Celebrity


Written by Ms Cele






အပျိုကြီးပီပီ ချစ်ရမယ့်သူ မရှိတော့ သူမရဲ့ အချစ်တော် ခွေးလေးကိုပဲ အနွံတာခံ ချစ်မဝဖြစ်နေရတဲ့ နဝရတ်ရဲ့ ဗီဒီယို

အမိုက်စားဖက်ရှင်တွေနဲ့ ပရိသတ် တွေကို ဖမ်းစားနိုင်ခဲ့တဲ့ မင်းသမီးချော နဝရတ် ကတော့ တစ်ချိန်က အောင်မြင်မှုတွေ အများဆုံးရရှိခဲ့တဲ့ မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။ နဝရတ် ကတော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက အနုပညာအလုပ်တွေကို အပြီးတိုင်စွန့်လွှတ်ခဲ့ပြီး သူမပိုင်ဆိုင်တဲ့ ပြင်ဦးလွင်မြို့က အိမ်ကြီးထဲမှာပဲ သာမာန်လူတစ်ယောက်အဖြစ် အချိန်ကုန်ဖြတ်သန်းနေခဲ့တာပဲ ဖြစ်ပါတယ်။ နဝရတ်က အရင်လို အနုပညာအလုပ်တွေမလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အရင်အတိုင်း ရရှိနေဆဲပဲ ဖြစ်ပါတယ်။

နဝရတ်ကတော့ အခုဆိုရင် အိမ်ထောင်ပြုသင့် တဲ့အရွယ်ကိုကျော်လွန် သွားခဲ့ပြီဆိုပေမယ့် သူမအတွက် အပူမရှာပဲ တစ်ကိုယ် တည်း အပျိုကြီး အဖြစ်နဲ့သာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နဝရတ်က သူမရဲ့ အချစ်ဆုံးသားသမီးလေးတွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလာခဲ့ပြီး တွယ်တာ မြတ်နိုးရမယ့်သူမရှိသူပီပီ အချစ်တော် ခွေးလေးတွေနဲ့သာ အချိန်ကုန်ဆုံးဖြစ်နေတဲ့အကြောင်း အခုလိုပဲ တွေ့ရပါတယ်။

နဝရတ် ကတော့ သူမဖြစ်ချင်တဲ့ ဘဝလေးမှာ သူမလုပ်ချင်တာလေးတွေ လုပ်ရင်း ဘဝကို ရိုးရှင်းစွာဖြတ်သန်း နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အပူအပင် ကင်းတဲ့ နဝရတ်ရဲ့ ဘဝလေးကို အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment