Knowledge


Written by Ms Cele









Mandalay_True_News

အပူ ပိုင်း မုန်တိုင်း “နန်က” ကြောင့် တိုင်းနှင့် ပြည်နယ် အနှံ့ နေရာ ကွက်ပြီး မိုးကြီး နိုင်

အောက်တိုဘာ ၁၄အပူပိုင်း မုန်တိုင်း “နန်က” ကြောင့် ယနေ့ ညနေအထိ တိုင်းနှင့်ပြည်နယ် အနှံ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် လိုက်ပါတယ်

ယနေ့ နံနက် ပိုင်း ထုတ်ပြန်ချက် အရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်း “နန်က” (Nangka)သည် ဟိုင်နန်ကျွန်း ကို ဖြတ်ကျော် ခဲ့ပြီး၊ တုံကင်ပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ကာ

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့(Hanoi)၏ အရှေ့တောင်ဘက် ရေမိုင် (၁၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ သလို အဆိုပါ အပူပိုင်းမုန်တိုင်း “နန်က”(Nangka)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည် ဟု ခန့်မှန်းရထားပါတယ် လို့ ဆိုပါတယ်

ယင်းကြောင့် ယနေ့ညနေအထိ ခန့်မှန်းချက်များအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့ အပြား၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီ

ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာ သွန်းနိုင်တယ်လို့ ဆိုပါတယ်

Crd:MyanmaPlatform News Domestic

Mandalay_True_News

About the author

Ms Cele

Leave a Comment