင်းနဲ့ ပြေးလွှားဆော့ ကစားနေတဲ့ သမီးလေးကို ကြည့်ကာ ကြည်နူးပီတိ ဖြစ်နေတဲ့ ဖေဖေစိုင်းလွှမ်း

ပရိသတ်ကြီးရေ သရုပ်ဆောင်နဲ့ အဆိုတော် စိုင်းလွှမ်းကတော့ တစ်ချိန်က အနုပညာလောကမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တစ်ယောက် ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ စိုင်းလွှမ်းက အခုဆိုရင် အိမ်ထောင်ကျပြီးပြီဖြစ်ပြီး စစ်လွန်းဝတီထက် ဆိုတဲ့ သမီးအလိမ္မာလေး တစ်ယောက်ကို ပိုင်ဆိုင်ထားတာ ပရိသတ်ကြီးအားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ စိုင်းလွှမ်းကတော့ အိမ်ထောင်နဲ့ကွာရှင်းပြီးတဲ့နောက်ပိုင်း သမီးလေးကို ဖခင်မေတ္တာရော၊ မိခင်မေတ္တာပါ အပြည့်အဝပေးပြီး ရင်အုပ်မကွာ စောင့်ရှောက်နေရတာကြောင့် အနုပညာအလုပ်တွေကို အရင်ကလောက် အချိန်ပေး မလုပ်ကိုင်နိုင်တော့တာ တွေ့ရပါတယ်။

စိုင်းလွှမ်းရဲ့ သမီးလေး စစ်လွန်းဝတီထက် ကလည်း ငယ်စဉ်ကတည်းက ချစ်စရာကောင်း လွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝ ရရှိထားသူလေး ဖြစ်ပါတယ်။ စစ်လွန်းဝတီထက်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှာ (၁၀) နှစ်ပြည့်သွားခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် တဖြည်းဖြည်းကြီး ပြင်းလာပေမယ့် ဖေဖေစိုင်းလွှမ်း အတွက်တော့ အမြဲတမ်း ကလေးလေးလိုရှိနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း စိုင်းလွှမ်းက ကလေးပီပီ အပူအပင်ကင်းကင်းနဲ့ ဆော့ကစားနေတဲ့ သမီးလေးကို “တောထဲမှာလေးဂွနဲ့ လျှောက်ပစ်ပြီးကြက်သွန်တွေ လိုက်နှုတ်နေတယ်😖” ဆိုပြီး သမီးလေးရဲ့ လှုပ်ရှားမှုတိုင်းကို ဓာတ်ပုံလေးရိုက်ကာ မှတ်တမ်းတင်လာခဲ့ပါတယ်။

စိုင်းလွှမ်းကတော့ သမီးလေးနဲ့ ပက်သတ်ရင် အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ချစ်ရှာသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စစ်လွန်းဝတီထက်ရဲ့ အပူအပင်ကင်းကင်းနဲ့ ပုံရိပ်လေးကိုကြည့်ပြီး ကြည်နူးနေမိမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။

Source: Sai Hlwan’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment